Skip to main content

လိဂ်-၁ သို့ တန်းတက်ရောက်နိုင်ခဲ့သည့်အတွက် တရုတ်ကလပ်အသင်းတစ်သင်း ကစားသမားတစ်ဦးချင်းစီကို ပေါင်သုံးသန်း ဆုကြေးပေး

လိဂ်-၁ သို့ တန်းတက်ရောက်နိုင်ခဲ့သည့်အတွက် တရုတ်ကလပ်အသင်းတစ်သင်း ကစားသမားတစ်ဦးချင်းစီကို ပေါင်သုံးသန်း ဆုကြေးပေး

 The Voice Myanmar
 
တရုတ်ကလပ်အသင်းတစ်သင်းဖြစ်သည့် Meixian Techand သည် လိဂ်-၂ မှနေ၍ လိဂ်-၁ သို့ တန်းတက်ရောက်နိုင်ခဲ့သည့်အတွက် အသင်းကစားသမားတစ်ဦးချင်းစီကို ပေါင်သုံးသန်းစီ ဆုကြေးအကျိုးခံစားခွင့် ပေးအပ်လိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
ဂွန်ဒေါင်း၊ အောက်တိုဘာ ၃၁

တရုတ်ကလပ်အသင်းတစ်သင်းဖြစ်သည့် Meixian Techand သည် လိဂ်-၂ မှနေ၍ လိဂ်-၁ သို့ တန်းတက်ရောက်နိုင်ခဲ့သည့်အတွက် အသင်းကစားသမားတစ်ဦးချင်းစီကို ပေါင်သုံးသန်းစီ ဆုကြေးအကျိုးခံစားခွင့် ပေးအပ်လိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

Meixian Techand သည် တန်းတက်ရောက်ခွင့်ရနိုင်ရေးအတွက် Play-Off ပွဲစဉ် ယှဉ်ပြိုင်ရာတွင် Shenzhen Ledman ကို နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး လိဂ်-၁ မှနေ၍ တရုတ်စူပါလိဂ်သို့ တန်းတက်ရောက်ခွင့် ဆက်လက်ရရှိခဲ့မည်ဆိုပါက ယခုထက်ပိုမိုသည့် ဆုကြေးအကျိုးခံစားခွင့်ကို ထပ်မံပေးအပ်သွားဦးမည်ဟုလည်း တာဝန်ရှိသူများက အသင်းကစားသမားများကို စိတ်ဓာတ်မြှင့်တင်ရေးစကား ပြောကြားသွားခဲ့သည်။

Meixian Techand သည် ဂွမ်ဒေါင်းပြည်နယ်တွင် အခြေစိုက်သည့် ဘောလုံးအသင်းဖြစ်ကာ အသင်းကို နိုင်ငံခြားသားကစားသမား မပါရှိဘဲနှင့် ဖွဲ့စည်းတည်ထောင်ထားသည်မှာ Meixian Techand ၏ထူးခြားချက်တစ်ရပ်ပင်ဖြစ်သည်။

Meixian Techand ထံတွင် အသင်းကစားသမားများသာမကဘဲ နည်းပြအဖွဲ့ဝင်များအားလုံးပါ တရုတ်လူမျိုးများဖြစ်ကြပြီး အသင်း၏အဓိကရှယ်ယာရှင်အများစုမှာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် အင်ဂျင်နီယာများဖြစ်ကြသည်။

Meixian Techand သည် လက်ရှိတွင် ပရိသတ် ၂၀,၂၂၁ ယောက် ၀င်ဆံ့သည့် Meixian Tsang Hin-chi ဘောလုံးကွင်းကြီးကိုလည်း အသင်းပိုင် အိမ်ကွင်းအဖြစ် အသုံးပြုနေပြီဖြစ်ကာ တရုတ်သတင်းမီဒီယာများက ၎င်းတို့ကို အနာဂတ်အတွက် အလားအလာကောင်းပေါင်းများစွာကို ပိုင်ဆိုင်ထားသည့် အသင်းတစ်သင်းအဖြစ် ရှုမြင်သုံးသပ်နေကြသည်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...