နိဗ္ဗာန်မျက်မှောက်ပြုပြီးသောအခါ
# Zawgyi Version ဖြင့် ဖတ်ပါ #
နိဗ္ဗန် မျက်မှောက်ပြုပြီးသောအခါ ထိုအရိယာ ပုဂ္ဂိုလ်သည် ရုပ်နာမ်၏ ဒုက္ခကိုပို၍ နားလည် လာတတ်သည်။
နိဗ္ဗာန်၌ ရုပ်နာမ် မရှိ၍ မဂ်ဉာဏ် ဖိုလ်ဉာဏ်၏ ချမ်းသာခြင်းကို စံစားရသောအခါ ရုပ်နာမ်၏ အပြစ်ကို ပို၍မြင်လာတတ်သည်။ ရုပ်နာမ်သည် ဒုက္ခသစ္စာဆိုသော မြတ်စွာဘုရား၏ တရားတော်အား ပို၍ လှိုက်လှိုက်လှဲလှဲ ခံစားနားလည် လာတတ်သည်။
နိဗ္ဗာန်ကို စံဝင်ဖို့အတွက် ရုပ်နာမ်ကို စွန့်နိုင်ရလေသည်။ ရုပ်နာမ် မစွန့်နိုင်သော ပုဂ္ဂိုလ်များသည် နိဗ္ဗာန် စံဝင်ဖို့အတွက် စိတ်ကူးယဉ်၍ မဖြစ်နိုင်ချေ။ နိဗ္ဗာန်သည် ခန္ဓာ့နိယောဓေါ ဟူသော စကားအတိုင်း ခန္ဓာချုပ်ရလေသည်။ ခန္ဓာမချုပ်ဘဲ ဤခန္ဓာနှင့် နိဗ္ဗာန်သို့ သွားချင်သော ပုဂ္ဂိုလ်များသည် ရယ်ဖွယ်ရာ ဖြစ်သည်။
ထူးခြားသော အဘိဓမ္မဆရာ တစ်ဦးသည် ချမ်းသာသော စိတ်ကလေးနှင့် နိဗ္ဗာန်သွားချင်ပုံ ရသည်။ စာတစ်စောင် ပေတစ်ဖွဲ့ ရေးသားထားသည်ဖြစ်ရာ လွန်စွာ ဟာသမြောက်လေသည်။ ရုပ်နာမ်သည် ဒုက္ခသစ္စာဟု မြတ်စွာဘုရား ဟောတော်မူခဲ့သည်။ ဤအချက်ကို ရုပ်နာမ်ချစ်နေသော ပုဂ္ဂိုလ်များက မနာယူနိုင် မခံယူတတ်၊ သဘောမပေါက်နိုင် ဖြစ်နေပေသည်။ နိဗ္ဗာန်ကို အမှန်တကယ် ဝင်စားဖူးသော ပုဂ္ဂိုလ်တို့သည် ရုပ်နာမ်အား ပယ်ရန်၊ စွန့်ရန်၊ သတ်ရန်၊ ဖြတ်ရန် ကောင်းစွာနားလည် လေ့ရှိလေသည်။
ခန္ဓာသည် ဒုက္ခသစ္စာ ဖြစ်ကြောင်းကို ထို နိဗ္ဗာန်စံဝင်ဖူးသော အရိယာပုဂ္ဂိုလ်သည် ကောင်းစွာ သဘောပေါက်၍ ခြေခြေမြစ်မြစ် စွန့်ပယ်နိုင်စွမ်းရှိသည်။ ရုပ်နာမ်၏ ဒုက္ခကို ပြတ်ပြတ်သားသား ထင်ထင်ရှားရှား သိမြင်ပေါက်ပိုင်နိုင်သော အစွမ်းရှိသည်။ တနည်းအားဖြင့် နိဗ္ဗာန်စံမြန်း ဝင်စားလေလေ ရုပ်နာမ်ဒုက္ခအား ဒုက္ခဖြစ်ကြောင်းပို၍ နားလည်လေလေ ဖြစ်ကြောင်း သတင်းကောင်း ပေးအပ်ပါသည်။
ဗုဒ္ဓစာပေဆုရ

- Get link
- X
- Other Apps
- Get link
- X
- Other Apps

Comments