Skip to main content

ဝက်ခြံထွက်တတ်တဲ့ အသားအရည်ပိုင်ရှင်တွေ သိသင့်တဲ့ အချက် ၃ ချက်

ဝက်ခြံထွက်တတ်တဲ့ အသားအရည်ပိုင်ရှင်တွေ သိသင့်တဲ့ အချက် ၃ ချက်


 
ဝက်ခြံထွက်တတ်တဲ့ အသားအရည်ပိုင်ရှင်တွေ သိသင့်တဲ့ အချက် ၃ ချက်

တစ်ခါတစ်ရံ သူများနဲ့ စကားပြောတဲ့အခါ ကိုယ့်မျက်နှာက ၀က်ခြံကိုစိုက်ကြည့်နေတဲ့ အခိုက်အတန့်မျိုးကြောင့် ရှိုးတို့ရှန်းတန်း ဖြစ်ဖူးလား။ အသားအရည် လှပကြည်လင်စေဖို့ နည်းလမ်းပေါင်းစုံနေအောင် စမ်းကြည့်ဖူးလား။

နို့ထွက်ပစ္စည်းတွေ လျှော့စားပါ

မျက်နှာမှာ ၀က်ခြံတွေထွက်ရတဲ့ အကြောင်းအရင်းတစ်ချက်ကတော့ နို့ထွက်ပစ္စည်းတွေကြောင့် ဖြစ်ပါသတဲ့။ ဘာလို့လဲဆိုတော့ မွေးမြူရေးနွားတွေဟာ နို့ထွက်ပိုမိုကောင်းမွန်စေဖို့ ဟော်မုန်းဆေးတွေ အများကြီး ထိုးခံရတဲ့အတွက်ဖြစ်ပါတယ်။ အဲဒီ ဟော်မုန်းတွေက အဆီထွက်တတ်တဲ့ အသားအရည်မျိုးတွေကို ၀က်ခြံတွေထွက်စေဖို့ တွန်းအားပေးလို့ပါပဲ။

မျက်နှာပေါ်မှာ ၀က်ခြံတွေအများကြီး ထွက်လာပြီဆိုရင်တော့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နွားနို့၊ ဒိန်ချဉ်၊ ချိစ်၊ ထောပတ်၊ ရေခဲမှုန့်စတာတွေကို လျှော့စားဖို့၊ ရှောင်ကြဉ်ဖို့ စဉ်းစားသင့်ပါပြီ။

ခေါင်းအုံးစွပ်ကို မကြာခဏလဲလှယ်ပါ

၃၊ ၄ ရက်တစ်ကြိမ် ခေါင်းအုံးစွပ်လဲလှယ်ခြင်းဟာလည်း ၀က်ခြံတွေပိုမို ဆိုးရွားသွားစေမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ညတိုင်း ခေါင်းအုံးအိပ်နေတဲ့ ခေါင်းအုံးပေါ်ကို ဆံပင်မှာရှိတဲ့ ဘက်တီးရီးယာားပိုးမွှားတွေက ရောက်ရှိနေတတ်ပါတယ်။ ဒီလိုခေါင်းအုံးစွပ်ပေါ်မှာ အိပ်ခြင်းဟာလည်း မျက်နှာပေါ်ကို ဘက်တီးရီးယားတွေ ရောက်ရှိလာနိုင်ပြီး ယားယံခြင်း၊ ၀က်ခြံထွက်ခြင်းတွေ ဖြစ်စေပါတယ်။
ခေါင်းအုံးစွပ်မကြာခဏ လဲဖို့ပျင်းတယ်အလုပ်ရှုပ်တယ်ဆိုရင်တော့ ခေါင်းအုံးပေါ်မှာ တံဘက်အသေးလေးတင်ပြီး အိပ်လို့လည်းရပါတယ်။

အဆာမခံပါနဲ့

တစ်ခါတလေမှာတော့ ၀က်ခြံထွက်တာဟာ အပြင်ပမ်းရုပ်ပိုင်းဆိုင်ရာကြောင့် မဟုတ်ဘဲခန္ဓာကိုယ် အတွင်းကကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နေလောင်ဒဏ်ကာကွယ်တဲ့ ခရင်မ်တွေ၊ သောက်ဆေးတွေ၊ လေဆာရောင်ခြည်ကုသမှုတွေလုပ်ပေမယ့် ၀က်ခြံတွေသက်သာမသွားတာကို တွေ့ရတတ်ပါတယ်။ ဒါဟာ အစာအိမ်ထဲက အက်ဆစ်ဓါတ်တွေကြောင့် ဖြစ်ပါသတဲ့။

ခန္ဓာကိုယ်အတွက် လိုအပ်အဟာရဓါတ်နဲ့ အစားအစာတွေကို ပြည့်ဝအောင် မစားသောက်ဘူးဆိုရင် အစာအိမ်ထဲရှိ အက်ဆစ်ဓါတ်တွေ ပိုမိုထွက်ရှိလာတတ်ပါတယ်။ အစာအိမ်တွင်း အက်ဆစ်ဓါတ်နည်းပါးတယ်ဆိုရင်တော့ Betaine HLC  ဆိုတဲ့ ဓါတ်တစ်မျိုးထုတ်လုပ်ပေးပြီး ဒါဟာ အသားအရည်နဲ့ ဆံပင်အဆီပြန်ခြင်းတွေကို လျှော့ချပေးနိုင်ပါတယ်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...