Skip to main content

ထိုင်ဝမ်သမ္မတ ဟိုနိုလူလူ ရောက်ရှိ

ထိုင်ဝမ်သမ္မတ ဟိုနိုလူလူ ရောက်ရှိ

ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ် ဟာ ဟိုနိုလူလူ ကို မနေ့က ရောက်ရှိခဲ့ပါတယ်။

ထိုင်ဝမ်သမ္မတဟာ တရုတ်ပြည်က အပြင်းအထန် ကန့်ကွက်နေတဲ့ကြားက၊ စနေနေ့ကစလို့ ပစိဖိတ်ဒေသတွင်းနိုင်ငံတွေကို တပတ်ကြာ ခရီးထွက်လာခဲ့တာပါ။

အမေရိကန်ပိုင်နက်ဖြစ်တဲ့ ဟိုနိုလူလူကျွန်းနဲ့ ဂူအမ်ကျွန်းတွေကတဆင့် တူဗာလူ၊ ဆော်လမွန်နဲ့ မာရှဲကျွန်းတွေဆီကို ခရီးထွက်လာခဲ့တာဖြစ်ပါတယ်။

အဲဒီခရီးစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်ဝမ်သမ္မတရဲ့ ခရီးစဉ်အရ  အမေရိကန်ပိုင်နက်အတွင်း တထောက်နားတာဟာ၊ သူ့ရဲ့ ပုဂ္ဂလိကကိစ္စသာဖြစ်ပြီး၊ အမေရိကန်အစိုးရနဲ့ ပတ်သက်တဲ့ တရားဝင်ခရီးစဉ်မဟုတ်ကြောင်း ပြောဆိုပါတယ်။

Photo: Tsai Ing-wen's Facebook

Comments