Skip to main content

မဖွယ်မရာ နှောင့်ယှက်ခံရသည့် ဆရာမငါးဦး စာပြန်သင်ရန် ဖိအားပေးခံရ

မဖွယ်မရာ နှောင့်ယှက်ခံရသည့် ဆရာမငါးဦး စာပြန်သင်ရန် ဖိအားပေးခံရ

 
 
ပန်းတောင်းမြို့နယ်၊ ကိုင်းကြီးအုပ်စု၊ ပိန္နဲခုံကျေးရွာ အလယ်တန်းကျောင်းတွင် အောက်တိုဘာလ ဒုတိယပတ်အတွင်းက ကျောင်းဆရာမ ငါးဦး နေရပ်ပြန်စဉ် မဖွယ်မရာ ညစ်ညမ်းစာများ ရေးသားခံရခြင်းနှင့် အတွင်းခံ အသုံးအဆောင်များ ဖျက်ဆီးခံရသည့်အတွက် ကျောင်းသို့ ပြန်မသွားလိုသော်လည်း ယင်းကျောင်း၌ တာဝန်ပြန်ထမ်းဆောင်ရန် ဖိအားပေးခံနေရကြောင်း အဆိုပါဆရာမများက ပြောကြားသည်။

ပြည်၊ အောက်တိုဘာ ၃၁

ပန်းတောင်းမြို့နယ်၊ ကိုင်းကြီးအုပ်စု၊ ပိန္နဲခုံကျေးရွာ အလယ်တန်းကျောင်းတွင် အောက်တိုဘာလ ဒုတိယပတ်အတွင်းက ကျောင်းဆရာမ ငါးဦး နေရပ်ပြန်စဉ် မဖွယ်မရာ ညစ်ညမ်းစာများ ရေးသားခံရခြင်းနှင့် အတွင်းခံ အသုံးအဆောင်များ ဖျက်ဆီးခံရသည့်အတွက် ကျောင်းသို့ ပြန်မသွားလိုသော်လည်း ယင်းကျောင်း၌ တာဝန်ပြန်ထမ်းဆောင်ရန် ဖိအားပေးခံနေရကြောင်း အဆိုပါဆရာမများက ပြောကြားသည်။

ယင်းသို့ဆရာမများကို အရှက်ရအောင် ပြုလုပ်ခဲ့သည့် ကျေးရွာစာသင်ကျောင်းသို့ ပြန်မသွားလိုသော်လည်း ပြန်မသွားပါက ဝန်ထမ်း စည်းမျည်း စည်းကမ်းများအရ အရေးယူခြင်း ခံရမည်ဟု ပဲခူးတိုင်း စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ပြောဆိုခဲ့ကြောင်း ပန်းတောင်းမြို့နယ်၊ ပိန္ဒဲခုံကျေးရွာ စာသင်ကျောင်းမှ ဆရာမများက ပြောကြားသည်။

ပန်းတောင်းမြို့နယ်၊ ကိုင်းကြီးအုပ်စု၊ ပိန္ဒဲခုံကျေးရွာ အလယ်တန်းကျောင်းတွင် အောက်တိုဘာလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့က ကျောင်းပိတ်ရက် အိမ်ပြန်သွားခဲ့သည့် ဆရာမလေး ငါးဦး၏ အခန်းတွင်း၌ အတွင်းခံနှင့် အသုံးအဆောင်များကို ဖျက်ဆီးခြင်း၊ ညစ်ညမ်းစာနှင့် ပုံများ ရေးဆွဲထားခြင်း၊ ကျောင်းသုံးစာအုပ်များတွင်လည်း ညစ်ညမ်းစာပုံများ ရေးဆွဲခဲ့ခြင်းကို ကြုံတွေ့ခဲ့ရကြောင်း ၎င်းတို့က ပြောဆိုသည်။  

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဆရာမလေးများက သက်ဆိုင်ရာသို့ အသိပေး တိုင်ကြားခဲ့ပြီး ကျောင်းသို့ ပြန်လည် တာဝန်ထမ်းမဆောင်ရဲသည့်အတွက် ပြည်မြို့၊ သရေခေတ္တရာခန်းမတွင် အောက်တိုဘာလ ၃၀ ရက်နေ့ ညနေက ပဲခူးတိုင်း စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင် အပါအဝင် အုပ်ချုပ်ရေးမှူးနှင့် ဆရာ၊ ဆရာမများအကြား ညှိနှိုင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။ 

“တွေ့ဆုံတဲ့အခါမှာ တရားခံတွေအကြောင်းလည်း တစ်ခွန်းမှ မပြောဘူး။ ပညာရေးဝန်ထမ်း ဖြစ်တဲ့အတွက် ပြန်လွှတ်တယ်။ သွားရမယ်။ မသွားရင် ဝန်ထမ်း စည်းမျဉ်းနဲ့ အရေးယူမယ်ပဲ ပြောတယ်”ဟု ဆရာမ ဒေါ်စံပယ်ခိုင်က ဆိုသည်။

