ဘဝကလင်းတ,အချစ်ကအသုံးမကျ
ညိုရီ ညရီ, ကောင်းကင်တခွင်၌အနီလှိုင်းယှက်တဲ့အချိန်မှာ တိမ်တွေဟာနီနီရဲဖြစ်ကုန်တယ် ၊ တစ်နေ့,ကျွန်တော် အိမ်မက်တခုမြင်မက်တယ်. . . အဲ့ဒီအိမ်မက်ထဲမှာ ကျွန်တော်ဟာ လယ်သမား, , , ဒါပေမယ့် . . . ကျွန်တော်ဟာ ကျွန်တော်ခန္ဓာကိုယ်ရဲ့ လယ်ပိုင်ရှင်ဖြစ်ခဲ့တယ်. . . အဲ့ဒီမှာတင် ကျွန်တော်ရဲ့အိမ်မက်ကြီးက ,
အိပ်စက်သွားခဲ့ပြီး , ကျွန်တော်က ပျံ သန်းခြင်းဖြင့် နိုးထလာခဲ့တယ် ၊
သန်းခေါင်ယံရဲ့မွေးဖွားခြင်းနှင့်အတူ ကျွန်တော်ဟာ , ညရဲ့မင်းဖြစ်ချင်တယ်
၊ ဘာလို့ဆို . . . အမှောင်တွေ အားလုံးရဲ့ဘုရင်ဖြစ်ချင်လို့ ၊ ပြီးတော့ . . . အဲ့အမှောင်တွေအားလုံးကို ဖျက်စီးပစ်ပြီး , ဒီလောကကို အလင်းဆောင်ပေးမယ့်
ထာဝရ''နေမင်း''ကို ဖန်ဆင်းချင်တယ် ၊ ဒါမှ , အမှောင်ဆိုတာ ကွယ်ပျောက်မှာ ၊
ဒါပေမယ့် . . .ကျွန်တော်က စိတ်ကူးမယဉ်တတ်ဘူး ၊
အတွေးနဲ့မဖြေတတ်ဘူး ၊ ကြိတ်ပြီးမဆွေးတတ်ဘူး ၊ ကြိတ်ပြီးမခံစားတတ်ဘူး ၊ ရှင်းရှင်းပဲ ဖွင့်ထုတ်ပြတတ်တယ် ၊ ခံစားမှု့မရှိရင် ကျွန်တော်ရဲ့ဝိညာဉ်ဟာ ထာဝရ အနားယူနေတာ ကြာခဲ့ပြီ ။
လူအများအုပ်က . . . .
''ပေါက်တူး''ကိုင်တဲ့လက်ကို , လက်ဖဝါးမှာ,အမာရွတ်က ကြမ်းထော်နေတာပဲလို့ ပြောမိရင် , ပြောခဲ့ရင်, ကျွန်တော်က ဘာပြန်ပြောမလဲ သိလား
'' ''မသာ''တွေရဲ့နောက်ဆုံးခရီး ပြီးမြောက်စေဖို့ကို ကောင်းကျိုးဆောင်ပြီး , မြေတွင်း''တူး''ပေးနေတဲ့ ''ပေါက်တူးသမား''ပါလို့ ပြန်ပြောချင်တယ် ,
'' အဲ့လိုဆို ကျေနပ်ပေးနိုင်မလား ''
ဆင်းရဲတိုင်း စာရိတ္တပျက်မယ်လို့ထင်ရင်
ကျွန်တော်က ဘာပြန်ပြောမလဲသိလား
'' ကုန်ဈေးးနှုန်း,
စီးပွားရေးရှင်သမားတိုင်းဟာ ,
လူလိမ် ၊ လူညာလို့ , ပြောမိမှာပဲ ''
အဲ့လိုပြန်ပြောရင် ကျေနပ်ပေးနိုင်မလား ၊
သရဲမမြင်ဖူးတဲ့ မျက်ကန်းက, ကျွန်တော်ကို , သရဲကဘယ်လိုပုံစံမျိုးကြီးကွလို့ '' လာခြောက်တိုင်း , ကြောက်စိတ်ကို ဖောက်ထုတ်ပစ်မယ် ,
ဘာလို့ဆို . . . ဘဝဖြစ်နေလို့ပဲ ။
လူ့ဘဝရဲ့ဆင်းရဲမှု့ကို ကြောက်နေရင်
