Skip to main content

Posts

Showing posts from October, 2017

မဖွယ်မရာ နှောင့်ယှက်ခံရသည့် ဆရာမငါးဦး စာပြန်သင်ရန် ဖိအားပေးခံရ

မဖွယ်မရာ နှောင့်ယှက်ခံရသည့် ဆရာမငါးဦး စာပြန်သင်ရန် ဖိအားပေးခံရ ဒေသန္တရသတင်းများ     ပန်းတောင်းမြို့နယ်၊ ကိုင်းကြီးအုပ်စု၊ ပိန္နဲခုံကျေးရွာ အလယ်တန်းကျောင်းတွင် အောက်တိုဘာလ ဒုတိယပတ်အတွင်းက ကျောင်းဆရာမ ငါးဦး နေရပ်ပြန်စဉ် မဖွယ်မရာ ညစ်ညမ်းစာများ ရေးသားခံရခြင်းနှင့် အတွင်းခံ အသုံးအဆောင်များ ဖျက်ဆီးခံရသည့်အတွက် ကျောင်းသို့ ပြန်မသွားလိုသော်လည်း ယင်းကျောင်း၌ တာဝန်ပြန်ထမ်းဆောင်ရန် ဖိအားပေးခံနေရကြောင်း အဆိုပါဆရာမများက ပြောကြားသည်။ ပြည်၊ အောက်တိုဘာ ၃၁ ပန်းတောင်းမြို့နယ်၊ ကိုင်းကြီးအုပ်စု၊ ပိန္နဲခုံကျေးရွာ အလယ်တန်းကျောင်းတွင် အောက်တိုဘာလ ဒုတိယပတ်အတွင်းက ကျောင်းဆရာမ ငါးဦး နေရပ်ပြန်စဉ် မဖွယ်မရာ ညစ်ညမ်းစာများ ရေးသားခံရခြင်းနှင့် အတွင်းခံ အသုံးအဆောင်များ ဖျက်ဆီးခံရသည့်အတွက် ကျောင်းသို့ ပြန်မသွားလိုသော်လည်း ယင်းကျောင်း၌ တာဝန်ပြန်ထမ်းဆောင်ရန် ဖိအားပေးခံနေရကြောင်း အဆိုပါဆရာမများက ပြောကြားသည်။ ယင်းသို့ဆရာမများကို အရှက်ရအောင် ပြုလုပ်ခဲ့သည့် ကျေးရွာစာသင်ကျောင်းသို့ ပြန်မသွားလိုသော်လည်း ပြန်မသွားပါက ဝန်ထမ်း စည်းမျည်း စည်းကမ်းများအရ အရေးယူခြင်း ခံရမည်ဟု ပဲခူးတိုင်း စည်ပင်သာယာရေ

နယူးယောက်မြို့ မန်ဟက်တန်မှာ ထရပ်ကားနဲ့ ဝင်တိုက်မှုကြောင့် အနည်းဆုံး လူ ၈ ဦးသေ

နယူးယောက်မြို့ မန်ဟက်တန်မှာ ထရပ်ကားနဲ့ ဝင်တိုက်မှုကြောင့် အနည်းဆုံး လူ ၈ ဦးသေ ကမ္ဘာ့သတင်းများ     လမ်းသွားလမ်းလာတွေနဲ့ စက်ဘီးမောင်းနေသူတွေကို ထရပ်ကားနဲ့ အတင်းဝင်တိုက်ခဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ မန်ဟက်တန် အောက်ပိုင်းရပ်ကွက်က စက်ဘီးသမားတွေ အတွက် သီးသန့် သတ်မှတ်ထားတဲ့ လမ်းတခုပေါ်ကို ထရပ်ကားတစင်းက အတင်း ဝင်တိုက်ခဲ့ရာမှာ အနည်းဆုံး လူ ၈ဦး သေဆုံးခဲ့ပြီး တခြားလူ အတော်များများလည်း ဒဏ်ရာရသွားတယ်လို့ နယူးယောက်မြို့တော်ဝန် ဘီလ် ဘလာဆီယိုက ပြောပါတယ်။  ဒါဟာ အပြစ်မဲ့ အရပ်သားတွေကို ဦးတည် ပစ်မှတ်ထားတဲ့ သူရဲဘောကြောင်တဲ့ အကြမ်းဖက် လုပ်ရပ်လို့လည်း သူက ရည်ညွှန်းပြောသွားပါတယ်။  အခင်းဖြစ်ပွားတဲ့ သတင်းအရ အဲဒီနေရာကို ရောက်လာတဲ့ ရဲတွေက မသင်္ကာဘွယ် ကားမောင်းသမားကို ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ နယူးယောက်ရဲ တပ်ဖွဲ့က ပြောပါတယ်။  အဲဒီလူဟာ အသက်၂၉နှစ်အရွယ် ဖြစ်ပြီး ထရပ်ကား အငှားယာဉ်တစင်းကို မောင်းလာတာ ဖြစ်တယ်လို့ နယူးယောက် ရဲ ကော်မရှင်နာ မင်းကြီးဂျိမ်းစ် အိုနီးလ် က ပြောပါတယ်။  အဲဒီ ကားဟာ လမ်းသွားလမ်းလာတွေနဲ့ စက်ဘီးသမားတွေကို တိုက်ခဲ့အပြီး ကျောင်းကားတစင်းနဲ့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တ

