ထိုင်းဘုရင့် ဈာပန ပြီးဆုံး
အနှစ် ၂၀ ကြာနန်းစံခဲ့တဲ့ ထိုင်းဘုရင် ဘူမိဘောနတ်ရွာစံတဲ့ တနှစ်ကြာဝမ်းနည်းအောင်းမေ့ဖွယ်နဲ့ ငါးရက်ကြာ ဈာပနအခမ်းအနားဟာ မနေ့က ပြီးဆုံးသွားပါတယ်။
ဘုရင့်အသုံးအဆောင်တွေကို တော်ဝင်နန်းတော်ထားရှိပြီး အရိုးပြာတွေကို စေတီနှစ်ဆူမှာ မနေ့က ဌာပနာတိုက်သွင်းလိုက်တဲ့နောက် တရားဝင်ပြီးဆုံးသွားတာပါ။
ညစာစားပွဲတွေတည်ခင်းရာ၊ ဧည့်ခံပွဲတွေကျင်းပရာနဲ့ နိုင်ငံရပ်ခြားက သံအမတ်ခန့်အပ်လွှာလက်ခံရာ ဗန်ကောက်နန်းတော်တွင်းက ခန်းမကို ဘုရင့်အသုံးအဆောင်ပစ္စည်းတွေ သယ်ဆောင်သွားတဲ့ အခမ်းအနားကို တနိုင်ငံလုံးကို ထုတ်လွှင့်ပြသပါတယ်။
ဘုရင့်အရိုးပြာတွေကိုတော့ မြဘုရားက စေတီနှစ်ဆူကို ညနေပိုင်းမှာ သယ်ဆောင်သွားပါတယ်။
Photo: Beloved King Maha Vajiralongkorn Facebook

Comments