Skip to main content

အမည်ပေါက်နှင့် ကျူး ရုပ်ရှင်ဇာတ်ကားထဲက အမှတ်တရ စကားသံများ

အမည်ပေါက်နှင့် ကျူး ရုပ်ရှင်ဇာတ်ကားထဲက အမှတ်တရ စကားသံများ

# Zawgyi Version ဖြင့် ဖတ်ပါ #

အမည်ပေါက်နဲ့ကျူး ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်တဲ့ အမှတ်တရစကားသံတွေကိုလည်း Duwun Media ကနေတဆင့် အခုလို ပြောပြခဲ့ပါတယ်။

ဇော်မျိုး(ဒါရိုက်တာ)

အဓိက ကတော့ ဒီဇာတ်ကားရဲ့ နာမည်အရင်းက အမည်ပေါက်ကျုးပေါ့။ အစ်ကိုတို့ ဆင်ဆာတင်လိုက်တဲ့အချိန်မှာ အမည်ပေါက်ကျုး လို့ မရေးပဲ နဲ့ တစ်လုံးထည့်ပေးပါဆိုတော့ အမည်ပေါက် နှင့် ကျူးဖြစ်တာပေါ့နော်။ ဒီနာမည်ပေးဖြစ်ပုံကလည်း ဦးဇင်ဝိုင်းက အမည် ပေါက်တယ်၊ မြင့်မြတ် က ကျူးကျော်တယ် အဲ့ဒီနှစ်ခုကို Remix လုပ်ပြီးတော့ နာမည်ပေးဖြစ်တာပါ။

ဇင်ဝိုင်း

ကျွန်တော်တို့မှာ ရိုက်စဉ်အခါကတော့ ဘေးပရောဂ အခြေအနေ၊ ကိုယ့်ကျန်းမာရေး အခြေအနေတွေကို  အကောင်းဆုံးဖြစ်အောင် လုပ်ကြတာပါပဲ ။ ဒါပေမယ့် ပြန်ကြည့်ပြီဆိုတဲ့အခါမှာတော့ လိုအပ်ချက်တွေက အမြဲတမ်းရှိစမြဲပါပဲ။

အိချောပို

အိချောကတော့ ကျူးကျော်ရပ်ကွက်မှာနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ကာရိုက်တာလေးပေါ့လေ။ အစပိုင်းကတော့ အသွက် ကလေးပေါ့လေ  လူငယ်ပုစံလေးပေါ့။

မောင်ငြိမ်းထက်ဇော် (ကလေးသရုပ်ဆောင်)

သားပါဝင်ရတဲ့ ကာရိုက်တာလေးကတော့ လပြည့် ဆိုတဲ့ ကောင်လေးနေရာက ပါဝင်ထားပါတယ်။ ဒီဇာတ်ကားရိုက်တဲ့အခါမှာ ငိုရတဲ့ အချိန်တို့၊ သေရတဲ့ အချိန်တို့ဆိုရင် တော်တော်ပင်ပန်းပါတယ်။

အမည်ပေါက်နှင့်ကျူး ရုပ်ရှင်ဇာတ်ကားကြီးကို နယူးဖိုးဝ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ဇော်မျိုးက ရိုက်ကူးပုံဖော် ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ နိုဝင်ဘာလ ၁၀ ရက်နေ့က စပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဇင်ဝိုင်း၊ မြင့်မြတ်၊ အိချောပို၊ ကလေးသရုပ်ဆောင် ငြိမ်းထက်ဇော် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး မေကဗျာ၊ စိုးမိုးကြည်၊ ဇော်ဦး၊ ဇော်ဝင်းနိုင်၊ ဆင်မ၊ စိစိ၊ ကောင်းဆက်ထူး၊ ကျော်ထူး၊ စူပါလင်း၊ ပြုံးဟန်သာကို တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...