Skip to main content

ခန္ဓာကိုယ် တင်းရင်းကျစ်လစ်စေမယ့် အစားအစာများ"


 
"ခန္ဓာကိုယ် တင်းရင်းကျစ်လစ်စေမယ့် အစားအစာများ"

ခန္ဓာကိုယ်ကို တောင့်တင်းကျစ်လစ်စေဖို့အတွက် ဒါတွေစားဖို့ လိုပါတယ်။ 
အမဲသား 
 သန်စွမ်းပြီး တင်းရင်းကျစ်လစ်တဲ့ ခန္ဓာကိုယ် ရရှိစေဖို့ အမဲသားက စားသင့်တဲ့ အစားအစာ တစ်မျိုးပါ။ အမဲသားမှာ သံဓာတ်၊ ဇင့်၊ အဆီဓာတ်နဲ့ ဗီတာမင် B အုပ်စု ပါဝင်ပါတယ်။ ပရိုတိန်းဓာတ်နဲ့ အမိုင်နိုအက်စစ် ကြွယ်ဝတဲ့ အမဲသားက ခန္ဓာကိုယ် ကြွက်သားတွေ တောင့်တင်း ကျစ်လစ်စေပါတယ်။ 

ဒိန်ခဲပျော့ 
 ဒိန်ခဲပျော့မှာ ပါဝင်တဲ့ caseinn ပရိုတိန်းဓာတ်က ခန္ဓာကိုယ် ကြွက်သားတွေ တင်းတင်းရင်းရင်း ရှိစေဖို့ အထောက်အကူ ပြုပါတယ်။ ဒိန်ခဲပျော့မှာ ဗီတာမင် B12၊ အကျိုးပြု အဆီဓာတ်၊ ကယ်လ်စီယမ်နဲ့ အခြား အာဟာရဓာတ်တွေလည်း ပါဝင်ပြီး ကျစ်လစ်တဲ့ ခန္ဓာကိုယ်ရစေဖို့ ကူညီပေးပါတယ်။ 

ကြက်ဥ 
 ကြက်ဥအပါအဝင် ဥတွေမှာ ပရိုတိန်းဓာတ်၊ အကျိုးပြု အဆီဓာတ်၊ အမိုင်နိုအက်စစ်၊ ဗီတာမင် D နဲ့ choline တို့ ပါဝင်ပါတယ်။ ကြက်ဥက ကြွက်သားတွေ ဖွံ့ဖြိုးမှုကို အထောက်အကူပြုပြီး ခန္ဓာကိုယ်ကို တင်းရင်းကျစ်လစ်စေပါတယ်။ 

ငါး 
 ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ ငါး စားခြင်းက ခန္ဓာကိုယ် တင်းရင်းကျစ်လစ်နေစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ငါးစားခြင်းက ဦးနှောက်အတွက်သာမက ခန္ဓာကိုယ် ကြွက်သားတွေအတွက်လည်း ကောင်းမွန်ပါတယ်။ ဆဲလ်မွန်၊ တူနာ၊ မက်ကရယ်၊ ဆာဒင်း စတဲ့ ပင်လယ်ငါးတွေ စားသင့်ပါတယ်။ 

ဂျုံနှင့်လုပ်သော မုန့်များ 
 ဂျုံနဲ့လုပ်ထားတဲ့ ပေါင်မုန့် အပါအဝင် မုန့်အမျိုးမျိုးက ခန္ဓကိုယ် ကြွက်သားတွေ ကျစ်လစ်နေစေဖို့ အထောက်အကူ ပြုပါတယ်။ 

နို့ 
 နို့သောက်ခြင်းက အရိုးတွေ သန်မာစေသလို ကြွက်သားတွေကိုလည်း ကျစ်လစ်စေပါတယ်။
 ခန္ဓာကိုယ်ကို တောင့်တင်းကျစ်လစ်စေဖို့အတွက် ဒါတွေစားဖို့ လိုပါတယ်။ 
 
Credit: Duwun 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...