ဂျပန်ဧကရာဇ်နဲ့ တွေ့တဲ့အခါ နှုတ်စောင့်စည်းပါမယ်လို့ သမ္မတ ဒူတာတေး ကတိပေး
နှစ်ရက်ကြာခရီးစဉ်အတွင်း အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ဂျပန်ဧကရာဇ်မင်း Akihito နဲ့ ဒီသီတင်းပတ်မှာ တွေ့ဆုံတဲ့အခါ နှုတ်စောင့်စည်းပါမယ်လို့ ဖိလစ်ပိုင် သမ္မတ ဒူတာတေး မနေ့က ကတိပေးလိုက်ပါတယ်။
စကားပြောကြမ်းတဲ့ ဖိလစ်ပိုင်သမ္မတကြောင့် သံတမန်ရေးတင်းမာမှာကို ဂျပန်နိုင်ငံက စိုးရိမ်သံတွေထွက်လာပြီးတဲ့နောက် တိုကျိုကို မထွက်ခွာခင်လေဆိပ်မှာ သတင်းထောက်တွေကို အဲဒီလိုပြောကြားတာပါ။
မနှစ်ကကျင်းပတဲ့ ရွေးကောက်ပွဲအနိုင်ရပြီးကတည်းက ဖိလစ်ပိုင်သမ္မတဟာ ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ကြိုးစားနေပြီး ဂျပန်ဧကရာဇ်နဲ့ မနှစ်ကတွေ့ဆုံဖို့ စီစဉ်ထားပေမဲ့ ဂျပန်တော်ဝင်မိသားစုဝင် တဦး နတ်ရွာစံသွားလို့ ပျက်သွားရပါတယ်။
တရုတ်နိုင်ငံပြီးရင် ဂျပန်နိုင်ငံဟာ ၂၀၁၆ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံနဲ့ ဒုတိယအများဆုံး ကုန်သွယ်တဲ့နိုင်ငံဖြစ်ပြီး ပြည်ပကထိပ်တန်းအလှူရှင်နိုင်ငံဖြစ်ပါတယ်။ ဖိလစ်ပိုင်သမ္မတဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့ဆုံပါမယ်။
Photo: Presidential Communications (Government of the Philippines)

Comments