ကျွန်တော် , အမေရဲ့ဗိုက်ထဲ ပြန်ဝင်နေလိုက်မယ် ၊ ဒါပေမယ့် အဲ့ဒီလို လုပ်လို့ရရင်ပေါ့လေ,တခါခါလဲ စိတ္တဇဆန်ဆန် ဇာတ်လမ်းတစ်ပုဒ်ထဲက , အရူးမင်းသားဖြစ်ချင်မိတယ် ၊ ဒါပေမယ့်လည်း . . . ဆေးတိုက်ပေးမယ့် သူနာပြုကလဲ အနားမှာမရှိတော့ , ''ဘယ်လိုမျိုးက ဘယ်လိုမျိုးလဲ''ဆိုတဲ့
မေးခွန်းထက်ကို ဖြေရတာခက်ခဲ့တယ် ၊ ကျွန်တော် ငယ်ငယ်က တွေးခဲ့ဖူးတယ်. . .ဒီလောကကြီးထဲမှာ ငါ,တစ်ယောက်ထဲသာ ဖြစ်ခဲ့ရင် , ပျင်းခြောက်ခြောက်နဲ့နေရခက်မှာပဲလို့ ., , ဒါပေမယ့် . . . အခု,ကျွန်တော် တစ်ယောက်တည်း ,အနီးအနားမှာ ဒီလောကရဲ့လူသားတွေ အများအပြား ရှိခဲ့လဲ ရှိနေလဲ , ကျွန်တော်ရဲ့အိမ်မှာတော့ , ကျွန်တော်တစ်ယောက်တည်းပဲ ၊ မနက်ဆို , မနက်စာပြင်ပေးမယ့်သူ, မရှိသလို ၊ ညဆိုလဲ , ထွက်စောင့်ကြို သူ,မရှိခဲ့ဘူး ၊ ဘာဖြစ်လဲ ၊ ကျွန်တော်က လူ ၊ ကျွန်တော်က အပူမဟုတ်တော့ , အထီးမကျန်ခဲ့ဘူး ၊ ပြီးတော့ ,ကျွန်တော်မှာ ပျင်းချိန်တောင် မရဘူး ၊ အလုပ်က ပြန်လာရင် , ထမင်းချက်ထားရင်း,ရေချိုးတယ် ၊ ဟင်း,ကတော့ ကြုံရာပေါ့ ၊ ဒါပေမယ့် . . ပျော်အောင်နေရင်တော့ ပျော်လာပါလိမ့်မယ် ၊
ပျင်းခဲ့ရင်လဲ . . . . ကမ္ဘာ့ကျော်,စာရေးဆရာကြီးတွေရဲ့စာပေတွေကို ဖတ်တယ် ၊ တခါတလေဆို ကဗျာတွေရေးတယ် ၊ ပြီးရင်,ကိုယ်ရေးတဲ့ကဗျာကို ကိုယ်ပြန်ဖတ်ပြီး '' ငါ,တော်တော် ရူးပါလား''ဆိုပြီး ဘယ်သူမှမကြားအောင်
ရီမိတယ် ၊
ညအိပ်ခါနီးရင်လဲ အနမ်းပေးတတ်တဲ့ ''ဖူးစာရှင်မလေး''ကို သတိရလာမိတယ် ၊ တစ်ယောက်ထဲ ငိုမိတယ် ၊ ရင်ထဲက မီးတွေမကုန်သ၍တော့ သူမကိုသတိရအုန်းမှာပဲ . . . တားလို့မှမရတာ ၊ လေဖောင်းနေတဲ့ ''အိတ်''ကို , ဓားနဲ့ခုတ်လို့ရပေမယ့် . . . လေကိုတော့ ခုတ်ပိုင်းလို့မရပါဘူး ၊ ကျွန်တော် သူမကိုစတွေ့တဲ့အချိန်က ,သူမဟာ , ပါးမို့နီနီလေးနှင့် ပြီးတော့ , သူမ,ရီလိုက်တဲ့အခါကျရင်,ပါးချို င့်လေးနှင့်ချစ်စရာကောင်းခဲ့ပြီး . . ., စမ်းရေလေးတွေဟာ ငှက်ကလေးတစ်ကောင်လို ပျံ ဖြန့်သွားခဲ့တယ် ၊ ဘာလို့ဆို. . . သူမရဲ့အပြုံးဟာ အေးမြမှု့ဖြင့်ဝဲပျံနေလို့ပဲ ၊ သူမ,အတွက် ဘာမှမလိုအပ်ပေမယ့် ,ကျွန်တော်ရဲ့ ကြင်နာမှု့ကိုတော့ လိုအပ်တယ် ၊ ကျွန်တော်အတွက် ဘာမှမလိုအပ်ပေမယ့် , သူမရဲ့မေတ္တာကိုတော့ လိုအပ်တယ် ၊
