Skip to main content

ကုမ္ပဏီပိုင်ငွေ သိန်း (၁၄၀၀)ကျော် ယူပြေးတဲ့ ယာဉ်မောင်း ဖမ်းမိ

ကုမ္ပဏီပိုင်ငွေ သိန်း (၁၄၀၀)ကျော် ယူပြေးတဲ့ ယာဉ်မောင်း ဖမ်းမိ

 
 
မရမ်းကုန်းမြို့နယ်ရှိ KBZ ဘဏ်တွင် ငွေထုတ်ရန် ရောက်ရှိနေသော မော်တော်ယာဉ်ပေါ်မှ ကုမ္ပဏီပိုင်ငွေများကိုယူဆောင်ပြီး မော်တော်ယာဉ်နှင့်အတူ ထွက်ပြေးတိမ်းရှောင်နေသူအား သက်သေခံ ငွေများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က (၇) ရက်အတွင်းဖမ်းဆီးရမိ
ရန်ကုန်၊ အောက်တိုဘာ ၃၁ 

မရမ်းကုန်းမြို့နယ်ရှိ KBZ Bank (1) ဘဏ်တွင် ငွေထုတ်ရန်ရောက်ရှိ နေသော မော်တော်ယာဉ်ပေါ်မှ ကုမ္ပဏီပိုင်ငွေ ကျပ် ‎၁၄၁၄၇၆၈၀၀ ကို ခိုးယူထွက်ပြေးသည့် ကုမ္ပဏီဝန်ထမ်းယာဉ်မောင်းအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က (၇) ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၄ ရက်နေ့ နေ့လည် ၁၃၀၀ အချိန်ခန့်က Diamond Dragon Co.LTD မှ ငွေထိန်းဝန်ထမ်းဖြစ်သူ မယွန်းဖြူ နှင့် မဇင်မာလွင်တို့သည် ကုမ္ပဏီဝန်ထမ်းယာဉ်မောင်း ကျော်ဇင်ဦး (၃၀)နှစ်နှင့်အတူ ကုမ္ပဏီပိုင် မော်တော်ယာဉ် 5D/5693 ဖြင့် ကုန်သည်များမှ 
 စားအုန်းဆီဖိုးငွေအဖြစ် ပေးသွင်းထားသော ငွေများကိုဘဏ်များသို့ သွားရောက်ထုတ်ယူခဲ့ပြီး မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ယုဇနလမ်းရှိ KBZ Bank (1) တွင် ငွေထုတ်ယူရန်ရောက်ရှိစဉ် အခြားဘဏ်များမှ ထုတ်ယူလာသော ငွေများကိုယာဉ်ပေါ်တွင်တင်ထားပြီး မယွန်းဖြူနှင့် မဇင်မာလွင်တို့က ဘဏ်အတွင်းသို့ ငွေများသွားရောက်ထုတ်ယူရာ ယာဉ်မောင်းကျော်ဇင်ဦးက ယာဉ်ပေါ်တွင်ထားရှိသော ငွေကျပ် ၁၄၁၄၇၆၈၀၀ ကို ယူဆောင်၍ ကုမ္ပဏီပိုင် မော်တော်ယာဉ် 5D/5693 ဖြင့် ထွက်ပြေးသွားသဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်း (ပ) ၁၁၂၉/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၁ ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။ 


အမှုမှ ပြစ်မှုကျူးလွန်သူ မောင်းနှင်ထွက်ပြေးသွားသော မော်တော်ယာဉ် အမှတ် 5D/5693 Toyota Wish ကို အမြန်ဆုံး ဖမ်းဆီးရမိရေး အတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက အနီးကပ်တိုက်ရိုက်ကြီးကြပ်ကာ ခရိုင်မြို့နယ် အသီးသီးသို့ပိတ်ဆို့ဖမ်းဆီးရန် ညွန်ကြားခဲ့သဖြင့် အောက်တိုဘာ ၂၄ ရက်နေ့ ၁၉၃၀ အချိန်တွင် ပြစ်မှုကျူးလွန်သူ ကျော်ဇင်ဦး ခိုးယူမောင်းနှင် သွားသော 5D/5693 Toyota Wish မော်တော်ယာဉ်ကို အင်းစိန်မြို့နယ်၊ ရွှေပြည်သာတံတားအဆင်းနှင့် ၁၄ လမ်းဆုံကြားရှိ မြဧယာတိုက်တန်းရှေ့တွင် ရပ်ထားကြောင်းတွေ့ရှိ သိမ်းဆည်းရရှိခဲ့ပြီး ကျော်ဇင်ဦးမှာငွေများနှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။ 