ကုမ္ပဏီပိုင်ငွေ သိန်း (၁၄၀၀)ကျော် ယူပြေးတဲ့ ယာဉ်မောင်း ဖမ်းမိ

ကုမ္ပဏီပိုင်ငွေ သိန်း (၁၄၀၀)ကျော် ယူပြေးတဲ့ ယာဉ်မောင်း ဖမ်းမိ မှုခင်း     မရမ်းကုန်းမြို့နယ်ရှိ KBZ ဘဏ်တွင် ငွေထုတ်ရန် ရောက်ရှိနေသော မော်တော်ယာဉ်ပေါ်မှ ကုမ္ပဏီပိုင်ငွေများကိုယူဆောင်ပြီး မော်တော်ယာဉ်နှင့်အတူ ထွက်ပြေးတိမ်းရှောင်နေသူအား သက်သေခံ ငွေများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က (၇) ရက်အတွင်းဖမ်းဆီးရမိ ရန်ကုန်၊ အောက်တိုဘာ ၃၁  မရမ်းကုန်းမြို့နယ်ရှိ KBZ Bank (1) ဘဏ်တွင် ငွေထုတ်ရန်ရောက်ရှိ နေသော မော်တော်ယာဉ်ပေါ်မှ ကုမ္ပဏီပိုင်ငွေ ကျပ် ‎၁၄၁၄၇၆၈၀၀ ကို ခိုးယူထွက်ပြေးသည့် ကုမ္ပဏီဝန်ထမ်းယာဉ်မောင်းအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က (၇) ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။  ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၄ ရက်နေ့ နေ့လည် ၁၃၀၀ အချိန်ခန့်က Diamond Dragon Co.LTD မှ ငွေထိန်းဝန်ထမ်းဖြစ်သူ မယွန်းဖြူ နှင့် မဇင်မာလွင်တို့သည် ကုမ္ပဏီဝန်ထမ်းယာဉ်မောင်း ကျော်ဇင်ဦး (၃၀)နှစ်နှင့်အတူ ကုမ္ပဏီပိုင် မော်တော်ယာဉ် 5D/5693 ဖြင့် ကုန်သည်များမှ   စားအုန်းဆီဖိုးငွေအဖြစ် ပေးသွင်းထားသော ငွေများကိုဘဏ်များသို့ သွားရောက်ထုတ်ယူခဲ့ပြီး မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ယုဇနလမ်းရှိ KBZ Bank (1) တွင် ငွေထ

