Skip to main content

စိတ်ဓာတ်မကျဖို့ ပြင်ဆင်ထားတယ်ဆိုတဲ့ သီရိကျော်

စိတ်ဓာတ်မကျဖို့ ပြင်ဆင်ထားတယ်ဆိုတဲ့ သီရိကျော်

ပထမဆုံး ဇာတ်လမ်းတွဲရိုက်ရမှာဖြစ်တဲ့အတွက် ပြင်ဆင်မှု

Myanmar Media 7 က ထုတ်လုပ်ပြီး ဒါရိုက်တာ သားညီရိုက်ကူးဖန်တီးမယ့် လိပ်ပြခေါင်မိုး ရုပ်သံဇာတ်လမ်းတွဲမှာ ပထမဆုံးအနေနဲ့ ပါဝင်သရုပ်ဆောင်သွားမယ့် သီရိကျော် ကတော့ ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး သူဘယ်လို ကြိုးစားသွားမလဲဆိုတာကို Duwun Media ကနေပြောပြခဲ့ပါတယ်။  


'' လိပ်ပြာခေါင်မိုး ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ လွန်းငယ်ဆိုတဲ့ ကောင်မလေးပေါ့နော် သာမန် လက်လုပ် လက်စားကောင်မလေးတစ်ယောက်နေရာက သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်ကားအတွက်တော့ ဇာတ်ညွှန်းကို သေချာဖတ်ဖြစ်တယ်၊ ပြင်ဆင်စရာရှိတာတွေလည်း အများကြီးပြင်ဆင်ထားပါတယ်။ ပထမဆုံး ရိုက်ရတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် အခက်အခဲတွေ အများကြီး ဖြစ်မယ်လို့လည်း ထင်ပါတယ် ဒီအတွက် ညီမ အကောင်းဆုံးကြိုးစားသွားမှာပါ'' လို့ သူကဆိုပါတယ်။

လိပ်ပြာခေါင်မိုး ဇာတ်လမ်းတွဲထဲမှာလည်း စီနီယာသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ရတနာဖြူဖြူအောင်နဲ့ တွဲဖက်သရုပ်ဆောင် ရမှာဖြစ်တဲ့ အတွက် သင်ကြားပေးမှုအပိုင်းတွေကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။


'' အခုဆိုရင် မရတနာဖြူဖြူအောင်ပေါ့နော် သူဆိုရင် နာမည်ကြီးပြီးသား သရုပ်ဆောင်တစ်ဦးဖြစ်တယ်။ ညီမကိုလည်း အသစ် တစ်ယောက်ဖြစ်တဲ့ အတွက် အစ်မက အများကြီး ကူညီဖေးမပေးတယ်။ အစ်မက လက်တွဲပြီးတော့ ကူညီပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာ နဲ့ ပတ်သက်ပြီးတော့ အများကြီး ပြင်ဆင်ထားတယ်၊ အကောင်းဆုံးကြိုးစားဖို့၊ စိတ်ဓာတ်မကျဖို့ ပြင်ဆင်ထားတယ်၊ ကိုသားညီကလည်း သင်ပေးမှာဖြစ်ပါတယ်။အဲ့ဒီအတွက်လည်း အကောင်းဆုံး လုပ်နိုင်မယ်လို့ထင်ပါတယ်'' လို့  သီရိကျော်က ပြောပါတယ်။

သီရိကျော်အနေနဲ့ Model လောက ကနေ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး လိပ်ပြာခေါင်မိုး ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပထမဆုံးအကြိမ်အနေနဲ့ ပါဝင် သရုပ်ဆောင်သွားမှာဖြစ်လို့ ပရိသတ်တွေက အားပေးစေချင် တယ် လို့ဖြေဆိုခဲ့ပါတယ်။

Comments

Popular posts from this blog

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လက်အရေပြားကို ကွာစေတ

သရုပ်ဆောင် မြတ်ကေသီအောင်၏ ခင်ပွန်းဟောင်း ဦးအောင်ဇော်လတ်မှ ရှင်းလင်း

သရုပ်ဆောင် မြတ်ကေသီအောင်၏ ခင်ပွန်းဟောင်း ဦးအောင်ဇော်လတ်မှ ရှင်းလင်း # Zawgyi Version ဖြင့် ဖတ်ပါ #  ကျွန်တော်နာမည် အောင်ဇော်လတ်ပါ ကျွန်တော်ယခု အမေရိကန်နိုင်ငံ နယူးယောက်မှာနေပါသည် ကျွန်တော်ယခုဒီpostကို မတင်ချင်ခဲ့ပါဘူး ဒါပေမယ့် ကျွန်တော်အခု ကျွန်တော်အသိုင်းအဝိုင်း ဆွေးမျိုးအပေါင်းသင်းကြားမှာ အရှက်တကွဲ စိတ်မကောင်းချင်းများစွာနှင့် ရင်ဆိုင်တွေ့ကြုံနေရသောကြောင့် ကျွန်တော် ဒီpostကိုတင်ရခြင်းဖြစ်ပါတယ် ဒါပေမယ့် ကျွန်တော်ရင်ထဲရှိတဲ့တိုင်း ပွင့်လင်းစွာပြောရရင်တော့ ဒီပြဿနာကို လွန်ခဲ့သော ဆယ်နှစ်ခန့်ကတည်း ကျွန်တော်ဒီပိုစ်ကိုတင်ခဲ့ချင်တာပါ ကျွန်တော် အောင်ဇော်လတ် နှင့် မသီတာမြင့်(ခ) သရုပ်ဆောင် မြတ်ကေသီအောင် သည် 2006 ခုနှစ်မှာ လူသိရှင်ကြား တရားဝင်လက်ထပ်ခဲ့ကြပါသည်  ကျွန်တော်တို့လက်ထပ်ပြီးမကြာခင်မှာပဲ ကျွန်တော်အမေရိကကို ပြန်လာခဲ့တယ် ကျွန်တော်အမေရိပြန်ရောက်နေစဉ် မြတ်ကေသီအောင်သည် ရုပ်ရှင်ထုပ်  လုပ်ရေးပိုင်ရှင် ဇော်မျိုးအောင်နှင့် အိမ်ထောင်ရေးဖောက်ပြန်နေတာကို ကျွန်တော်သိခဲ့ရတယ် ကျွန်တော်ရဲ့မိဘအသိုင်းအဝိုင်း သူငယ်ချင်းများကလည်း  ကျွန်တော့်ကိုဒီအကြောင်းကိုထပ်ခါထပ်ခါပြောခဲ့ကျတယ်  ဒါပေမယ့်ကျွန်တော်မယုံ

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂.၇၂မိုင်  တကယ်တမ်းတွက်ရရင် ၁ယူဇနာမှာ ၁၂.၇၂မိုင် (၁၃မိုင်) ရှိပါတယ်။ ဒါပေမယ့် တချ