Skip to main content

အဲလ်ဘတ် အိုင်းစတိုင်း ပြောတဲ့ ဘဝ ကို ပျော်ရွှင် အောင်နေန

 
အဲလ်ဘတ် အိုင်းစတိုင်း ပြောတဲ့ ဘဝ ကို ပျော်ရွှင် အောင်နေနည်း
အဲလ်ဘတ် အိုင်းစတိုင်း ဟာ ၁၉၂၁ ခုနှစ်မှာ ရူပဗေဒဘာသာရပ်အတွက် နိုဗယ်ဆု ရခဲ့ပါတယ်။ အဲ့ဒီဆုရပြီးနောက် သူဟာ ဂျပန်ကို စာသင်ကြားဖို့အတွက် ခရီး ထွက်ခဲ့ပါတယ်။ Quartz ရဲ့ အစီရင်ခံစာ က ပြောကြားချက်အရ သူဂျပန်ကို သွားခဲ့တာဟာ ငွေကြေး အတွက် တစ်ခုတည်းမဟုတ်ပဲ လူတွေကို လက်တွေ့ကျတဲ့ အကြံပေး စကား အနည်းအကျဉ်းလေး ပေးဖို့ ဆုံးဖြတ်ချက်ချပြီးတော့ သွားခဲ့တာပါ။ 

သူဟာ သေသွားခဲ့ပေမယ့် လက်ရှိအချိန်ထိ သူ့ရဲ့ စကား တွေက အသုံးဝင်ဆဲ့ပါပဲ။ များ မကြာသေးခင်က တိုကျို က အင်ပီရီယယ် ဟိုတယ်တစ်ခုကနေ လူတွေ လက်ရှိဘဝမှာ ပျော်ပျော်နေတတ်ဖို့ အကြံပြုထားတဲ့ ၁၉၂၂ က လက်ရေးမှု ကို တွေ့ရှိရပါတယ်။ 

သူ့ရဲ့စကား ကတော့ “မတည်မြဲတဲ့ ယောက်ယက်ခတ်စရာကောင်းလှတဲ့ ဘဝ မှာ အောင်မြင်မှု နောက်လိုက်ရတာထက် တည်ငြိမ်ပြီးအပူအပင် မရှိတဲ့ ဘဝ ဟာ ပိုလို့တောင်ပျော်စရာကောင်းပါတယ်”တဲ့။ 

အိုင်းစတိုင်း ရဲ့ နောက်ထပ် လက်ရေးမူ တစ်ခုကို တစ်ချိန်တည်းမှာပဲ messanger ကနေလက်ခံရရှိခဲ့ပါတယ်။ သူပြောတဲ့ နောက်ထပ်အကြံပြု စကား တစ်ခွန်းကတော့ သင်တို့လည်းကြားဖူးပြီးသားဖြစ်မှာပါ။ 

“ ဆႏ ၵတစ္ခုသာ ရွိပါ။ နည်းလမ်း ဆိုတာ ပေါ်လာမှာပါ။” သူ့ရဲ့မှတ်စု တိုတွေကို သူနဲ့ဆက်စပ်မှုရှိတဲ့ မူလအစိုးရစာပို့သူက Winner house မှာ လေလံတင်ရောင်းချခဲ့ပါတယ်။ သူနဲ့တော်စပ်သူက အိုင်စတိုင်း ဟာ မှတ်စုတွေကို ရေးရင်းနဲ့ ဒီလိုပြောခဲ့ပါတယ်။ “တစ်ကယ်လို့သင်သာကံကောင်းမယ်ဆိုရင် ဒီမှတ်စုတိုက အနာဂတ် မှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေထက် ပိုအဖိုးတန်လိမ့်မယ်လို့” ပြောခဲ့ပါတယ်။ 

သူ့စကားတွေက မှန်ပါတယ်။ သူ့ရဲ့ပထမ မှတ်စု ကို ဒေါ်လာ ၁၅၆၀၀၀၀ နဲ့ လေလံအောင်ခဲ့ပြီး ဒုတိယ တစ်ခုကတော့ ဒေါ်လာ ၂၄၀၀၀၀ ထိရရှိခဲ့ပါတယ်။ 

Comments

Popular posts from this blog

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လက်အရေပြားကို ကွာစေတ

သရုပ်ဆောင် မြတ်ကေသီအောင်၏ ခင်ပွန်းဟောင်း ဦးအောင်ဇော်လတ်မှ ရှင်းလင်း

သရုပ်ဆောင် မြတ်ကေသီအောင်၏ ခင်ပွန်းဟောင်း ဦးအောင်ဇော်လတ်မှ ရှင်းလင်း # Zawgyi Version ဖြင့် ဖတ်ပါ #  ကျွန်တော်နာမည် အောင်ဇော်လတ်ပါ ကျွန်တော်ယခု အမေရိကန်နိုင်ငံ နယူးယောက်မှာနေပါသည် ကျွန်တော်ယခုဒီpostကို မတင်ချင်ခဲ့ပါဘူး ဒါပေမယ့် ကျွန်တော်အခု ကျွန်တော်အသိုင်းအဝိုင်း ဆွေးမျိုးအပေါင်းသင်းကြားမှာ အရှက်တကွဲ စိတ်မကောင်းချင်းများစွာနှင့် ရင်ဆိုင်တွေ့ကြုံနေရသောကြောင့် ကျွန်တော် ဒီpostကိုတင်ရခြင်းဖြစ်ပါတယ် ဒါပေမယ့် ကျွန်တော်ရင်ထဲရှိတဲ့တိုင်း ပွင့်လင်းစွာပြောရရင်တော့ ဒီပြဿနာကို လွန်ခဲ့သော ဆယ်နှစ်ခန့်ကတည်း ကျွန်တော်ဒီပိုစ်ကိုတင်ခဲ့ချင်တာပါ ကျွန်တော် အောင်ဇော်လတ် နှင့် မသီတာမြင့်(ခ) သရုပ်ဆောင် မြတ်ကေသီအောင် သည် 2006 ခုနှစ်မှာ လူသိရှင်ကြား တရားဝင်လက်ထပ်ခဲ့ကြပါသည်  ကျွန်တော်တို့လက်ထပ်ပြီးမကြာခင်မှာပဲ ကျွန်တော်အမေရိကကို ပြန်လာခဲ့တယ် ကျွန်တော်အမေရိပြန်ရောက်နေစဉ် မြတ်ကေသီအောင်သည် ရုပ်ရှင်ထုပ်  လုပ်ရေးပိုင်ရှင် ဇော်မျိုးအောင်နှင့် အိမ်ထောင်ရေးဖောက်ပြန်နေတာကို ကျွန်တော်သိခဲ့ရတယ် ကျွန်တော်ရဲ့မိဘအသိုင်းအဝိုင်း သူငယ်ချင်းများကလည်း  ကျွန်တော့်ကိုဒီအကြောင်းကိုထပ်ခါထပ်ခါပြောခဲ့ကျတယ်  ဒါပေမယ့်ကျွန်တော်မယုံ

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂.၇၂မိုင်  တကယ်တမ်းတွက်ရရင် ၁ယူဇနာမှာ ၁၂.၇၂မိုင် (၁၃မိုင်) ရှိပါတယ်။ ဒါပေမယ့် တချ