Skip to main content

မန်မာနေရှင်နယ်လိဂ်ချန်ပီယံအသစ်ဖြစ်လာသည့် ရှမ်းယူနိုက်တက် 

မန်မာနေရှင်နယ်လိဂ်ချန်ပီယံအသစ်ဖြစ်လာသည့် ရှမ်းယူနိုက်တက်

 
ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် တစ်ပတ်က ရန်ကုန်အသင်းကို အနိုင်ရရှိပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဖလားကို ပထမဆုံးရယူနိုင်ခဲ့သလို ယခု မြန်မာနေရှင်နယ်လိဂ်ဖလားကို ပထမဆုံးအကြိမ် ထပ်မံရယူနိုင်ခြင်းဖြစ်သည်။

အောက်တိုဘာ ၂၉ ။             ။ ရှမ်းယူနိုက်တက်အသင်းသည် ဟံသာဝတီအသင်းကို ၄-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရယူပြီး မြန်မာနေရှင်နယ်လိဂ်သမိုင်းတွင် ချန်ပီယံအသင်းသစ်အဖြစ် မှတ်တမ်းရေးထိုးလိုက်ပြီဖြစ်သည်။

တောင်ကြီးကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့သည့် ယခုပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းသည် ဟံသာဝတီအသင်းကို အဖက်ဖက်က အသာစီးဖြင့် ကစားခဲ့ပြီး ပထမပိုင်း ၂၁ မိနစ်တွင် ဇင်မင်းထွန်းက အဖွင့်ဂိုးကိုစတင်သွင်းယူခဲ့သည်။ ထို့နောက် ဒုတိယပိုင်း ၅၃ မိနစ်နှင့် မိနစ် ၉၀ တို့တွင် ၀ါရင့်တိုက်စစ်မှူးစိုးမင်းဦးက ဒုတိယဂိုးနှင့်တတိယဂိုးကို ထပ်မံသွင်းယူပေးခဲ့ပြီး နောက်ဆုံးဂိုးကို ခရစ္စတိုဖာက ၉၃ မိနစ်တွင် သွင်းယူပေးခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် တစ်ပတ်က ရန်ကုန်အသင်းကို အနိုင်ရရှိပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဖလားကို ပထမဆုံးရယူနိုင်ခဲ့သလို ယခု မြန်မာနေရှင်နယ်လိဂ်ဖလားကို ပထမဆုံးအကြိမ် ထပ်မံရယူနိုင်ခြင်းဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်သမိုင်းတွင် ရန်ကုန်ယူနိုက်တက်နှင့်ရတနာပုံအသင်းတို့သာ အမှတ်ပေးချန်ပီယံဖြစ်ခဲ့ကြဖူးပြီး ရှမ်းယူနိုက်တက်အသင်းမှာ ချန်ပီယံအသစ် ဖြစ်လာခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းနှင့် ချန်ပီယံလုဖက်ဖြစ်သည့် ရန်ကုန်အသင်းမှာ ချင်းယူနိုက်တက်အသင်းကို ၇-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သော်လည်း ရှမ်းအသင်းက ဟံသာဝတီကို အနိုင်ရခဲ့သည့်အတွက် ချန်ပီယံဆုကြီးကို လက်လွှတ်ခဲ့ရသည်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...