Skip to main content

ဆောင်းရာသီမိတ်ကပ်အတွက် အကြံပေးချင်တဲ့အချက် (၄) ချက်

ဆောင်းရာသီမိတ်ကပ်အတွက် အကြံပေးချင်တဲ့အချက် (၄) ချက်
မိတ်ကပ်ကိုပိုပြီးလှလှ လိမ်းကြပါစို့နော် 

ခုဆို မိုးရာသီက ကုန်သွားပြီး ဆောင်းဝင်စပြုနေပြီနော်။ သိပ်မကြာခင် အေးသထက်အေးလာတော့မှာပါ။ အေးလာပြီဆိုရင် အသားအရေကလည်း ခြောက်သွေ့လာတော့ မိတ်ကပ်လိမ်းလို့မကောင်းတော့ဘူး။ ဒီအတွက် မဒီက ဆောင်းရာသီမိတ်ကပ်လိမ်းတဲ့အခါ ပိုလှစေမယ့် အကြံလေးတွေ ပေးလိုက်ပါတယ်။ 
၁။ လာဗင်ဒါနှုတ်ခမ်းနီ 

ဆောင်းရာသီက အေးမြတော့ နှုတ်ခမ်းသားလေးတွေ ခြောက်သွေ့အက်ကွဲတယ်လေ။ ဒီအတွက် လာဗင်ဒါပါဝင်တဲ့ နှုတ်ခမ်းနီကို သုံးပေးသင့်ပါတယ်။ လာဗင်ဒါဆီက နှုတ်ခမ်းသားတွေကို ချောမွေ့နူးညံ့စေလို့ပါပဲ။ 

၂။ အပြာရောင်အိုင်းရှဲဒိုး 

အိုင်းရှဲဒိုးကို အပြာရောင်ခြယ်ကြည့်ပါ။ အေးမြတဲ့ရာသီဥတုနဲ့ လိုက်ဖက်တဲ့အရောင်လည်းဖြစ်တယ်။ ပထမဆုံး မျက်ခွံပေါ်ကို primer လူးပြီး အိုင်းရှဲဒိုးကိုတင်ပါ။ မျက်တောင်ရင်းနားမှာ အရောင်များများလေးထည့်ပေါ့။ မျက်နှာကို မိတ်ကပ်ပါးပါးလေးပဲလိမ်းပြီး မျက်လုံးအကြည့်တွေနဲ့ စကားပြောလိုက်ပါ။ 

၃။ သန္တာရောင်ပါးနီ 

ပါးနီလိမ်းတဲ့အခါ ပန်းရောင်၊ ကြေးနီရောင်၊ သန္တာရောင်ဆိုပြီး နေရာနဲ့အချိန်အလိုက် ရွေးကြတယ်မဟုတ်လား။ မက်မွန်ရောင်ကတော့ သဘာဝအရောင်လေးပေါ့။ ဆောင်းရာသီလို အေးမြမှုန်မှိုင်းတဲ့ နေ့ရက်တွေမှာ သန္တာရောင် ပါးနီက အလိုက်ဖက်ဆုံးပါပဲနော်။ အအေးရှိန်ကြောင့် ဖြူဖျော့နေမယ့် မျက်နှာလေးကို အရောင်လေးကြွနေအောင် သန္တာရောင်ပါးနီက ကူညီပါလိမ့်မယ်။ 

၎။ လက်သည်းနီဆိုးပါ 

ဘာကြောင့်လဲဆိုတော့ လက်ဖျားလေးတွေအေးလာတိုင်း လက်သည်းခွံလေးတွေက အနီရောင်မဟုတ်တော့ဘူးလေ။ အပြာရောင်၊ အဖြူရောင်ဖြစ်သွားတယ်။ အအေးဒဏ်ကြောင့် သွေးမလျှောက်တော့လို့ အဲ့လိုဖြစ်သွားတာ။ ဒါကြောင့် လက်သည်းနီလေးတွေဆိုးပေးဖို့နဲ့ လက်ဖဝါးလေးနူးညံ့မယ့်ခရင်မ်လေးလိမ်းဖို့ကိုလည်း မမေ့ပါနဲ့ဦးလို့ မဒီက တိုက်တွန်းလိုက်ပါတယ်။ 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...