ရန်ကုန်၌ အများနှင့် ဆိုင်သည့်နေရာများတွင် အရက်သောက်သူများကို ဒဏ်ငွေ ၅၀ ချမှတ်

ရန်ကုန်၌ အများနှင့် ဆိုင်သည့်နေရာများတွင် အရက်သောက်သူများကို ဒဏ်ငွေ ၅၀ ချမှတ် မှုခင်း     ရန်ကုန်မြို့တော်တွင် အများပြည်သူနှင့် သက်ဆိုင်သည့် လူသွားစင်္ကြံများ၊ လမ်းဆုံလမ်းခွများ၊ ပန်းခြံများ၊ တံတားများပေါ်၌ ဝိုင်းဖွဲ့၍ အရက်သေစာ သောက်စားမှုကြောင့် ဖမ်းဆီးခံရသူ ၁၀ဝ ကျော်ကို သက်ဆိုင်ရာ မြို့နယ် တရားရုံးက ဒဏ်ငွေ ၅၀ ချမှတ်ပြီး ပြန်လွှတ်ပေးခဲ့သည်။ ရန်ကုန်၊ အောက်တိုဘာ ၃၁ ရန်ကုန်မြို့တော်တွင် အများပြည်သူနှင့် သက်ဆိုင်သည့် လူသွားစင်္ကြံများ၊ လမ်းဆုံလမ်းခွများ၊ ပန်းခြံများ၊ တံတားများပေါ်၌ ဝိုင်းဖွဲ့၍ အရက်သေစာ သောက်စားမှုကြောင့် ဖမ်းဆီးခံရသူ ၁၀ဝ ကျော်ကို သက်ဆိုင်ရာ မြို့နယ် တရားရုံးက ဒဏ်ငွေ ၅၀ ချမှတ်ပြီး ပြန်လွှတ်ပေးခဲ့သည်။ ထိုသို့ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အရက်သေစာ သောက်စားသူများကို အောက်တိုဘာလ ၃၀ ရက် ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ လိုက်လံ ဖမ်းဆီးခဲ့ရာ စုစုပေါင်း လူငယ် ၁၀၈ ဦးကို ဖမ်းဆီးခဲ့ပြီး အမှုပေါင်း ၃၉ မှု ဖွင့်လှစ်အရေးယူခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးမှုများတွင် အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်များအတွင်းမှ ၉ ဦး၊ အနောက်ပိုင်းခရိုင်ရှိ မြို့နယ်များအတွင

ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge ဆေးလိပ်သောက်သုံးသူတွေအတွက် သဘာဝနည်းဖြင့် အဆုတ်ဆေးနိုင်တဲ့ နည်းလမ်း

ကျန်းမာရေး - Health  |  အထွေထွေ ဗဟုသုတ - General Knowledge ဆေးလိပ်သောက်သုံးသူတွေအတွက် သဘာဝနည်းဖြင့် အဆုတ်ဆေးနိုင်တဲ့ နည်းလမ်း October 30, 2017 Share this on: Facebook Viber WeChat WhatsApp Email ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်သုံးသူပေါင်း သန်း ၁ ထောင်နီးပါးရှိပြီး နှစ်စဉ် ၅ သန်းလောက်က ဆေးလိပ်နဲ့ ဆက်စပ်တဲ့ ရောဂါတွေကြောင့် သေဆုံးကြပါတယ်။ စက္ကန့်အားဖြင့်တွက်ရင် ၆ စက္ကန့်မှာ ၁ ယောက် သေဆုံးကြပါတယ်။ ဒါကြောင့် ဆေးလိပ်မသောက်ရင်တော့ အကောင်းဆုံးပါဘဲ။ ဒါပေမယ့် ဆေးလိပ်ဖြတ်ဖို့က ခက်ခဲကြပါတယ်။ ဆေးလိပ်သောက်သူတွေအတွက် သဘာဝနည်းဖြင့် အဆုတ်ဆေးနိုင်မယ့် နည်းလမ်းကို ဝေမျှပေးပါမယ်။ ပါဝင်ပစ္စည်းများ တောက်တောက်စဉ်းထားတဲ့ ကြက်သွန်နီ ၄၀၀ ဂရမ် တောက်တောက်စဉ်းထားတဲ့ ဂျင်း ၁ တုံး အညိုရောင် သကြား ၄၀၀ ဂရမ် နနွင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း ရေ ၁ လီတာ ပြုလုပ်နည်း အိုးတစ်လုံးထဲ ရေကို လောင်းထည့်ပြီး အပူပေးထားပါ။ အညိုရောင် သကြားကို ထည့်ပါ။ ရေနွေးဆူလာရင် နနွင်း၊ ဂျင်း၊ ကြက်သွန်နီကို ထည့်ပါ။ အပူချိန်ကို လျှော့ပြီး နောက်ထပ် မိနစ်အနည်းငယ်လောက် ချက်ပါ။ အခန်းအပူချိန်မှာ အအေးခံပြ

