Skip to main content

ပထမဆုံးအကြိမ်ပြုလုပ်သည့် လမ်းဘေးကလေးငယ်များ အားကစားပြိုင်ပွဲတွင် အလှူငွေ ကျပ် ၁၈ သိန်းခန့် ရဟုဆို 

ပထမဆုံးအကြိမ်ပြုလုပ်သည့် လမ်းဘေးကလေးငယ်များ အားကစားပြိုင်ပွဲတွင် အလှူငွေ ကျပ် ၁၈ သိန်းခန့် ရဟုဆို

# Zawgyi Version ဖြင့် ဖတ်ပါ #

လမ်းဘေးကလေးငယ် များအတွက် ပထမဦးဆုံးအကြိမ် ပြုလုပ်သော အားကစားပြိုင်ပွဲ တွင် လှူဒါန်းငွေကျပ် ၁၈ သိန်း ခန့် ရရှိသည်ဟု ပွဲစီစဉ်သည့် Junior Dream (npo) အဖွဲ့မှ မအိနြေ္ဒနေနွယ်က ပြောသည်။

 အဆိုပါ အားကစားပွဲကို လှည်းတန်း ခုံးကျော်တံတား အောက်နှင့် ဘူတာကြီးအနီးရှိ ကလေးအလုပ်သမားများ၊ အစိုးရညကျောင်းများမှ ကလေးအလုပ်သမားများကို စာသင်သည့် ပရဟိတအဖွဲ့များမှ စေတနာ့ဝန် ထမ်းများက ပွဲဖြစ်မြောက်ရေးအတွက် ကလေးများကို စည်းရုံး ပြီး ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန (အားကစားနှင့် ကာ ယပညာသိပ္ပံ)က နည်းပြများနှင့် အတူ ကျိုက္ကဆံအားကစားကွင်း ကို အသုံးပြုခွင့်ပေးခြင်းများဖြင့် ပံ့ပိုးကျင်းပခဲ့သည်။


ထိုပွဲကို အောက်တိုဘာ ၂၈ ရက်တွင် ကျိုက္ကဆံအားကစား ကွင်း၌ ကျင်းပပြီး အိမ်တွင် စိတ် ညစ်၍ ထွက်ပြေးလေ့ရှိသည့် လမ်းပျော် ကလေးငယ်များ၊ ကလေးအလုပ်သမားများ၊ လမ်း ဘေးတွင် နေထိုင်ရသည့် ကလေး ငယ်များ ပါဝင်သော ကလေး ၇၇ ဦးက လှံတံပစ်၊ သံလုံးပစ်၊ သံပြား ပစ်၊ ဘောလုံးကန်ခြင်း၊ မီတာ ၅၀ မှစ၍ မီတာ ၈၀၀ အထိ အပြေးပြိုင်ခြင်း စသည့် အားကစား ၁၄ မျိုး ယှဉ်ပြိုင်ကစားခဲ့ကြောင်း ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် ကိုဇွဲက ပြောသည်။

‘‘သာမန်ကလေးတွေတောင်ဒီလိုကစားနည်းတွေ စနစ်တကျ လေ့ကျင့်ထားရင်တောင် တော်တော်လေ့ကျင့်ရတယ်။ လှံတံပစ် တို့၊ သံလုံးပစ်၊ မီတာနဲ့ ပြေးတာတို့ဆိုတော့ ပြိုင်ပွဲမလုပ်ခင် နည်းပြတွေနဲ့ကြိုပြီး ကစားနည်းတွေ ကို လေ့ကျင့်ထားရတာပေါ့။ ဒီလိုလုပ်ရခြင်းက သူတို့က လူ့အဖွဲ့အစည်းရဲ့ အပစ်ပယ်ခံမဟုတ် ဘူးဆိုတာ သူတို့ကိုယ်တိုင်ရော၊ အားလုံးကိုရော သိစေချင်တယ်’’ ဟု ကိုဇွဲကပြောသည်။

ဆက်လက်၍ ‘‘ပွဲစီစဉ်တော့ အခက်အခဲက ကလေးတွေကို စည်းရုံးဖို့မလွယ်ဘူး။ သူတို့ကော် ရှူတာကနေ ဒီလိုပြိုင်ပွဲမျိုးမှာ ကြို တင်လေ့ကျင့်ပြီးမှ ယှဉ်ပြိုင်ချင် အောင် ဆွဲဆောင်ရတာ မလွယ် ဘူး။ စကားပြောရဖို့ဆိုတာ လနဲ့ ချီကြာတယ်။ သူတို့နဲ့ ရင်းနှီးပြီး တော့ ၂ နှစ်ကျော်၊ သုံးနှစ်အ တွင်းရှိမှ ဒီလိုလုပ်နိုင်တာ။ သူတို့ အတွက် ဒီလိုပြိုင်ပွဲမျိုးနဲ့ ပြိုင်ဖို့ အခွင့်အလမ်း အရမ်းနည်းနေ တယ်’’ဟု ကိုဇွဲကပြောသည်။

ယင်းပွဲမှရရှိသော အလှူငွေ ၁၈ သိန်းကို ပြိုင်ပွဲတွင် ဆုရရှိ သော ကလေးများအတွက် ဆုချီး မြှင့်ခြင်းနှင့် ပြိုင်ပွဲဝင်ရန် ကလေး များလိုအပ်သော အသုံးအဆောင် များ ထောက်ပံ့ရန် အသုံးပြုခဲ့ ကြောင်း မအိနြေ္ဒနေနွယ်က ပြော ကြားသည်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...