Skip to main content

ရန်ကုန်၌ အများနှင့် ဆိုင်သည့်နေရာများတွင် အရက်သောက်သူများကို ဒဏ်ငွေ ၅၀ ချမှတ်

ရန်ကုန်၌ အများနှင့် ဆိုင်သည့်နေရာများတွင် အရက်သောက်သူများကို ဒဏ်ငွေ ၅၀ ချမှတ်

 
 
ရန်ကုန်မြို့တော်တွင် အများပြည်သူနှင့် သက်ဆိုင်သည့် လူသွားစင်္ကြံများ၊ လမ်းဆုံလမ်းခွများ၊ ပန်းခြံများ၊ တံတားများပေါ်၌ ဝိုင်းဖွဲ့၍ အရက်သေစာ သောက်စားမှုကြောင့် ဖမ်းဆီးခံရသူ ၁၀ဝ ကျော်ကို သက်ဆိုင်ရာ မြို့နယ် တရားရုံးက ဒဏ်ငွေ ၅၀ ချမှတ်ပြီး ပြန်လွှတ်ပေးခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၃၁

ရန်ကုန်မြို့တော်တွင် အများပြည်သူနှင့် သက်ဆိုင်သည့် လူသွားစင်္ကြံများ၊ လမ်းဆုံလမ်းခွများ၊ ပန်းခြံများ၊ တံတားများပေါ်၌ ဝိုင်းဖွဲ့၍ အရက်သေစာ သောက်စားမှုကြောင့် ဖမ်းဆီးခံရသူ ၁၀ဝ ကျော်ကို သက်ဆိုင်ရာ မြို့နယ် တရားရုံးက ဒဏ်ငွေ ၅၀ ချမှတ်ပြီး ပြန်လွှတ်ပေးခဲ့သည်။

ထိုသို့ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အရက်သေစာ သောက်စားသူများကို အောက်တိုဘာလ ၃၀ ရက် ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ လိုက်လံ ဖမ်းဆီးခဲ့ရာ စုစုပေါင်း လူငယ် ၁၀၈ ဦးကို ဖမ်းဆီးခဲ့ပြီး အမှုပေါင်း ၃၉ မှု ဖွင့်လှစ်အရေးယူခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးမှုများတွင် အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်များအတွင်းမှ ၉ ဦး၊ အနောက်ပိုင်းခရိုင်ရှိ မြို့နယ်များအတွင်းမှ ၇၁ ဦး၊ မြောက်ပိုင်းခရိုင်ရှိ မြို့နယ်များအတွင်းမှ ၂၈ ဦးရှိပြီး နောက်ရက်များတွင်ပါ ဖမ်းဆီးအရေးယူမှုကို ဆက်လက် အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“၁၈၉၉ ခုနှစ်၊ ရန်ကုန်ရဲအက် ဥပဒေပုဒ်မ ၄၁ (၁၆) နဲ့ပါ၊ သူက ထောင်ဒဏ် ၇ ရက်၊ ငွေဒဏ် ၅၀၊ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်၊ အများပြည်သူနှင့် သက်ဆိုင်တဲ့နေရာမှာ အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်တဲ့သူကို ချမှတ်နိုင်တဲ့ ပုဒ်မပေါ့၊ ဒဏ်ငွေချရင် ၅၀ ထက် ပိုချမရဘူး၊ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်းပဲ တရားရုံးက ချမှတ်ရတာပါ”ဟု ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

ပြည်သူအများ စိတ်အေးချမ်းသာစွာဖြင့် လူမှုကိစ္စရပ်များ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ မြို့နယ်များအလိုက် အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ ပညာပေးကာလ တစ်လ သတ်မှတ်ပြီး လိုက်လံ ဟောပြောခဲ့ပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့မှ စတင်ကာ ဖမ်းဆီး အရေးယူမှုများ စတင်ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...