အဆိုပါ ပန်းတောင်းမြို့နယ် ကိုင်းကြီးအုပ်စု ပိန္ဒဲခုံကျေးရွာသည် ပန်းတောင်းမြို့မှ သုံးနာရီခန့် ဆိုင်ကယ်ဖြင့် သွားရပြီး ဆိုင်ကယ် ရပ်နားကာ မိနစ်လေးဆယ်ခန့် လမ်းလျှောက်သွားရ၍ သွားလာရခက်ခဲကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းသို့ မဖွယ်မရာ ရေးသားခံရခြင်းနှင့် အသုံးအဆောင်များ ဖျက်ဆီးခံရခြင်းတို့ကြောင့် (ပ) ၁၈၆/၂၀၁၇၊ ပုဒ်မ ၄၅၁၊ ၄၂၇၊ ၅၀၉ ၊၂၉၂တို့ဖြင့် ဥသျှစ်ပင် တိုက်နယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အဆိုပါ စခန်းထံမှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အဓိကဆုံး ဖြတ်ပေးရန်မဟုတ်ဘဲ ညှိနှိုင်းပေးခြင်းဖြစ်ကာ ကျေးရွာနှင့် မြို့နယ် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများကလည်း တာဝန်ယူပေးမည်ဟု ပြောဆိုထားကာ အာမခံချက်လည်း ပေးထားကြောင်း ပဲခူးတိုင်း စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်က ပြောကြားသည်။

“လုပ်သွားတာကလည်း ကလေးမကျ လူကြီးမကျ ၁၂ နှစ်အရွယ် ကလေးတွေဖြစ်နေတယ်။ တမင် ရည်ရွယ်ချက် ရှိရှိလည်း မဟုတ်ပါဘူး။ ဒီစာသင်နှစ်ကို ကလေးတွေ မျက်နှာငဲ့ပြီး ပြန်သွားပေးဖို့ပါ။ မေတ္တာရပ်ခံတာပါ။ ဒီစာသင်နှစ် ပြီးရင် သူတို့အတွက် တစ်ခုခု စီစဉ်ပေးမှာပါ”ဟု ဝန်ကြီးက ဆိုသည်။ 

သနပ်ပင်မြို့တွင်လည်း အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွားထားဖူးပြီး အုပ်ချုပ်ရေးပိုင်း၏ လုံခြုံရေး အာမခံချက် တာဝန်ယူမှုဖြင့် ပြန်လည် ပို့ထားရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

Comments

Popular posts from this blog

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်)

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်) အလှကုန် ပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီးငယ် တစ်ဦး လှမ်းဝင် သွားနေသည်။ ထို့နောက် ဆိုင်အတွင်း ရောင်းချသော အလှကုန် ပစ္စည်းများကို ကြည့်ရှုပြီး တစ်နေရာ အရောက် သူလိုချင်သော အရာကို တွေ့ရှိရ၍ ဝယ်ယူလိုက်သည်။  အဆိုပါ အမျိုးသမီးငယ် ဝယ်ယူသွားသော အလှကုန်ပစ္စည်း အမျိုးအစားမှာ အိမ်နီးချင်းနိုင်ငံ များမှ ဝင်ရောက်လျက် ရှိသည့် အမျိုးသမီးများ အတွက် ရင်သားကြီးထွားစေသော ရင်သားလူးဆေး ပင်ဖြစ်သည်။  အလှအပကို စိတ်ဝင်စားကြသည့် အမျိုးသမီး များသည် မျက်နှာလှပရန်၊ အသားအရည်ကောင်း ရန် စသည်ဖြင့် အလှအပအတွက် လိုအပ်သော အလှပြင်ပစ္စည်းများဖြင့် လှပရန် လိမ်းခြယ်ကြ၊ ခွဲစိတ် ပြုပြင်ကြသည့် နည်းတူ သဘာဝ အလျောက် ဖြစ်ပေါ်နေသော ရင်သားနှင့် ပတ်သက်၍ ရင်သား လှပရန် နိုင်ငံစုံမှ ထုတ်လုပ်ထားသော လိမ်းဆေး များလူးခြင်း၊ ရင်သားခွဲစိတ် ပြုပြင်ခြင်းများကို အချို့သော အမျိုးသမီးများ ပြုလုပ်ကြသည်ကို တွေ့မြင်လာရသည်။  “အစ်မတို့ဆိုင်ကို လာဝယ်ကြတဲ့ သူတွေထဲ အပျိုတွေဆို ရင်သားကြီး ဆေးဝယ်ပြီး အိမ်ထောင်ကျပြီးတဲ့ သူတွေကတော့ ရင်သားပင့်တင်တဲ့ဆေး သုံးတာ များတယ်” ဟ...