Skip to main content

သမ္မတကြီးထံပေးစာ ဇာတ်ကားရိုက်ပြီးချိန် အိုစာသွားတယ်လို့ ခံစားရတဲ့ ဖွေးဖွေး

သမ္မတကြီးထံပေးစာ ဇာတ်ကားရိုက်ပြီးချိန် အိုစာသွားတယ်လို့ ခံစားရတဲ့ ဖွေးဖွေး


 
ဒါရိုက်တာဝိုင်း ရိုက်ကူး သည့် ‘သမ္မတကြီးထံပေးစာ’ရုပ် ရှင်ဇာတ်ကားကို တစ်လခန့် ရိုက် ကူးခဲ့ပြီး သရုပ်ဆောင်ရသည့် ဇာတ်ဝင်ခန်းတိုင်းတွင် စိတ်ဖိစီး မှုများသောကြောင့် ဇာတ်ကား ရိုက်ကူးပြီးချိန်၌ အိုစာသွားသည် ဟု ခံစားရကြောင်း သရုပ်ဆောင် ဖွေးဖွေးက ပြောသည်။
ဒီဇိုင်နာ Phyo Ko ဖက်ရှင်ရှိုးပွဲသို့တက်ရောက်လာသော ဖွေးဖွေး (ဓာတ်ပုံ-ဖွေးဖွေးဖေ့စ်ဘွတ်ပေ့ခ်ျ)
ဒါရိုက်တာဝိုင်း ရိုက်ကူး သည့် ‘သမ္မတကြီးထံပေးစာ’ရုပ် ရှင်ဇာတ်ကားကို တစ်လခန့် ရိုက် ကူးခဲ့ပြီး သရုပ်ဆောင်ရသည့် ဇာတ်ဝင်ခန်းတိုင်းတွင် စိတ်ဖိစီး မှုများသောကြောင့် ဇာတ်ကား ရိုက်ကူးပြီးချိန်၌ အိုစာသွားသည် ဟု ခံစားရကြောင်း သရုပ်ဆောင် ဖွေးဖွေးက ပြောသည်။
‘‘ဒိုင်ယာလော့ခ်အရလည်း အရမ်းမှတ်ရတယ်။ သတင်း ထောက်၊ ရှေ့နေဆိုတော့လေ။ ရှေ့နေကိုမှ ဝါသနာပါလို့ သတင်းထောက်လုပ်တာဆိုတော့ ပြော တဲ့စကားတွေကအစ ၏၊ သည် မရွေး သေချာမှတ်ရတယ်။ ပုဒ်မ တွေမှတ်ရတယ်။ ဆင်းန်ပေါ်မှာ တော့ အခက်အခဲအရမ်းနည်းပါ တယ်။ ကိုယ်ပြောရမယ့် နံပါတ် တွေကို ပါးစပ်က အမြဲရွတ်ဖြစ် တယ်။ ဖွေးက နဂိုးကတည်းက နံပါတ်မှတ်တာ အရမ်းညံ့တယ်။ နံပါတ်တွေကို အရမ်းကျက်ရ တယ်’’ဟု ၎င်းက ပြောသည်။
ယင်းဇာတ်ကားတွင် ဖွေး ဇွေးက ရှေ့နေ၊ သတင်းထောက် တစ်ဦးအဖြစ် သရုပ်ဆောင်ရခြင်း ဖြစ်သည်။ လက်ရှိတွင် 7 Senseထုတ်လုပ်ရေးက ရိုက်ကူးမည့် ‘မုန်းစွဲ’ ရုပ်ရှင်ဇာတ်ကားကြီး၌ ပါဝင်ရသည့်အခန်း    နည်းသော်လည်း လုပ်ကွက်ရှိသောကြောင့် လက်ခံဖြစ်ပြီး     အရွယ်နှစ်မျိုးသရုပ်ဆောင်ရမည်ဟု ဆိုသည်။
‘‘အဓိကက ကိုနေတိုးတို့ ညီ အစ်ကိုက လုပ်ကွက်ပိုရတယ်။ ဖွေးက ၁၆ ဆင်းန်ပဲပါတယ်။ အဲဒီ ၁၆ ဆင်းန်လုံးက ဟဲဗီးတွေများ တယ်။ မလုပ်ရတဲ့ ဆင်းန်မရှိဘူး။ ဖွေးက အရွယ်နှစ်မျိုးကိုမှ ငယ် ဘဝရယ်၊ အသက်ကြီးသွားတဲ့ ဘဝရယ်ပေါ့။ ကိုနေတိုးရဲ့ အမေ နေရာက သရုပ်ဆောင်ရမယ့်အ တွက် အရင်ရှေးတုန်းက အဘွား ကြီးတွေဝတ်တဲ့ ပုံစံမျိုးလေးတွေ ချုပ်ထားတယ်။ မိတ်ကပ်နဲ့ ဆံပင် က ဒါရိုက်တာဘက်က ချိတ်ထား တယ် ပြောပါတယ်။ အသံပိုင်းကို တော့ ဖွေးကျင့်ယူရမှာပေါ့။ ဖွေးက အစကတည်းက အသံလုံး သေးတဲ့သူဆိုတော့ Deep Voice ဖြစ်အောင် ကြိုးစားရမှာပေါ့’’ဟု ဖွေးဖွေးက ပြောသည်။
‘မုန်းစွဲ’ဇာတ်ကား၌ ပါဝင် သရုပ်ဆောင်ရန် ပရိုဂျူဆာဘက် က စတင်ကမ်းလှမ်းစဉ်က အံ့ဩခဲ့ရသလို ၎င်းမလုပ်ဖူးသည့် ဇာတ် ရုပ်ဖြစ်၍ လက်ခံခဲ့ကြောင်း ဆိုသည်။
သရုပ်ဆောင် နေတိုးနှင့် ‘ကျွန်မက နှင်းဆီပါမောင်’ဇာတ် ကားရိုက်ကူးပြီးချိန်ကစ၍ သုံးနှစ် ခွဲအကြာမှ ပြန်လည်တွဲဖက်ရိုက် ကူးရမည့် ဇာတ်ကားဖြစ်သလို အချစ်ကားမဟုတ်သော်လည်း ထူးခြားသည့် ကာရိုက်တာတွဲဖက် မှုမျိုးနှင့်    ကြုံတွေ့ရမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...