Skip to main content

Facebook Account Hack နည်းး 

Facebook Account Hack နည်းး


# Zawgyi Version ဖြင့် ဖတ်ပါ #

သင် hack ချင်တဲ့သူရဲ့ Facebook account ကိုသင်အရင် add ပါ။

~Facebook တွင်လည်းထိုသူကို add ပြီးအချိန်ရလျှင်ရသလို hi ပါ။

~ထိုသူမှပြန် hi လျှင်အောင်မြင်ရန်အစပျိုးပြီဖြစ်သည်။

~ထို့နောက်ခင်မင်ရင်းနီးအောင်ပြောဆိုပေါင်းသင်းပါ။

~ထိုသူမှအသက်အရွယ်မကွာဘဲသင်ကမိန်းကလေးဖြစ်ပါကထိုသူမှပြန် Q လာလျှင်ရေလာမြောင်းပေးလုပ်ပါ။

~သင်ကယောက်ျားလေးဖြစ်ပါကအတင်းဝင်ရောပါ။Q ပါ။ ~ဤအတိုင်းလုပ်ဆောင်၍သမီးရည်းစားဖြစ်သွားလျှင်မိမိအသုံးမပြုသော facebook account တစ်ခုဖြင့် password ချင်းအလဲအလှယ်ပြုပြီးချစ်သက်သေပြလိုက်ပါ။

~သင့်ကျွမ်းကျင်မှုအပေါ်မူတည်၍ ဤအဆင့်တွင်ပင်အောင်မြင်နိုင်ပေသည်။

~ထိုသို့ပြုလုပ်ခွင့်မသာခဲ့လျှင်ထိုသူနှင့် mutual friend များများရအောင်လုပ်ပါ။

~မိသားစုဝင်များနှင့်ရင်းနီးအောင်လုပ်ပါ။

~ယခင်ရင်းနီးပြီးသူဖြစ်ပါကပိုရင်းနီးအောင်နေပါ။

~အပြင်မှာတွေ့ဖြစ်အောင်ချိန်းပါ။

~ယောက်ျားလေးဆိုလျှင်ဘီယာတိုက်ပါ။

~မိန်းကလေးဖြစ်လျှင်လက်ဆောင်ဝယ်ပေးပါ။

အကြိုအပို့လုပ်ပါ။

~အင်တာနက်အတူသုံးဖြစ်အောင်ကြိုးစား၍အကြောင်းအမျိုးမျိုးပြပြီးသူ့အကောင့်ကိုတောင်းသုံးပါ။

~ယောက်ျားလေးများကို နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ အမျိုးသားရေးတို့ဖြင့် ကြီးကြီးကျယ်ကျယ်မခံချိမခံသာအောင်ပြောခြင်းဖြင့်အောင်မြင်နိုင်သလိုမိန်းကလေးများကိုအချစ်ရေးအချစ်ရာများပြော၍သနားအောင်လုပ်ခြင်းဖြင့်အောင်မြင်နိုင်သည်။

အထက်ပါနည်းလမ်းဖြင့်မအောင်မြင်ပါကလူသူကင်းဝေးသောနေရာများလူမရှိသောအချိန်များတွင်နှစ်ဦးတည်းတွေ့ဖြစ်အောင်ကြိုးစားပါ။

~အလစ်တွင်ဦးခေါင်းကိုတုတ်ဖြင့်ရိုက်၍ ကြိုးတုပ်ပါ။

~အသက်မသေချင်လျှင် facebook password ပေးဟုခြိမ်းခြောက်ပါ။

~ခြိမ်းခြောက်၍မကြောက်ပါကကြက်တောင်မွေးဖြင့်ခြေဖဝါးနှင့်နှာခေါင်းကိုကလိထိုးပြီးထပ်တောင်းပါ။

~ထိုနည်းဖြင့်မရပါကရှောက်သီးကိုချဉ်ပေါင်ရွက်နှင့်ရောနယ်ပြီးသံပုရာရည်ရည်ဆမ်းကာပါးစပ်ထဲအတင်းထည့်ကျွေးပါ။မျက်နှာရှုံ့မဲ့သွားချိန်ဓာတ်ပုံအမိအရရိုက်ပါ။ထိုပုံကိုဟာသ page များသို့ပို့မည်ဟုခြိမ်းခြောက်ပြီး password ထပ်တောင်းပါ။

အထက်ပါနည်းလမ်းများနှင့်လည်းအဆင်မပြေပါက

~ထိုသူ့ကို mention လုပ်ပြီးသူ့မကောင်းကြောင်းကိုပယ်ပယ်နယ်နယ်ရေး၍ ပြပါ။

~မကျေနပ်၍ပြန်ဖျက်စေချင်ရင် password ပြောဟုတောင်းပါ။

နောက်ဆုံးနည်းလမ်းမှာ…

~အကောင့်ဆိုတာထပ်ဖောက်ရင်ရတာပဲမင်းအသက်ထက်အရေးမကြီးပါဘူးဟုခြိမ်းခြောက်၍အစာငတ်ထားလိုက်ပါ။

ဤအဆင့်များအတိုင်းလုပ်ဆောင်ပါကနောက်ဆုံးတွင်သင့်အနေဖြင့် facebook password တစ်ခု၊အရူးလက်မှတ်တစ်စောင်(သို့မဟုတ်)အလုပ်ကြမ်းနှင့်ထောင်ဒဏ်များသေချာပေါက်ရရှိမှာဖြစ်ပါတယ်…

မိမိလိုချင်သောအကောင့်များကို အောင်မြင်စွာ hack နိုင်ကြပါစေသော်…

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...