Skip to main content

ပြင်ဦးလွင်မြို့ရှိ ပွဲကောက်တိုးဂိတ် ဖျက်သိမ်း

ပြင်ဦးလွင်မြို့ရှိ ပွဲကောက်တိုးဂိတ် ဖျက်သိမ်း

 
 
မန္တလေး-လားရှိုးလမ်းပေါ်ရှိ ပြင်ဦးလွင်တိုးဂိတ် (ပွဲကောက်) လမ်းအသုံးပြုခ ကောက်ခံရေးစခန်းကို နိုဝင်ဘာလ ၁ ရက်နေ့ကစ၍ ဖျက်သိမ်းမည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် ပြင်ဦးလွင်ခရိုင် လမ်းဦးစီးဌာနထံမှ သိရသည်။
မန္တလေး၊ အောက်တိုဘာ ၃၀

မန္တလေး-လားရှိုးလမ်းပေါ်ရှိ ပြင်ဦးလွင်တိုးဂိတ် (ပွဲကောက်) လမ်းအသုံးပြုခ ကောက်ခံရေးစခန်းကို နိုဝင်ဘာလ ၁ ရက်နေ့ကစ၍ ဖျက်သိမ်းမည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် ပြင်ဦးလွင်ခရိုင် လမ်းဦးစီးဌာနထံမှ သိရသည်။

ယင်းလမ်းအသုံးပြုခ ကောက်ခံရေးစခန်းသည် မဟာအံ့ထူးကံသာ ဘုရားနှင့် ပွဲကောက်ရေတံခွန်တို့နှင့် နီးခြင်း၊ ပြင်ဦးလွင်မြို့တွင်းမှ နာရေးယာဉ်များ သုသာန်သို့သွားရာတွင် တိုးဂိတ်ကို ဖြတ်သန်းသွားလာရခြင်း၊ လေးလမ်း သွားလမ်းအဖြစ် တိုးချဲ့ရန် နေရာကျဉ်းမြောင်းခြင်း စသည်တို့ကြောင့် ယာဉ်ကြော ရှုပ်ထွေးမှုများ ရှိသဖြင့် ဖျက်သိမ်းရခြင်းဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် လမ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice Daily သို့ အတည်ပြု ပြောကြားသည်။ 

ပိတ်ချင်းမြောင်ဘုရားသို့ သွားသောယာဉ်များအနေနှင့် ဝက်ဝံ-ဘန့်ဘွေး လမ်းပိုင်း (နောင်ချို) ဂိတ်အထိ လမ်းအသုံးပြုခ ပေးဆောင်ရကြောင်း၊ ယခုကဲ့သို့ ပွဲကောက်ဂိတ် ဖျက်လိုက်ခြင်းဖြင့် စရိတ်သက်သာသွားမည်ဖြစ်ကြောင်း မန္တလေး-မူဆယ် ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးဘိုသိန်းက ပြောကြားသည်။

ပြင်ဦးလွင်သုသာန်သည် မြို့ပြင်တွင်ရှိသဖြင့် နာရေးပို့ဆောင်သောယာဉ် တန်းကြောင့် ယာဉ်ကြောကျပ်တည်းမှုများ ကြုံရကြောင်း၊ ဂိတ်အနေအထားအရ လေးလမ်းသွားမဟုတ်ဘဲ နှစ်လမ်းသွားသာဖြစ်သဖြင့် အချိန်နှောင့်နှေးမှုများလည်း ကြုံရကြောင်း၊ ယခုကဲ့သို့ ဖျက်သိမ်းလိုက်ခြင်းဖြင့် ယင်းပြဿနာများကို ဖြေရှင်းပြီး ဖြစ်သွားနိုင်ကြောင်း အဆိုပါလမ်းပိုင်းတွင် သွားလာနေသော ယာဉ်မောင်းများက ပြောဆိုသည်။ 

“အဝေးပြေးကားသမားတွေအတွက်လည်း ကောင်းတယ်။ ဘုရားဖူးယာဉ်တွေအတွက်လည်း ကောင်းသွားမယ်။ လမ်းအသုံးပြုခ ပေးရတာချင်း အတူတူ ခရီးမတွင် ဖြစ်ရတယ်။ ဂိတ်နည်းလေကောင်းလေပဲ”ဟု ဦးဘိုသိန်းက ထပ်လောင်း ပြောကြားသည်။

ပြင်ဦးလွင် လမ်းအသုံးပြုခ ကောက်ခံရေးစခန်း (ပွဲကောက်) ဖျက်သိမ်းလိုက်သော်လည်း ပြင်ဦးလွင် ကျောက်ချောဂိတ် အနေနှင့် ယခင်က ၂၄ မိုင်အတွက်သာ ကောက်ခံခဲ့ရာမှ ယခု ၃၉ မိုင်အတွက် လမ်းအသုံးပြုခ ကောက်ခံမည်ဖြစ်ကာ ဝက်ဝံ- ဘန့်ဘွေး (နောင်ချို) ဂိတ်အနေနှင့် ယခင်က ၂၃ မိုင်အတွက်သာ ကောက်ခံခဲ့ရာမှ ယခု ၃၂ မိုင်အတွက် နိုဝင်ဘာလ ၁ ရက်နေ့ကစ၍ အစားထိုး ပြင်ဆင်ကောက်ခံမည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် လမ်းဦးစီးဌာနထံမှ သိရသည်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...