အံ့ဖွယ်ရာ အစွမ်း ရှိတဲ့ ဂေါ်ရခါးသီး (ခေါ်) ဆူကာသီး အစွမ်း

အံ့ဖွယ်ရာ အစွမ်း ရှိတဲ့ ဂေါ်ရခါးသီး (ခေါ်) ဆူကာသီး အစွမ်း ဂေါ်ရခါးသီး ကို မြန်မာနိုင်ငံ မှာ ဈေး သက်သက်သာသာနဲ့ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်…..။ ရှမ်းပြည် မှာ ဆိုရင် ဆောင်းရာသီ မှာ မမြင်ချင်မှ အဆုံး တောင်ပုံရာပုံနဲ့ ပေါများလှပါတယ်…။ ရှမ်းပြည် မှာတော့ (sugar ) ဆူကာသီးလို့ ခေါ်ပါတယ်…။ အိမ်တိုင်းမှာ လိုလို စင်တင်ပြီး စိုက်ထားကြပါတယ်…။ စားချင်တဲ့ အချိန်မှ သွားခူးစားကြမျိုးပါ…။ ဒါကြောင့် ပိုလတ်ဆတ်ပြီး ပိုအာဟာရပြည့်တဲ့ ဆူကာသီး တွေကို စားရတာပေါ့…။  ဒါပေမယ့် အဲဒီ ဂေါ်ရခါးသီး က ကျန်းမာရေး ကို ဘယ်လောက်အထောက်အကူ ဖြစ်လဲဆိုတာတော့ သတိထားမိတဲ့ သူ ရှားပါတယ်…။  ဒါကြောင့် ဂေါ်ရခါးသီး နဲ့ လူသားတွေရဲ့ ကျန်းမာရေး ပတ်သက်တဲ့ အချက်တွေကို ပြောပြချင်ပါတယ်…။  ဂေါ်ရခါးသီး မှာ လူသားတွေရဲ့ ကျန်းမာရေး ကို အထောက်အကူဖြစ်စေတတ်တဲ့ သဘာဝ ကစီဓါတ် ၊ ဗီတာမင်စီ ၊ အမိုင်နိုအက်ဆစ်နဲ့ ဗီတာမင် ဘီ အုပ်စုတို့ ကြွယ်ဝစွာ ပါရှိပါတယ်။ ကိုလက်စထရောနဲ့ ဆိုဒီယမ် တို့ လုံးဝ မပါရှိပါဘူး ။ ဒါ့အပြင် ဂေါ်ရခါးသီး ဟာ ကယ်လိုရီနည်းပါးပြီး အမျှင်ဓါတ်တို့ စုဝေးရာ အရင်းအမြစ် လည်းဖြစ်ပါသေးတယ်။  (၁) ဂေါ်ရခါးသီး မှာ ပါရှိတဲ့ ဖောလစ်ဓါတ် ဟာ သွေးထဲရှိ ဆဲလ်များ

ဆောင်းရာသီမိတ်ကပ်အတွက် အကြံပေးချင်တဲ့အချက် (၄) ချက်

ဆောင်းရာသီမိတ်ကပ်အတွက် အကြံပေးချင်တဲ့အချက် (၄) ချက် မိတ်ကပ်ကိုပိုပြီးလှလှ လိမ်းကြပါစို့နော်  ခုဆို မိုးရာသီက ကုန်သွားပြီး ဆောင်းဝင်စပြုနေပြီနော်။ သိပ်မကြာခင် အေးသထက်အေးလာတော့မှာပါ။ အေးလာပြီဆိုရင် အသားအရေကလည်း ခြောက်သွေ့လာတော့ မိတ်ကပ်လိမ်းလို့မကောင်းတော့ဘူး။ ဒီအတွက် မဒီက ဆောင်းရာသီမိတ်ကပ်လိမ်းတဲ့အခါ ပိုလှစေမယ့် အကြံလေးတွေ ပေးလိုက်ပါတယ်။  ၁။ လာဗင်ဒါနှုတ်ခမ်းနီ  ဆောင်းရာသီက အေးမြတော့ နှုတ်ခမ်းသားလေးတွေ ခြောက်သွေ့အက်ကွဲတယ်လေ။ ဒီအတွက် လာဗင်ဒါပါဝင်တဲ့ နှုတ်ခမ်းနီကို သုံးပေးသင့်ပါတယ်။ လာဗင်ဒါဆီက နှုတ်ခမ်းသားတွေကို ချောမွေ့နူးညံ့စေလို့ပါပဲ။  ၂။ အပြာရောင်အိုင်းရှဲဒိုး  အိုင်းရှဲဒိုးကို အပြာရောင်ခြယ်ကြည့်ပါ။ အေးမြတဲ့ရာသီဥတုနဲ့ လိုက်ဖက်တဲ့အရောင်လည်းဖြစ်တယ်။ ပထမဆုံး မျက်ခွံပေါ်ကို primer လူးပြီး အိုင်းရှဲဒိုးကိုတင်ပါ။ မျက်တောင်ရင်းနားမှာ အရောင်များများလေးထည့်ပေါ့။ မျက်နှာကို မိတ်ကပ်ပါးပါးလေးပဲလိမ်းပြီး မျက်လုံးအကြည့်တွေနဲ့ စကားပြောလိုက်ပါ။  ၃။ သန္တာရောင်ပါးနီ  ပါးနီလိမ်းတဲ့အခါ ပန်းရောင်၊ ကြေးနီရောင်၊ သန္တာရောင်ဆိုပြီး နေရာနဲ့အချိန်အလိုက် ရွေးကြတယ်မဟုတ်လား။ မက်မွန်ရောင်ကတော့ သဘာဝအရောင်လေးပေါ့။ ဆောင်

