Skip to main content

သာယာတဲ့ အချစ်ရေးရဲ့ လက္ခဏာများ"

သာယာတဲ့ အချစ်ရေးရဲ့ လက္ခဏာများ"
ကိုယ့်ရဲ့အချစ်ရေးက သာယာနေရဲ့လားဆိုတာ ဒါလေးတွေဖတ်ပြီး တိုက်ကြည့်ပါဦး။

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ချစ်မိဖို့ဆိုတာ ရှေးရေစက်ပါမှ ချစ်နိုင်ကြတာပါ။ ကိုယ့်ချစ်သူက ကိုယ်နဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့၊ မကြာခဏ ရန်ဖြစ်နေရလို့ ဆိုတိုင်းလည်း အချစ်ရေးက မပြေလည်တာ မဟုတ်ပါဘူး။ သာယာတဲ့ အချစ်ရေးမှာတောင် ကတောက်ကဆ ဖြစ်မှုတွေနဲ့ ယာယီ အဆက်သွယ် ပြတ်တောက်တာတွေ ရှိနေတတ်ပါတယ်။ ဒီအချက်တွေအကုန်လုံး ဖြစ်နေရင် သင်တို့ရဲ့ အချစ်ရေးက အိုကေမှာ စိုပြေနေတယ်လို့ ပြောလို့ရနိုင်မှာပါ။

၁- ကိုယ့်စိတ်ထဲက ရှိတာကို မျိုသိပ်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောနိုင်တယ်။

၂- တစ်ခါတစ်လေ စိတ်ရှုပ်လာရင် နှစ်ယောက်သား ယာယီ အဆက်သွယ်ဖြတ်ထားတဲ့အပေါ် နားလည်ပေးနိုင်တယ်။

၃- သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလည်အပတ်သွားတာမျိုး လျှောက်လည်တာမျိုး လုပ်လို့ရတယ်။

၎- ရန်ဖြစ်တယ်။ ပြီးရင်တော့ ပြန်ချစ်သွားတာပဲ။ မှားတဲ့လူကလည်း ကိုယ့်အပြစ်ကိုယ် ဝန်ခံတယ်ဆိုရင် ပိုလို့တောင် အချစ်တွေ တိုးလာမှာပါ။

၅- ဘယ်သူမှ ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်ဘူးဆိုတာ နားလည်ထားသလို ချို့ယွင်းချက်တွေကို လက်ခံပေးနိုင်တယ်။

၆- ပျော်စရာအချိန်တွေ ဖန်တီးနိုင်ကြတယ်။ ရုပ်ရှင်အတူကြည့်တာ၊ ညစာအတူစားရင်း ရယ်စရာလေးတွေ ပြောဖြစ်ကြရင် အတော်ကို အိုကေတဲ့ အနေအထားပါ။

၇- တစ်ယောက်နဲ့တစ်ယောက် ဂရုတစိုက် ရှိကြတယ်။

၈- သူနဲ့အတူ ရှိနေရင် လုံခြုံစိတ်ချရတယ်လို့ ခံစားမိတယ်။

၉- နှစ်ယောက်ကြားထဲက ပြဿနာတွေကို အချင်းချင်းပဲပြောတယ်။ တခြားလူကို မပြောဘူး။ သူ့အပေါ် မကျေနပ်တာတွေနဲ့ သူ့ရဲ့လုပ်ရပ်တွေကို မနှစ်သက်တဲ့အခါ တခြားလူကိုပြောမယ့်အစား သူ့ကိုထုတ်ပြောလိုက်တာက အလုပ်ဖြစ်ပါတယ်။

၁၀- ချစ်တယ်၊ ကျေးဇူးပါ၊ တောင်းပန်ပါတယ် စတဲ့ အခြေခံကျပေမယ့် လေးနက်တဲ့ စကားလုံးလေးတွေ အပြန်အလှန် ပြောဖြစ်နေသမျှကာလပတ်လုံး အချစ်ရေးက သာယာနေပါလိမ့်မယ်။

တွဖန်တီးတာတွေကို ပြုလုပ်နိုင်မှာပါ။



Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...