Skip to main content

မိတ္ထီလာ ငရုတ်ဈေးကောင်း

မိတ္ထီလာ ငရုတ်ဈေးကောင်း


 
မိတ္ထီလာခရိုင်အတွင်း အောက်တိုဘာ လဆန်းပိုင်းကစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသထွက် ငရုတ်သီးများ အရည်အသွေး ကျဆင်းခဲ့သော်လည်း ဈေးကောင်းရနေကြောင်း မိတ္ထီလာမြို့မ ဈေးကြီးရှိ ငရုတ်ပွဲရုံများနှင့် ဒေသခံ တောင်သူများထံမှ စုံစမ်းသိရှိရသည်။

မိတ္ထီလာ၊ အောက်တိုဘာ ၂၈

မိတ္ထီလာခရိုင်အတွင်း အောက်တိုဘာ လဆန်းပိုင်းကစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသထွက် ငရုတ်သီးများ အရည်အသွေး ကျဆင်းခဲ့သော်လည်း ဈေးကောင်းရနေကြောင်း မိတ္ထီလာမြို့မ ဈေးကြီးရှိ ငရုတ်ပွဲရုံများနှင့် ဒေသခံ တောင်သူများထံမှ စုံစမ်းသိရှိရသည်။

မိတ္ထီလာခရိုင်မှ ထွက်ရှိသော ငရုတ်မျိုးများအနက် မိုးထောင်နှင့် ဒီမွန် အမျိုးအစား နှစ်ခုစလုံးကို တရုတ်နိုင်ငံဘက်က အညှာခြွေစနစ်ဖြင့် နှစ်စဉ် ဝယ်ယူလေ့ရှိကြောင်း၊ စက်တင်ဘာလအတွင်း က မိုးထောင်ငရုတ် တစ်ပိဿာလျှင် အရည်အသွေးကိုလိုက်၍ ကျပ် ၂၇၀ဝ မှ၂၈၀ဝ သာ ရှိခဲ့ပြီး လက်ရှိပေါက်ဈေးမှာ ကျပ် ၃၃၀ဝ မှ ၃၄၀ဝ အထိ ရှိကြောင်း၊ ဒီမွန်ငရုတ်သီး အနေနှင့် စက်တင်ဘာလအတွင်းက တစ်ပိဿာလျှင် ကျပ် ၃၇၀ဝ မှ ၃၈၀ဝ အထိသာ ရှိခဲ့သော်လည်း လက်ရှိတွင် ကျပ် ၄၄၀ဝ မှ ၄၅၀ဝ အထိ ပေါက်ဈေးရှိကြောင်း မိတ္ထီလာကုန်စည် ဒိုင်မှလည်း သိရသည်။

မိုးထောင်ငရုတ်သီးသစ်များ ဆွတ်ခူးချိန်တွင် မိုးမိခဲ့သဖြင့် တရုတ်နိုင်ငံဘက်က ဝယ်ယူခြင်း မရှိသေးသော်လည်း ယခင်နှစ် လက်ကျန် ဒီမွန်ငရုတ်သီ (အဟောင်းများ) ကိုသာ တရုတ်နိုင်ငံဘက်သို့ တင်ပို့ရန် ဝယ်ယူနေသေးကြောင်း မိတ္ထီလာ မြို့မဈေးအတွင်းရှိ စိုးမိုးအောင် ငရုတ်ပွဲရုံ လုပ်ငန်းရှင် ဦးနေမျိုးအောင်က ပြောကြားသည်။

“မိုးထောင်က ဖေဖော်ဝါရီလကုန်လောက်အထိ ထွက်ဦးမယ်ဆိုတော့ အရည်အသွေး ကောင်းရင် တရုတ်ဘက်က အဝယ် လိုက်နိုင်ပါတယ်။ သူအဝယ် လိုက်မှ ဈေးတက်နိုင်မယ်။ ဒီအတိုင်းဆို ရင်တော့ ဈေးအတက်အကျက တစ်ပိဿာကို တစ်ရာ နှစ်ရာလောက်ပဲ ကွာမယ်”ဟု  ဝမ်းတွင်းမြို့နယ်မှ ငရုတ်ကုန်သည် ဦးကျော်မင်းဦးက ပြောဆိုသည်။

ယခုတစ်ပတ်တွင် မိတ္ထီလာမြို့နယ် ငရုတ်ဈေးကွက်သို့ ဒေသထွက် ငရုတ်သီးများအပြင် ပျော်ဘွယ်၊ ရမည်းသင်း၊ နတ်မောက်၊ သာစည်နယ်ဘက်မှ ငရုတ်များမှာ ဝင်ရောက်လျက်ရှိရာ တစ်ရက်လျှင် ပိဿာတစ်ရာဝင် အိတ် ၄၀ဝ၀ မှ ၅၀ဝ၀ အထိ ဝင်နေကြောင်း မိတ္ထီလာမြို့ရှိ ငရုတ်ပွဲရုံများထံမှ စုံစမ်းသိရှိရသည်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...