အဲလ်ဘတ် အိုင်းစတိုင်း ပြောတဲ့ ဘဝ ကို ပျော်ရွှင် အောင်နေန

အဲလ်ဘတ် အိုင်းစတိုင်း ပြောတဲ့ ဘဝ ကို ပျော်ရွှင် အောင်နေနည်း   အဲလ်ဘတ် အိုင်းစတိုင်း ပြောတဲ့ ဘဝ ကို ပျော်ရွှင် အောင်နေနည်း အဲလ်ဘတ် အိုင်းစတိုင်း ဟာ ၁၉၂၁ ခုနှစ်မှာ ရူပဗေဒဘာသာရပ်အတွက် နိုဗယ်ဆု ရခဲ့ပါတယ်။ အဲ့ဒီဆုရပြီးနောက် သူဟာ ဂျပန်ကို စာသင်ကြားဖို့အတွက် ခရီး ထွက်ခဲ့ပါတယ်။ Quartz ရဲ့ အစီရင်ခံစာ က ပြောကြားချက်အရ သူဂျပန်ကို သွားခဲ့တာဟာ ငွေကြေး အတွက် တစ်ခုတည်းမဟုတ်ပဲ လူတွေကို လက်တွေ့ကျတဲ့ အကြံပေး စကား အနည်းအကျဉ်းလေး ပေးဖို့ ဆုံးဖြတ်ချက်ချပြီးတော့ သွားခဲ့တာပါ။  သူဟာ သေသွားခဲ့ပေမယ့် လက်ရှိအချိန်ထိ သူ့ရဲ့ စကား တွေက အသုံးဝင်ဆဲ့ပါပဲ။ များ မကြာသေးခင်က တိုကျို က အင်ပီရီယယ် ဟိုတယ်တစ်ခုကနေ လူတွေ လက်ရှိဘဝမှာ ပျော်ပျော်နေတတ်ဖို့ အကြံပြုထားတဲ့ ၁၉၂၂ က လက်ရေးမှု ကို တွေ့ရှိရပါတယ်။  သူ့ရဲ့စကား ကတော့ “မတည်မြဲတဲ့ ယောက်ယက်ခတ်စရာကောင်းလှတဲ့ ဘဝ မှာ အောင်မြင်မှု နောက်လိုက်ရတာထက် တည်ငြိမ်ပြီးအပူအပင် မရှိတဲ့ ဘဝ ဟာ ပိုလို့တောင်ပျော်စရာကောင်းပါတယ်”တဲ့။  အိုင်းစတိုင်း ရဲ့ နောက်ထပ် လက်ရေးမူ တစ်ခုကို တစ်ချိန်တည်းမှာပဲ messanger ကနေလက်ခံရရှိခဲ့ပါတယ်။ သူပြောတဲ့ နောက်ထပ်အကြံပြု စကား တစ်ခွန်းကတော

