Skip to main content

ပွဲ ၈၀၀ ပြည့်ပွဲဖြစ်ကြောင်းကို ရုပ်သံသတင်းကြည့်လိုက်ရ၍သာ သိရှိခဲ့ခြင်းဖြစ်ကြောင်း အာစင်ဝင်းဂါး ဝ


ပွဲ ၈၀၀ ပြည့်ပွဲဖြစ်ကြောင်းကို ရုပ်သံသတင်းကြည့်လိုက်ရ၍သာ သိရှိခဲ့ခြင်းဖြစ်ကြောင်း အာစင်ဝင်းဂါး ၀န်ခံ

 The Voice Myanmar 


အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အာဆင်နယ်က ဆွမ်ဆီးကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှာ ၎င်း၏အာဆင်နယ်နည်းပြဘ၀ဖြတ်သန်းမှု ပွဲ ၈၀၀ ပြည့် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ကြောင်းကို ရုပ်သံသတင်းကြည့်ရှုလိုက်မိ၍သာ သိရှိခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟ၀န်ခံသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
လန်ဒန်၊ အောက်တိုဘာ ၃၀

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အာဆင်နယ်က ဆွမ်ဆီးကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှာ ၎င်း၏အာဆင်နယ်နည်းပြဘ၀ဖြတ်သန်းမှု ပွဲ ၈၀၀ ပြည့် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ကြောင်းကို ရုပ်သံသတင်းကြည့်ရှုလိုက်မိ၍သာ သိရှိခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟ၀န်ခံသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။

အသက် ၆၈ နှစ်အရွယ်ရှိ အာစင်ဝင်းဂါးသည် အာဆင်နယ်ထံတွင် နည်းပြဘ၀ဖြတ်သန်းမှု ၂၁ နှစ် ရှိလာခဲ့ပြီဖြစ်ပြီး အသင်းနှင့်အတူ သမိုင်းမှတ်တိုင်ပေါင်းများစွာကို ဖြတ်သန်းခွင့်ရခဲ့သည့်အတွက် ၎င်းအနေနှင့် လွန်စွာကျေနပ်မိပါကြောင်းလည်း အာစင်ဝင်းဂါးက အသိပေးပြောကြားသွားခဲ့သည်။

အာစင်ဝင်းဂါးသည် ၎င်းအနေနှင့် ယမန်နှစ်ဘောလုံးရာသီ၌ ရာထူးထုတ်ပယ်ခံရရန် လွန်စွာနီးစပ်သည့် အခြေအနေတစ်ရပ်ကို ရင်ဆိုင်ခဲ့ရသည်ဟုလည်း ၀န်ခံထားပြီး အက်ဖ်အေဖလားပြိုင်ပွဲတွင် ချန်ပီယံဆုဖလား ဆွတ်ခူးကိုင်မြှောက်လိုက်နိုင်ခဲ့ပြီးသည့်နောက်တွင်မှသာ ဖိအားများအောက်မှနေ၍ ၎င်းအနေနှင့် ရုန်းထွက်လိုက်နိုင်ခြင်းဖြစ်ကြောင်း အာစင်ဝင်းဂါးက ရှင်းပြသွားခဲ့သည်။

အာစင်ဝင်းဂါးသည် အာဆင်နယ်ကို ပရီးမီးယားလိဂ် ပွဲတစ်ထောင်ကျော် တာဝန်ယူပေးခွင့်ရနိုင်ရန် ဆန္ဒရှိနေသော်လည်း ယင်းအခွင့်အရေးကို ပိုင်ဆိုင်ရရှိရန်မှာ လွယ်ကူနိုင်လိမ့်မည်မဟုတ်ဟု မှတ်ချက်ပေးထားပြီး ယင်းသို့ ပွဲတစ်ထောင်ကျော် တာဝန်ယူခွင့်ရသည့်မှတ်တမ်းကို စိုက်ထူနိုင်ရန်အတွက် အာဆင်နယ်ကို နောက်ထပ်ငါးနှစ် တာဝန်ယူခွင့်ရမှသာ ဖြစ်နိုင်လိမ့်မည်ဖြစ်ကြောင်း အာစင်ဝင်းဂါးက ဆက်လက် အသိပေးသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် အာစင်ဝင်းဂါးက “ကျွန်တော့်ရဲ့နည်းပြဘ၀ဖြတ်သန်းမှုအတွင်း အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ် ပွဲ ၈၀၀ ပြည့်ပြီဆိုတာကို ကျွန်တော် လုံးဝ မသိရှိခဲ့ပါဘူး။ အာဆင်နယ်နဲ့ ဆွမ်ဆီးတို့ပွဲစဉ် မကစားခင်မှာ မန်ယူနဲ့ စပါးတို့ယှဉ်ပြိုင်ကစားတဲ့ပွဲကို ရုပ်သံကနေတစ်ဆင့် ကျွန်တော် ကြည့်ရှုနေခဲ့တာပါ။ အဲ့ဒီအချိန်မှာ Sky Sports သတင်းဌာနက ဒီနေ့ညယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်ဟာ ကျွန်တော့်အတွက် အာဆင်နယ်နည်းပြဘ၀ဖြတ်သန်းမှုအတွင်း ပရီးမီးယားလိဂ် ပွဲ ၈၀၀ ပြည့်ပွဲကို တာဝန်ယူရမယ့်ပွဲဖြစ်ကြောင်း သတင်းဖော်ပြလာခဲ့ပါတယ်။ အဲ့ဒီတော့မှပဲ ဆွမ်ဆီးနဲ့ပွဲဟာ ကျွန်တော့်အတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်တယ်ဆိုတာကို သိလိုက်ရတာပါ။ ပွဲစဉ်တစ်ပွဲပြီးသွားချိန်မှာ နောက်တစ်ပွဲအကြောင်းကို ဆက်စဉ်းစားရင်းနဲ့ အာဆင်နယ်နဲ့အတူ ပွဲဘယ်လောက်ဖြတ်သန်းခဲ့ပြီးပြီဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း မမှတ်မိတော့ပါဘူး”ဟု ပြောကြားသွားခဲ့သည်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...