Skip to main content

ဆန်းချက်ဇ်ကို ခေါ်ယူရန် အဲဗာတန်အသင်းပိုင်ရှင် မိုရှီရီ စောင့်ကြ

ဆန်းချက်ဇ်ကို ခေါ်ယူရန် အဲဗာတန်အသင်းပိုင်ရှင် မိုရှီရီ စောင့်ကြ
ည့်

အဲဗာတန်အသင်းပိုင်ရှင် ဖာဟက်ဒ် မိုရှီရီသည် အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်ကိုခေါ်ယူရန်အတွက် စောင့်ကြည့်အကဲခတ်နေပြီဖြစ်ပြီး ကာယကံရှင် ကစားသမားဖြစ်သူနှင့် သဘောတူညီမှု ရယူနိုင်ခဲ့မည်ဆိုပါက လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဆန်းချက်ဇ်ကိုခေါ်ယူရန်အတွက် အဲဗာတန်က ကမ်းလှမ်းမှုများ ဆောင်ရွက်သွားဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

လီဗာပူး၊ အောက်တိုဘာ ၂၉

အဲဗာတန်အသင်းပိုင်ရှင် ဖာဟက်ဒ် မိုရှီရီသည် အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်ကိုခေါ်ယူရန်အတွက် စောင့်ကြည့်အကဲခတ်နေပြီဖြစ်ပြီး ကာယကံရှင် ကစားသမားဖြစ်သူနှင့် သဘောတူညီမှု ရယူနိုင်ခဲ့မည်ဆိုပါက လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဆန်းချက်ဇ်ကိုခေါ်ယူရန်အတွက် အဲဗာတန်က ကမ်းလှမ်းမှုများ ဆောင်ရွက်သွားဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

အဲဗာတန်အသင်းတာဝန်ရှိသူများသည် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် မန်ယူထံသို့ရောင်းချလိုက်သည့် တိုက်စစ်မှူး လုကာကု၏ကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် တိုက်စစ်မှူးတစ်ဦး ရှာဖွေခဲ့ပြီး အာဆင်နယ်တိုက်စစ်မှူး ဂျီရုဒ်နှင့် ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာတို့ကို ခေါ်ယူရန် ၎င်းတို့အနေနှင့် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေမှုများဖြင့်သာ ကြုံတွေ့ခဲ့ရကြောင်း ရာထူးထုတ်ပယ်ခံလိုက်ရသော နည်းပြရော်နယ်ကိုးမန်းကလည်း ဖွင့်ဟပြောကြားထားပြီဖြစ်သည်။

အာဆင်နယ်နှင့် ဆန်းချက်ဇ်အကြားတွင် ချုပ်ဆိုထားသော စာချုပ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ကာ ယင်းအတွက် ၎င်းကို စာချုပ်သစ်လက်မှတ်ရေးထိုးနိုင်ရန် အဆင်မပြေခဲ့ပါက  လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အာဆင်နယ်က ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၃၀ ဖြင့် ရောင်းထုတ်လိုက်ဖွယ်ရှိနေပြီလည်းဖြစ်သည်။

ဆန်းချက်ဇ်သည် ပိတ်သိမ်းပြီးစီးခဲ့သည့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် မန်စီးတီးထံသို့ ပြောင်းရွှေ့ရောက်ရှိရန် လွန်စွာနီးစပ်ခဲ့ဖူးကာ ၎င်း၏နေရာကို အစားပြန်ဖြည့်ရန်အတွက် မိုနာကိုတိုက်စစ်တောင်ပံကစားသမား သောမတ်စ်လီမာကိုခေါ်ယူရန် ကြိုးပမ်းရာ၌ အဆင်မပြေဖြစ်ခဲ့သည့်အတွက် အာဆင်နယ်အသင်းတာဝန်ရှိသူများက အဆုံးသတ်တွင် ၎င်း၏အပြောင်းအရွှေ့ကို တားမြစ်လိုက်ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းအဓိကရှယ်ယာရှင် အမေရိကန်သန်းကြွယ်သူဌေး ခရွန်ကီသည် အသင်းဘက်က ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့ကို စာချုပ်သစ်လက်မှတ်ရေးထိုးရန် လက်မလျှော့တမ်း ကြိုးပမ်းနေဆဲဖြစ်သော်လည်း အောင်မြင်မှုရနိုင်ရန် မလွယ်တော့ကြောင်း ဖွင့်ဟ၀န်ခံထားပြီဖြစ်ပြီး အဲဗာတန်မှာ ဆန်းချက်ဇ်ကို ခေါ်ယူရရှိနိုင်ရေးအတွက် မန်စီးတီး၊ ပီအက်စ်ဂျီတို့နှင့် ယှဉ်ပြိုင်ကြိုးပမ်းရလိမ့်မည်ဖြစ်သည်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...