ကြးမုံသတင်းစာတိုက် မီးရှို့ခံရပြီး ငွေကျပ် သိန်း ၈ဝဝ ကျော်ပျောက်ဆုံးနေ

ကြးမုံသတင်းစာတိုက် မီးရှို့ခံရပြီး ငွေကျပ် သိန်း ၈ဝဝ ကျော်ပျောက်ဆုံးနေ Mizzimaburmese   " ပီနံအိတ်ကို မီးရှို့သွားတာမှန်ပါတယ်။ပီနံအိတ် ထဲမှာရှိနေတဲ့ ပိုက်ဆံတွေဆိုတာက သတင်းစက္ကူကို ညှပ်ထည့်ထားတဲ့ဟာတွေ။ အခုလက်ရှိမှာတော့ ငွေကိုင်ဝန်ထမ်း အမျိုးသမီးကို အမှုဖွင့်စစ်နေတယ်" ရန်ကုန်၊ အောက်တိုဘာလ ၃၁ ။                        ။ ရန်ကုန်မြို့ ၅၂ လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ နိုင်ငံပိုင်ကြေးမုံသတင်းစာတိုက် တွင် မန်နေဂျာအခန်း   မီးရှို့ ခံရပြီး ငွေကျပ် သိန်း ၈ဝဝ ကျော်ပျောက်ဆုံးနေကြောင်း ပုဇွန်တောင်မြို့မရဲစခန်းမှ သိရသည်။ အဆိုပါ   မီးရှို့ ခံရမှုမှာ အောင်တိုဘာလ ၃ဝ ရက်နေ့၊ ည ၆ နာရီခန့်အချိန်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  အခင်းဖြစ်နေရာရှိ ငွေကျပ် သိန်းသိန်း ၈ဝဝ ကျော် ထည့်ထားသည့် ပီနံအိတ်မှာ တဝက်တပျက် မီးလောင်ကျွမ်းနေသဖြင့် စစ်ဆေးရာ  ငွေစက္ကူပုံသဏ္ဌာန်ရောညှပ်ထားသည့် ငွေသတင်းစာစက္ကူများသာဖြစ်ကြောင်း၊ မီးခံသေတ္တာအတွင်း ထည့်သွင်းရမည့် ငွေကျပ် သိန်း ၈ဝဝ ကျော်မှာ   ပျောက်ဆုံးနေကြောင်း သိရသည်။ " ပီနံအိတ်ကို   မီးရှို့ သွားတာမှန်ပါတယ်။ ပီနံအိတ် ထဲမှာရှိနေတဲ့ ပိုက်ဆံတွေဆ

ငါ့ ခေါင်းအုံး ပြန်ပေး* ------------×-

* ငါ့ ခေါင်းအုံး ပြန်ပေး* ------------×----------- ဘ၀   * ငါ့ ခေါင်းအုံး ပြန်ပေး* ------------×----------- မန္တလေး ကနေ တောင်ကြီးအသွား ရွာငံ ရွှေကောင်းစံ စားသောက်ဆိုင် က ယောက်ဖ နဲ့ အမရယ် တူမနှစ် ယောက်ရယ် အောင်ပန်း အိမ်ကို ပြန်မလို့ လိုက်လာတယ်။ မိုးအခါဆိုတော့ ရွာငံကထွက်ကတဲ ကသဲသဲမဲမဲ။ လမ်းထက်ဝက်သာ သာလောက်ရောက်တော့ ပိုသဲလာ တယ် အချိန်ကလဲ ၁၂နာရီ ၁ ချက် အရေးထဲ ပလပ်ထဲရေ၀င်လို့ လား မသိ စက်သံမမှန်တော့ ။အတက်နဲ နဲကြီးတဲ့ နေရာရောက်တော့ ကား စက်ရပ်သွားရော။ဘယ်လိုနှိုးနှိုးမ နိုးတော့ ဘူး။မိုးရေထဲဆင်း စက်ဖုံး လှန် ဟိုနှိုက် ဒီနှိုက် လုပ်လည်းအ ကြောင်းမထူး အချိန် ၁နာရီပျော့  ပျော့ လောက်ကြာသွားပြီ။ညနက် တော့ ကားဆက်ကလည်းပြတ် ကားပေါ်မှာလည်းအထုပ်အပိုးတွေ ကများ ဘာလုပ်ရမှန်းမသိဖြစ်နေ တုံးယောက်ဖက အနီးအနားဓါတ်မီးနဲ့ လျှောက်ထိုး ကြည့် ပြီး “ရွာရှိလောက်တယ်" ပြောလာတယ်။ဘာမှလုပ်မရမဲ့ အ တူတော့ ကားပေါ်လည်းအိပ်မရနိုင် တဲ့ အတူ ရွာထဲတစ်အိမ်အိမ်မှသွား အိပ်ရအောင်လို့ ပြောပါတယ်။ မိုးကလဲပိုသဲလာတဲ့ အပြင်လျှပ်စီး လက်မိုးကြိုးတွေပါပစ်သံကြားရ တယ်။ ဒါနဲ့ ကားကိုလမ်းဘေး