Skip to main content

တောင်ငူ တန်ဆောင်တိုင်ပွဲတော် လုံခြုံရေးးတိုးမြှင့်

တောင်ငူ တန်ဆောင်တိုင်ပွဲတော် လုံခြုံရေးတိုးမြှင့်

 The Voice Myanmar
 
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း နှစ်စဉ် ကျင်းပမြဲဖြစ်သည့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲနှင့် တန်ဆောင်တိုင်ပွဲတော်ကို အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ပွဲတော်ရက်အတွင်း လုံခြုံရေး အင်အား ၄၀ဝ ကျော် အသုံးပြုမည်ဖြစ်ကြောင်း တောင်ငူခရိုင်၊ ရဲတပ်ဖွဲ့မှူးရုံး၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး စန်းစန်းဝင်းက ပြောကြားသည်။
တောင်ငူ၊ အောက်တိုဘာ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း နှစ်စဉ် ကျင်းပမြဲဖြစ်သည့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲနှင့် တန်ဆောင်တိုင်ပွဲတော်ကို အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ပွဲတော်ရက်အတွင်း လုံခြုံရေး အင်အား ၄၀ဝ ကျော် အသုံးပြုမည်ဖြစ်ကြောင်း တောင်ငူခရိုင်၊ ရဲတပ်ဖွဲ့မှူးရုံး၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး စန်းစန်းဝင်းက ပြောကြားသည်။

“မနှစ်က တောင်ငူ (ကေတုမတီ)မြို့တည်နန်းတည် ၅၀၆ နှစ်ပြည့် ပွဲတော်ကြီးနဲ့ တွဲကျင်းပတုန်းကလည်း ပွဲတော်လုံခြုံရေး အင်အား ၄၀ဝ ကျော် အသုံးပြုခဲ့သလို ဒီနှစ်မှာလည်း အဲဒါထက်မနည်းတဲ့ အင်အားကို အသုံးပြုပြီး လုံခြုံရေး ဆောင်ရွက်ပေး သွားမှာပါ”ဟု ၎င်းက ဆိုသည်။

ပွဲတော်ရက်များအတွင်း တောင်ငူမြို့ပေါ် ရပ်ကွက်များရှိ လူစည်ကားရာ လမ်းဆုံ လမ်းခွများနှင့် ပွဲတော်ကျင်းပသည့် ဗဟိုမဏ္ဍပ် ကဲ့သို့သော နေရာမျိုးသာမက ဘုရားပင့်ဆောင်ပူဇော်ကြမည့် ရပ်ကွက်၊ ကျေးရွာများ၊ လူမှုရေးအဖွဲ့များ၊ ဖျော်ဖြေရေးယာဉ်များနှင့် မြို့ဝင်ပေါက်၊ ထွက်ပေါက်များတွင်ပါ ပွဲတော် လာရောက်သူများအတွက် လုံခြုံရေး ပေးမည်ဖြစ်ကြောင်း တောင်ငူခရိုင်၊ ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။

အဆိုပါပွဲတော်ကို ၂၀၁၀ ပြည့်နှစ်က တောင်ငူ (ကေတုမတီ) မြို့တည်နန်းတည်ပွဲတော်ကြီးနှင့် ပူးတွဲကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ၅၀၇ နှစ်မြောက် ပွဲတော်ကို ကျင်းပနိုင်ခြင်း မရှိတော့ဘဲ တောင်ငူမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ် ရှစ်ဆူဘုရားပွဲကိုသာ သီးသန့် ခွဲခြားကျင်းပမည်ဖြစ်ကြောင်း တောင်ငူမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

“ကေတုမတီ မြို့တည်နန်းတည်ပွဲနဲ့ ပူးတွဲ ကျင်းပတုန်းကလည်း တစ်မျိုး ကောင်းသလို အခုလို သီးခြား ကျင်းပပြန်တာလည်း ကောင်းပါတယ်”ဟု တောင်ငူမြို့ခံ အသက် ၇၂ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...