Skip to main content

ဖိုးကိုကိုတင့်ဆန်းအမှုနှင့် ငါးလောင်းပြိုင်လူသတ်မှုကို ချိတ်ဆက်ဝေဖန်ခဲ့၍ ဖမ်းဆီးခံရသော ရဲအရာရှိ၏ မိသားစုကို ဒေသခံလူမှုရေးအသင်းများက ထောက်ပံ့

ဖိုးကိုကိုတင့်ဆန်းအမှုနှင့် ငါးလောင်းပြိုင်လူသတ်မှုကို ချိတ်ဆက်ဝေဖန်ခဲ့၍ ဖမ်းဆီးခံရသော ရဲအရာရှိ၏ မိသားစုကို ဒေသခံလူမှုရေးအသင်းများက ထောက်ပံ့

 
 
ဖြိုးကိုကိုတင့်ဆန်းအမှုနှင့် ငါးလောင်းပြိုင်လူသတ်မှုကို ချိတ်ဆက်ဝေဖန်ခဲ့၍ ဖမ်းဆီးခံရသော ရဲအရာရှိ၏ မိသားစုကို ဒေသခံလူမှုရေးအသင်းများက ထောက်ပံ့
ဖြိုးကိုကိုတင့်ဆန်းအမှုနှင့် ငါးလောင်းပြိုင်လူသတ်မှုကို ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်တွင် ချိတ် ဆက်ဝေဖန်ခဲ့၍ ဖမ်းဆီးခံခဲ့ရ သည့် ရဲအရာရှိ၏မိသားစုအိမ်သို့ ဒေသခံလူမှုကူညီရေးအသင်းများ က သွားရောက်၍ ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း ပြည်မြို့ မိုး မေတ္တာနာရေးကူညီမှုအသင်းမှ ဦးညီညီအောင်က ပြောသည်။ 

အောက်တိုဘာ ၂၉ ရက် ညနေက ပြည်ဒေသခံ မိုးမေတ္တာ နာရေးကူညီမှုအသင်း၊ အဖြူ ရောင်လူငယ်များအသင်း၊ ရွာဘဲ နာရေးကူညီမှုအသင်း၊ ဗိုလ်တစ် ထောင်လူမှုကူညီရေးအသင်း၊ ဥ ရှစ်ပင်မြို့ဒေသခံအေးသုခနာရေး ကူညီမှုအသင်းနှင့် ထုံးဘိုစေတ နာရှင်များအသင်းဝင်အချို့က ရဲ အရာရှိဇနီးနေထိုင်ရာ ထုံးဘိုရဲ စခန်း ၀န်ထမ်းအိမ်ရာသို့သွား ရောက်၍ ကူညီထောက်ပံ့ငွေကျပ် လေးသိန်းငါးသောင်းသုံးထောင် ပေးအပ်ခဲ့ကြောင်း ၎င်းက ပြော သည်။ 

‘‘နိုင်ငံ့ဝန်ထမ်းတစ်ယောက် ရဲ့ အခွင့်အရေးဆုံးရှုံးတယ်။ အခု လို အရေးယူခံရမှုဟာ မျှတတဲ့ ဥပဒေတစ်ရပ်မဟုတ်ဘူးလို့ယူဆ တာကြောင့် လူသားချင်းစာနာတဲ့ အနေနဲ့ သွားရောက်ထောက်ပံ့ ကြတာပါ’’ ဟု ဦးညီညီအောင်က ပြောသည်။ 

ဖြိုးကိုကိုတင့်ဆန်းအမှုမှ ဖမ်းမိသည့်ကျည်ဆန်များနှင့် ငါး လောင်းပြိုင်လူသတ်မှုမှ ကျည် ဆန်များတူညီနေသည်ဟု ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်တွင် ဝေဖန် ရေးသားခဲ့၍ ပန်းတောင်းမြို့နယ် ထုံးဘိုနယ်မြေရဲစခန်းတွင် တာ ၀န်ထမ်းဆောင်နေသည့် ရဲအုပ် ၀င်းထွန်းနိုင်ကို ရဲစည်းကမ်းဥပဒေ ချိုးဖောက်မှုဖြင့် အောက်တိုဘာ ၁၇ ရက်က ဖမ်းဆီးကာ ပြည်မြို့ အမှတ်(၃)ရဲစခန်းအချုပ်တွင် ထိန်းသိမ်းထားသည်။ 

နေပြည်တော်တွင် ဖမ်းမိ သည့် သေနတ်ကျည်ဆန်များနှင့် ရန်ကုန်မြို့စိမ်းလဲ့ကန်သာတွင် ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင်လူ သတ်မှုမှ ကျည်ဆန်များ အမျိုး အစားတူကြောင်း ရဲအုပ်ဝင်းထွန်းနိုင်က အောက်တိုဘာ ၁၇ ရက်တွင် ၎င်း၏ဖေ့စ်ဘွတ်ခ်အကောင့်၌ ရေးသားသဖြင့် ယခုကဲ့သို့အရေးယူစစ်ဆေးခံရခြင်းဖြစ်သည်။ 

‘‘အခုလို ကူညီထောက်ပံ့ တာ ၀မ်းသာပီတိဖြစ်သလို ကျေး ဇူးတင်ပါတယ်။ တပ်ဖွဲ့ဝင်တစ် ယောက်ရဲ့ ဇနီးဖြစ်တာကြောင့် ခံစားချက်ကို လွတ်လပ်စွာမပြော ဆိုနိုင်တာ နားလည်ပေးပါ’’ ဟု ရဲအရာရှိဇနီး ဒေါ်ကြေးမှုံဌေးက ပြောသည်။ 

ရဲအရာရှိကို ဖမ်းဆီးထား သော်လည်း ရဲအရာရှိ၏ဇနီး၊ သားဖြစ်သူ ပထမနှစ်တက္ကသိုလ် ကျောင်းသားနှင့် သမီးဖြစ်သူ ဒုတိ ယတန်းကျောင်းသူတို့ကို ထုံးဘို နယ်မြေရဲစခန်းဝန်ထမ်းအိမ်ရာ တွင် ဆက်လက်နေထိုင်ခွင့်ပြု ထားကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...