Skip to main content

မုံရွာမှ နှစ်လောင်းပြိုင် လူသတ်မှု ကျူးလွန်သူကို သေဒဏ်ချ

မုံရွာမှ နှစ်လောင်းပြိုင် လူသတ်မှု ကျူးလွန်သူကို သေဒဏ်ချ

 
 
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် လွန်ခဲ့သည့် တစ်နှစ်ခန့်က ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင် လူသတ်မှုမှ ကျူးလွန်သူကို မုံရွာခရိုင်တရားရုံးက အောက်တိုဘာလ ၃၀ ရက်နေ့ နေ့လယ်တွင် သေဒဏ်နှင့် ထောင်ဒဏ်များ ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း ခရိုင်တရားရုံးမှ စုံစမ်းသိရှိရသည်။
မုံရွာ၊ အောက်တိုဘာ ၃၀ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် လွန်ခဲ့သည့် တစ်နှစ်ခန့်က ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင် လူသတ်မှုမှ ကျူးလွန်သူကို မုံရွာခရိုင်တရားရုံးက အောက်တိုဘာလ ၃၀ ရက်နေ့ နေ့လယ်တွင်  သေဒဏ်နှင့် ထောင်ဒဏ်များ ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း ခရိုင်တရားရုံးမှ စုံစမ်းသိရှိရသည်။ 

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က မုံရွာခရိုင်တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၄၅၈/ ၃၀၂/ ၃၉၂ ဖြင့် တရားစွဲဆိုခံရသူ ကောင်းကောင်း (ခ) ကောင်းခန့်သော် ၂၀ နှစ်သည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က အင်းရွာသစ် ရပ်ကွက်နေထိုင်သူ ဇနီးမောင်နှံနှစ်ဦး၏ နေအိမ်အတွင်း ညအချိန် အကြံအစည်ဖြင့် ဝင်ရောက်သတ်ဖြတ်ကာ ပစ္စည်းများ လုယက်ခဲ့သည့်အတွက် ပုဒ်မသုံးခုအတွက် သေဒဏ်အပြင် အလုပ်နှင့် ထောင်ဒဏ် ၁၄ နှစ်၊ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ သီးခြားစီ ကျခံစေရန် မုံရွာခရိုင်၊ ဒုတိယခရိုင် တရားသူကြီး ဒေါ်ရွှေအုန်းမြင့်က ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာခရိုင်တရားရုံး၏ သတင်းပြန်ကြားရေး အရာရှိလည်းဖြစ်သူ ဒုတိယခရိုင် တရားသူကြီး ဦးကြည်မင်းစိုးက ပြောကြားသည်။

အဆိုပါ အသတ်ခံရသည့် ဇနီးမောင်နှံသည် မူးယစ်ဆေးဝါး ရောင်းဝယ်သူများ ဖြစ်ကြောင်း၊ လူသတ်မှု ကျူးလွန်သူ ကောင်းကောင်း (ခ) ကောင်းခန့်သော်သည် ၎င်းတို့ထံမှ မူးယစ်ဆေးကို အကြွေးဝယ်ယူကာသုံးစွဲပြီး ၎င်းတို့က အကြွေး ပြန်တောင်းသည်ကို မကျေနပ်သည့်အတွက် ယင်းသို့ သတ်ဖြတ်ခြင်းဖြစ်ကာ ယင်းနေ့က ရွှေထည်ပစ္စည်းများနှင့် ငွေကြေးများကိုလည်း လုယက်ယူဆောင် ထွက်ပြေးခဲ့ကြောင်း မုံရွာ အမှတ် ၂ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...