Skip to main content

ထိုင်းဘုရင်ကြီးဈာပန အလုပ်ရှင်ခွင့်ပြုချက်မယူဘဲ တက်ခဲ့တဲ့ မြန်မာလုပ်သားတချို့ အလုပ်ထုတိခံရပ်ထထုပ်

ထိုင်းဘုရင်ကြီးဈာပန အလုပ်ရှင်ခွင့်ပြုချက်မယူဘဲ တက်ခဲ့တဲ့ မြန်မာလုပ်သားတချို့ အလုပ်ထုတိခံရ

 
 
ကွယ်လွန်သူထိုင်းဘုရင် ဈာပန အခမ်းအနား
ထိုင်းနိုင်ငံဘန်ကောက်မြို့ ဆူစ၀ပ်နယ်မြေမှာရှိတဲ့အင်္ကျီထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်လုပ်ကြတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉ယောက်ကို အလုပ်ရှင်ကသူ့ခွင့်ပြုချက်မရပဲ ထိုင်းနိုင်ငံက နတ်ရွာစံဘုရင်ကြီး ဈာပနပွဲကျင်းပရာကို သွားရောက်ဂါရ၀ပြုသွားကြတဲ့အတွက်အလုပ်ထုတ်ပစ်လိုက်ပါတယ်။ ဒီအတွက်အလုပ်သမားတွေက အလုပ်သမားကာကွယ်ရေးရုံးကနေ အလုပ်ရှင်ကို အောင်တိုဘာ၃၀ရက်နေမှာ တရားစွဲဆိုခဲ့ပါတယ်။ မအေးအေးမာကသတင်းပေးပို့ ထားပါတယ်။ 

ထိုင်းနိုင်ငံက နတ်ရွာစံဘုရင်ကြီး ဈာပနပွဲ ကျင်းပတဲ့နေ့ဟာ အောင်တိုဘာလ ၂၆ရက်နေ့ ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံတ၀ှမ်း စက်ရုံအလုပ်ရုံတွေ ရုံးတွေပိတ်ပြီး ဘုရင်ကြီးကို ဂါရ၀ပြုကြဖို့ ထိုင်းအစိုးရက ပြောဆိုထားတာပါ။ မြို့နယ်တိုင်းမှာ ဘုရင်ကြီးအတွက်ဈာပနပွဲတွေကျင်းပကြပါတယ်။ ဘန်ကောက်မြို့က အလုပ်သမားတွေကလည်း အဲဒီနေ့မှာဘုရင်ကြီးဈာပနပွဲကို ဂါရ၀ပြုဖို့ သွားခဲ့ရမှာအလုပ်ရှင်ရဲ့ အလုပ်ဖြုတ်တာကိုခံခဲ့ရတယ်ဆိုပြီး အလုပ်သမားတွေကို အကူညီပေးနေတဲ့ အေအေစီမဟာမိတ်အဖွဲ့က ကိုရဲမင်းကပြောပါတယ် 

"ဒီအလုပ်သမားတွေက ထိုင်းဘုရင်ကြီးကိုချစ်တဲ့စိတ်နဲ့ ကိုယ့်မြန်မာနိုင်ငံသာအလုပ်သမားတွေကို လည်း ထိုင်းဘုရင်ကြီးက ကောင်းတယ် ကြည့်ရူစောင့်ရှောက်ပေးတယ်ဆိုတဲ့စိတ်နဲ့ နောက်ဆုံးအနေနဲ့ နတ်ရွာစံ အခမ်းအနားကို သွားရောက်ပြီး ပူဇော်ဂါရ၀ပြုတယ် ပေါ့နော်။ အဲဒါကိုအလုပ်ရှင်ဘက်ကနေ အလုပ်လာမဆင်းလို့ ဆိုပြီးအလုပ်သမား ၁၉ယောက် အလုပ်ပြုတ်သွားတယ် ။၂၆ ရက်နေ့မှာသူတို့သွားတယ်။၂၇ ရက်နေ့မှာတော့ အလုပ်သွားတာနဲ့ သူတိုကို အလုပ်ရုံပေါက်ကနေ သူတို့ကိုမောင်းထုတ်လိုက်တယ်။ တယောက်မှ အလုပ်မဆင်းနဲ့ ဆိုပြီး အဲဒါကြောင့် သူတို့ အကုန်လုံး လှည့်ပြန်လာရတယ်။" 

၂၇ ရက်နေမှာတော့ အလုပ်သမားတွေ ကို အလုပ်ဆင်းခွင့် မပြုတော့တဲ့အတွက် ရုံးဖွင့်ရက်ဖြစ်တဲ့ အောင်တိုဘာလ ၃၀ရက်နေ့မှာတော့ အလုပ်ရှင်ပြန်ပြီး တရားစွဲဆိုမူတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။ 

"သူတိုရဲ့  သက်ဆိုင်ရာ နယ်မြေက ထိုင်းအလုပ်သမားကာကွယ်ေ၇းဌာနမှာ သူတို့ကိုအလုပ်ဖြုတ်တဲ့နစ်နာကြေးနဲ့ ကြိုတင်မပြောပဲအလုပ်ဖြုတ်တဲ့အတွက် ကြိုတင်မပြောခကြေး ၂ခုနဲ့ အလုပ်ရှင်ကို ပြန်ပြီးတရားစွဲဆိုထားပါတယ်" 

နတ်ရွာစံချိန်သက်တော် ၈၉ နှစ်ရှိခဲ့ပြီဖြစ်တဲ့ ဘုရင်ကြီးဟာ ၁၉၄၆ ခုနှစ်မှာ ထီးနန်း စတင် စိုးစံခဲ့တာပါ။ ထိုင်းနိုင်ငံမှာတော့ ဒေသဖွံဖြိုးရေးလုပ်ငန်းတွေကိုအားစိုက်လုပ်ခဲ့တဲ့အတွက် ပြည်သူအများရဲ့  ချစ်ခင်မူကိုရရှိခဲ့တဲ့ဘုရင်းမင်းမြတ် တပါးဖြစ်ပါတယ်။ ဒီအတွက်သူအတွက် ကျင်းပပြုလုပ်တဲ့ ဈာပန ဂါရ၀ပြုပွဲတွေကို ထိုင်းနိုင်ငံဘန်ကောက်မြို့မှာသိန်းနဲ့ချီပြီးလူတွေ တက်ေ၇ာက်ဂါရ၀ပြုခဲ့ရာမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ပါတယ်။ 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...