ထွက်ပြေးတိမ်းရှောင်နေသူ ကျော်ဇင်ဦးအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် နေထိုင်သွားလာတတ်သော နေရာများသို့ သွားရောက်စုံစမ်းခြင်း၊ ရန်ကုန်မြို့အတွင်း ပိတ်ဆို့ရှာဖွေခဲ့ခြင်း၊ ကျော်ဇင်ဦး သွားရောက်နိုင်သည့်နေရာများရှိ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရဲတပ်ဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ ပြစ်မှုကျူးလွန်သူ ကျော်ဇင်ဦး၏ ဓာတ်ပုံကိုဖော်ပြ၍ ဖမ်းဆီးရမိရေးအတွက် အသိပေးကြော်ငြာခြင်းတို့ကို ဆောင်ရွက်ခဲ့သည့်အပြင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ အစီအမံဖြင့် မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များက သတင်းကွင်းဆက်မပြတ်စေရေး 
 အတွက် စဉ်ဆက်မပြတ်စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူကျော်ဇင်ဦးသည် လှိုင်သာယာမြို့နယ်၊ ရေဥက္ကံကျေးရွာအုပ်စု၊ စက်မှုဇုံ(၃)၊ ဗန်းမော်အတွင်းဝန်လမ်း၊ တိုက်(၂)၊ အခန်း(၁)ရှိ ဒေါ်မြမြဦးအဆောင်တွင် ငှားရမ်းနေထိုင်နေကြောင်း စုံစမ်းသိရှိရပြီး ကျော်ဇင်ဦးမှာ အဆောင်တွင်မရှိဘဲ သော့ခတ်ပိတ်ထားသဖြင့် ရဲတပ်ဖွဲ့ဝင်များက နေ့ညမပြတ်လျှို့ဝှက်စွာစောင့်ကြည့်လျက်ရှိစဉ် အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၀၅၀၅ အချိန်တွင် ၎င်းငှားရမ်းနေထိုင်သည့်အဆောင်သို့ပြန်လာသဖြင့် အဆောင်ရှေ့လမ်းမပေါ်တွင် ကျော်ဇင်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ အဆောင်အတွင်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ ခိုးယူလာသည့်ငွေများကိုအဆောင်အခန်းအတွင်း အိပ်ယာကွပ်ပျစ် အောက်တွင် သံသေတ္တာနှင့် လက်ဆွဲအိတ်တို့ဖြင့်ခွဲ၍ ဝှက်သိမ်းထားကြောင်းတွေ့ရပြီး ၎င်းခိုးယူလာသည့် ငွေများအနက် ကျပ် ၁၂၉၁ သိန်းနှင့် အခြားပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရရှိခဲ့ပါသည်။ 

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် Diamond Dragon Co.LTD ပိုင်ငွေများ ခိုးယူထွက်ပြေးသည့် ကုမ္ပဏီဝန်ထမ်းယာဉ်မောင်း ကျော်ဇင်ဦးအား အခင်းဖြစ်ပြီးနောက် (၇) ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူအား ထိထိရောက်ရောက်အရေးယူဆောင်ရွက်နိုင်ရန် 
 ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ 

Comments

Popular posts from this blog

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လက်အရေပြားကို ကွာစေတ

သရုပ်ဆောင် မြတ်ကေသီအောင်၏ ခင်ပွန်းဟောင်း ဦးအောင်ဇော်လတ်မှ ရှင်းလင်း

သရုပ်ဆောင် မြတ်ကေသီအောင်၏ ခင်ပွန်းဟောင်း ဦးအောင်ဇော်လတ်မှ ရှင်းလင်း # Zawgyi Version ဖြင့် ဖတ်ပါ #  ကျွန်တော်နာမည် အောင်ဇော်လတ်ပါ ကျွန်တော်ယခု အမေရိကန်နိုင်ငံ နယူးယောက်မှာနေပါသည် ကျွန်တော်ယခုဒီpostကို မတင်ချင်ခဲ့ပါဘူး ဒါပေမယ့် ကျွန်တော်အခု ကျွန်တော်အသိုင်းအဝိုင်း ဆွေးမျိုးအပေါင်းသင်းကြားမှာ အရှက်တကွဲ စိတ်မကောင်းချင်းများစွာနှင့် ရင်ဆိုင်တွေ့ကြုံနေရသောကြောင့် ကျွန်တော် ဒီpostကိုတင်ရခြင်းဖြစ်ပါတယ် ဒါပေမယ့် ကျွန်တော်ရင်ထဲရှိတဲ့တိုင်း ပွင့်လင်းစွာပြောရရင်တော့ ဒီပြဿနာကို လွန်ခဲ့သော ဆယ်နှစ်ခန့်ကတည်း ကျွန်တော်ဒီပိုစ်ကိုတင်ခဲ့ချင်တာပါ ကျွန်တော် အောင်ဇော်လတ် နှင့် မသီတာမြင့်(ခ) သရုပ်ဆောင် မြတ်ကေသီအောင် သည် 2006 ခုနှစ်မှာ လူသိရှင်ကြား တရားဝင်လက်ထပ်ခဲ့ကြပါသည်  ကျွန်တော်တို့လက်ထပ်ပြီးမကြာခင်မှာပဲ ကျွန်တော်အမေရိကကို ပြန်လာခဲ့တယ် ကျွန်တော်အမေရိပြန်ရောက်နေစဉ် မြတ်ကေသီအောင်သည် ရုပ်ရှင်ထုပ်  လုပ်ရေးပိုင်ရှင် ဇော်မျိုးအောင်နှင့် အိမ်ထောင်ရေးဖောက်ပြန်နေတာကို ကျွန်တော်သိခဲ့ရတယ် ကျွန်တော်ရဲ့မိဘအသိုင်းအဝိုင်း သူငယ်ချင်းများကလည်း  ကျွန်တော့်ကိုဒီအကြောင်းကိုထပ်ခါထပ်ခါပြောခဲ့ကျတယ်  ဒါပေမယ့်ကျွန်တော်မယုံ

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂.၇၂မိုင်  တကယ်တမ်းတွက်ရရင် ၁ယူဇနာမှာ ၁၂.၇၂မိုင် (၁၃မိုင်) ရှိပါတယ်။ ဒါပေမယ့် တချ