ထွက်ပြေး ရိုဟင်ဂျာစပါးခင်း အစိုးရရိတ်သိမ်း
ရခိုင်ပြည်နယ်မြောက်ပိုင်းက ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေရဲ့ စပါးခင်းတွေကို အစိုးရက ရိတ်သိမ်းနေပြီလို့ ပြောပါတယ်။ အဲဒီနယ်ခြားဒေသက ရိုဟင်ဂျာအများစု ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြပြီးနောက် သူတို့စိုက်ပျိုးခဲ့တဲ့စပါးခင်းတွေဟာ အခု ရိတ်သိမ်းရမယ့် ကာလ ရောက်ရှိ နေပြီဖြစ်ပါတယ်။
မောင်တောမှာရှိတဲ့ အစိုးရစိုက်ပျိုးရေးဌာနအကြီးအကဲ ဦးသိန်းဝေ က မြို့သူကြီးကျေးရွာအုပ်စုမှာရှိတဲ့ စပါးတွေကို စနေနေ့က စတင်ရိတ်သိမ်းနေပြီလို့ ပြောပါတယ်။ အဲဒီ စပါးတွေကို အစိုးရက ဘယ်လိုဆက်လက် ဆောင်ရွက်မှာလဲဆိုတာတော့ သူမသိဖူးလို့ဆိုပါတယ်။
မောင်တောဒေသမှာ စပါးစိုက်ခင်း ဧက ၇ သောင်း ကျော်ရှိပါတယ်။

Comments