နှစ်ဦးသား, , , တမိုးအောက်မှာ တွေ့ဆုံခဲ့ပေမယ့် . . . တမိုးရိပ်အောက်မှာပဲ အချစ်တွေဟာ ပျောက်ဆုံးမသွားခဲ့ပါ ၊ ညို ချမ်းရီ နေစောင်းတဲ့အချိန်တိုင်း သူမ,ကျွန်တော်အပြန်အလာကို အိမ်ရှေ့ခုံတန်းလေးမှာ အမြဲမျှော်နေတတ်တယ် ၊
မနီးမဝေး၌ ကျွန်တော်,သူမရဲ့ ရိပ်သဲ့သဲ့မြင်ခဲ့တယ် ၊ သူမ,ကျွန်တော်ရဲ့အပြန်လာကို တကယ်စောင့်မျှော်နေတာပဲလို့ ပျော်ခဲ့ပြီး . . . ထိုခုံတန်းဆီ ပြေးသွားခဲ့တယ် ၊ အဝေးကနေ လှမ်းမြင်ရတာတော့ သူမဟာ,ခုံတန်းလေးမှာ ထိုင်နေလျှက် ကျွန်တော်ကို စောင့်မျှော်နေတယ် . . . အနီးကပ်ရောက်ရှိချိန်မှာတော့ , ခုံတန်းအိုလေးဟာ , ''တကျွီကျွီနဲ့ ''ဆွေးမြည့်နေတယ် ၊ ဟုတ်သားပဲ ၊
ကျွန်တော်မေ့သွားခဲ့တယ် ၊ သူမ,က တခြားကမ္ဘာ့ရဲ့ လူဖြစ်သွားခဲ့ပြီပဲ . . . ခုံတန်းအိုလေးကို ဖြည်းဖွဖွကိုင်နေရင်းကျွန်တော်, သူ့ကိုကြည့်ရင်း စိတ်မကောင်းဖြစ်မိတယ် ၊ ကျွန်တော်က ဖြေတတ်ပေမယ့် . . . ဒီခုံတန်းအိုကတော့ ဖြေနိုင်လိမ့်မယ်မထင် . . . ညနေတိုင်း ညနေတိုင်း ထိုင်လေ့ရှိတဲ့ သူမ,မရှိတော့တဲ့ နောက်ပိုင်း,ဒီခုံတန်းအိုဟာ ညနေ.,နေဝင်ခါနီးတိုင်း '' တကျွီကျွီ''နဲ့ ခေါ်နေရှာတယ် ၊ မျှော်တမ်းနေတယ် ၊
မျက်ရည်မရှိပေမယ့် . . . သံယောဇဉ်တော့, သူ့မှာရှိလိမ့်မယ် ၊
ဒီညချမ်းမှာတော့ ခုံတန်းအိုဟာ,တစစနဲ့ဆွေးမြည့်ကျိုးပဲ့ထွက်ပြီး,မနက်ဦးမှာတော့ . . . ခုံတန်းအိုဟာ,မရှိချေတော့ပါ ၊ အခုဆို ကျွန်တော်အနားမှာ ,သူမကော ,သူမ,ထိုင်နေကျ , ခုံတန်းအိုပါ မရှိခဲ့ ၊
ကျွန်တော်ရဲ့ မျက်ဝန်းထဲမှာ မျက်ရည်တော့ နည်းနည်းလွယ်လာမိတယ် ၊ မငိုမိအောင်တော့ ထိန်းထားနိုင်ခဲ့တယ် ၊
ပုံမှန်နေ့စဉ် ဘဝအတိုင်း,ရုန်းကန်မှု့ဖြင့် ကျွန်တော်ဟာ ချီတတ်ခဲ့တယ် ၊ တနေထွက် တနေဝင်ပေါ့ . . . ဒီလိုနဲ့ တညမှာတော့ , အလုပ်ပင်ပန်းလာသော ကျွန်တော်ဟာ ခဏလဲလျောင်းရင်း အိပ်မောကျ ပြီး အိပ်ပျော်သွားလေခဲ့တယ် ၊ ထိုအချိန်မှာတော့ . . . သူခိုးတစ်ယောက် ကျွန်တော်အိမ်ထဲသို့ ဝင်လာလေတယ် ၊ ဒါပေမယ့် . . . ကျွန်တော်ကတော့ မသိ . . . တနေကုန်အလုပ်ပင်ပန်းခဲ့လို့ အိပ်ကောင်းကောင်းပေါ့ , , , ပြီးတော့ . . . သူခိုးက ကျွန်တော်ကို လာခေါ်နိုးတယ် ၊ အဲ့တော့မှ ကျွန်တော်က ရုတ်တရက်လန့်နိုးသွားပြီး , လူစိမ်းမျက်နှာကို မြင်ရတော့ , အံ့သြတော့ အံ့သြပေမယ့် အချိန်တော့မဆိုင်းဘူး , နီးရာ သံပိုက်ကို ပြေးဆွဲယူတော့ . . . သူခိုးက လက်ကာပြတယ် ၊ မလုပ်နဲ့အုန်းပေါ့ ၊ ဒါနဲ့ သူက ဆက်ပြောတယ် . . . '' ကျွန်တော် ,ဒီအိမ်ကိုဝင်လာတာ ခိုးဖို့ဝင်လာတာ ..ဒါပေမယ့် . . . အကို့ကိုကြည့်ပြီး ကျွန်တော် စိတ်မကောင်းလို့ , ခိုးဖို့စိတ်ကူးမရှိတော့ဘူးဆိုပြီး '' သူ့ ဝတ်ထားတဲ့ အင်္ကျီကို ချွတ်ပေးတယ် ၊ အေးပေါ့ ဟုတ်သားပဲ ၊ ကျွန်တော်အိမ်မှာ ဘာမှမှမရှိပဲ . . . ကျွန်တော်တောင်မှ ဝတ်ထားတဲ့အင်္ကျီက စုတ်ပြတ်လို့ အဖာတစ်ရာနဲ့ , ဒါကိုမြင်မကောင်းလို့ဆိုပြီး သူခိုးက ,သူ့အင်္ကျီ ကျွန်တော်ကို ချွတ်ပေးတာပေါ့ ၊ သူခိုးကလဲ သူ့အင်္ကျီချွတ်ပေးခဲ့ပြီး ပြန်သွားလေခဲ့တယ် ၊ သူခိုးပေးခဲ့တဲ့ အင်္ကျီကို ကျွန်တော်ကိုင်ကြည့်လိုက်တော့ , , , အလိုလေး ၊ တစ်သိန်းတန်အင်္ကျီဆိုပါလား ၊ သြော် , သူခိုး , သူခိုး , နာမည်ကတာ ဆိုးတာ , လူကတော့ မြင့်ပါ့ဆိုပြီး , တွေးနေမိတယ် ၊ အေးပေါ့ ,တို့တွေက ဆင်းရဲပေမယ့် ရိုးသားကြတယ်. . . သူခိုးတွေလိုတော့ ဘယ်မြင့်ပါ့မလဲ ၊
သြော် ,ငါဘဝ ဘယ်လောက်ထိအဆင်ပြေသလဲဆိုရင် , ကိုယ့်အိမ်ကို လာခိုးတဲ့သူခိုးတောင်မှ မခိုးရက်တော့တဲ့ ဘဝပါလားနော် ဆိုပြီး ကိုယ်ဖာသာကိုယ်တွေးပြီး ဘယ်သူမှမကြားအောင် ရီနေမိတယ် ။
တကယ်တော့ . . . ဘဝဆိုတာ ,
ကြိုးပေါင်း,အမြောက်အများ,များစွာဖြင့် ချည်တုတ်ခြင်းခံရသော အရာကို ''ဘဝဟု''ခေါ်ရင် မှန်နိုင်မည်လား ၊
ကျွန်တော်ရဲ့ဘဝက လင်းတတစ်ကောင်လို စုတ်ပြတ်နေပြီး ,ကျွန်တော်ရဲ့အချစ်ကလဲ လင်းတတစ်ကောင်လိုပဲ မတင့်တယ်ခဲ့ဘူး ၊
အဲ့တော့ . . . ဘယ်လိုပြန်ပြောမလဲသိလား ၊
ဘဝက ''လင်းတ '' ,
အချစ်က, '' စောက်သုံးမကျ''လို့ ပြောချင်မိတယ် ။

- Get link
- Other Apps
- Get link
- Other Apps
Comments