Skip to main content

အိမ်သုတ်ဆေးများ၏ ၇၃ ရာခိုင်နှုန်းကျော်တွင် ခဲဓာတ်ပါဝင်မှု လွန်ကဲနေ

အိမ်သုတ်ဆေးများ၏ ၇၃ ရာခိုင်နှုန်းကျော်တွင် ခဲဓာတ်ပါဝင်မှု လွန်ကဲနေ

 
 
နေအိမ်အလှဆင်သုတ်ဆေးများ၏ ၇၃ ရာခိုင်နှုန်းကျော်တွင် ခဲဓာတ်ပါဝင်မှု ပမာဏလွန်ကဲနေကြောင်း အိန္ဒိယနိုင်ငံ၌ပြုလုပ်သော လေ့လာမှုတစ်ရပ်ကဖော်ပြသည်။ လွန်ကဲသော ခဲဓာတ်ပမာဏနှင့် ထိတွေ့မှုကြောင့် ကလေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုကို အန္တရာယ်ဖြစ်စေပြီး ကလေးငယ်များတွင် အပြုအမူဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်စေကြောင်း သိရသည်။
နေအိမ်အလှဆင်သုတ်ဆေးများ၏ ၇၃ ရာခိုင်နှုန်းကျော်တွင် ခဲဓာတ်ပါဝင်မှု ပမာဏလွန်ကဲနေကြောင်း အိန္ဒိယနိုင်ငံ၌ပြုလုပ်သော လေ့လာမှုတစ်ရပ်ကဖော်ပြသည်။
လွန်ကဲသော ခဲဓာတ်ပမာဏနှင့် ထိတွေ့မှုကြောင့် ကလေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုကို အန္တရာယ်ဖြစ်စေပြီး ကလေးငယ်များတွင် အပြုအမူဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်စေကြောင်း သိရသည်။

မြင့်မားသော ခဲဓာတ်ပမာဏနှင့် ထိတွေ့မှုကြောင့် ဦးနှောက် နှင့် အာရုံကြောစနစ်တို့တွင် ပြန်မကောင်းနိုင်သော ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်စေသည်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အခြေစိုက် NGOတစ်ခု၏ လေ့လာမှုအတွင်း ယင်းကဲ့သို့ ခဲဓာတ်မြင့်မားစွာပါဝင်သည့် အိမ်သုတ်ဆေးထုတ်လုပ်သော လုပ်ငန်းများနှင့် အသေးစားနှင့် အလယ်အလတ်လုပ်ငန်းများက အများဆုံးထုတ်လုပ်ကြောင်း လေ့လာတွေ့ရှိသည်။
သုတေသီများက အိမ်သုတ်ဆေးများတွင် ခဲဓာတ်ပါဝင်မှုနှင့် ပတ်သက်သော ဖော်ပြချက်များ ပါရှိရမည်ဖြစ်ပြီး ခဲဓာတ်မြင့်မား စွာ ပါဝင်ခြင်းကြောင့် ကျန်းမာရေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း ပြောသည်။
အိန္ဒိယ သဘာဝပတ်ဝန်းကျင်၊ သစ်တောနှင့်ရာသီဥတုပြောင်း လဲမှုဆိုင်ရာ ဝန်ကြီးဌာနက အိမ်သုတ်ဆေးများတွင် အများဆုံးထည့် သုံးနိုင်သည့် ခဲဓာတ်ပမာဏကို သတ်မှတ်ကြေညာပေးထားပြီး လာ မည့်လအတွင်း သတ်မှတ်ချက် အသက်ဝင်မည်ဟု သိရသည်။
ယင်းကဲ့သို့ ခဲဓာတ်ပါဝင်မှုမြင့်မားသော အိမ်သုတ်ဆေးများကို အသုံးပြုခြင်းကြောင့် ထိခိုက်သူအများစုသည် ကလေးငယ်များဖြစ်ပြီး ခဲဓာတ်အခြေခံ အိမ်သုတ်ဆေးများကြောင့် ညစ်ညမ်းသွားသော ဖုန်မှုန့် (သို့မဟုတ်) မြေမှုန့်များကို စားမိခြင်း (သို့မဟုတ်) ရှူသွင်းမိခြင်းကြောင့်ဖြစ်ကြောင်း သုတေသီများကပြောသည်။
ကလေးငယ်များ မြင့်မားသောခဲဓာတ်နှင့် ထိတွေ့ခြင်းကြောင့် ဖြစ်ပေါ်လာသော ကျန်းမာရေးဆိုးကျိုးများကို တစ်သက်လုံး ခံစားရနိုင်ပြီး ကုသ၍ ပြန်မကောင်းနိုင်သော ဆိုးကျိုးများဖြစ်ပေါ်နိုင် ကြောင်း သုတေသီများကပြောသည်။                  

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...