Skip to main content

နယူးယောက်မြို့ မန်ဟက်တန်မှာ ထရပ်ကားနဲ့ ဝင်တိုက်မှုကြောင့် အနည်းဆုံး လူ ၈ ဦးသေ

နယူးယောက်မြို့ မန်ဟက်တန်မှာ ထရပ်ကားနဲ့ ဝင်တိုက်မှုကြောင့် အနည်းဆုံး လူ ၈ ဦးသေ

 
 
လမ်းသွားလမ်းလာတွေနဲ့ စက်ဘီးမောင်းနေသူတွေကို ထရပ်ကားနဲ့ အတင်းဝင်တိုက်ခဲ့
အမေရိကန်နိုင်ငံ နယူးယောက်မြို့ မန်ဟက်တန် အောက်ပိုင်းရပ်ကွက်က စက်ဘီးသမားတွေ အတွက် သီးသန့် သတ်မှတ်ထားတဲ့ လမ်းတခုပေါ်ကို ထရပ်ကားတစင်းက အတင်း ဝင်တိုက်ခဲ့ရာမှာ အနည်းဆုံး လူ ၈ဦး သေဆုံးခဲ့ပြီး တခြားလူ အတော်များများလည်း ဒဏ်ရာရသွားတယ်လို့ နယူးယောက်မြို့တော်ဝန် ဘီလ် ဘလာဆီယိုက ပြောပါတယ်။ 

ဒါဟာ အပြစ်မဲ့ အရပ်သားတွေကို ဦးတည် ပစ်မှတ်ထားတဲ့ သူရဲဘောကြောင်တဲ့ အကြမ်းဖက် လုပ်ရပ်လို့လည်း သူက ရည်ညွှန်းပြောသွားပါတယ်။ 

အခင်းဖြစ်ပွားတဲ့ သတင်းအရ အဲဒီနေရာကို ရောက်လာတဲ့ ရဲတွေက မသင်္ကာဘွယ် ကားမောင်းသမားကို ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ နယူးယောက်ရဲ တပ်ဖွဲ့က ပြောပါတယ်။ 

အဲဒီလူဟာ အသက်၂၉နှစ်အရွယ် ဖြစ်ပြီး ထရပ်ကား အငှားယာဉ်တစင်းကို မောင်းလာတာ ဖြစ်တယ်လို့ နယူးယောက် ရဲ ကော်မရှင်နာ မင်းကြီးဂျိမ်းစ် အိုနီးလ် က ပြောပါတယ်။ 

အဲဒီ ကားဟာ လမ်းသွားလမ်းလာတွေနဲ့ စက်ဘီးသမားတွေကို တိုက်ခဲ့အပြီး ကျောင်းကားတစင်းနဲ့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီ့နောက် ကားမောင်းသမားဟာ ပြောင်းတိုသေနတ် နှစ်လက် ဝှေ့ယမ်းပြီး ကားထဲကနေ ထွက်လာခဲ့ရာမှာ ရဲတွေရဲ့ ပစ်ခတ် ဖမ်းဆီးမှုကြောင့် သေနတ်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သူက ပြောပါတယ်။ 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...