Skip to main content

ချစ်သူလေး မင်း ကိုယ့်ရဲ့ မျက်လုံးတွေကို ဂရုစိုက်ပေးပါကွာ

ချစ်သူလေး မင်း ကိုယ့်ရဲ့ မျက်လုံးတွေကို ဂရုစိုက်ပေးပါကွာ

-----------------------------------------------------------------------
😘😓😪😍
မိမိကိုယ်ကို အလိုမကျတတ်တဲ့ ကောင်မလေးတစ်ယောက်ရှိတယ် ။ သူမကမျက်မမြင်တစ်ယောက်ဖြစ်တဲ့အတွက် သူမကိုယ်သူမ အရမ်းမုန်းမိနေတယ်။ဒါပေမယ့် သူမရဲ့ချစ်သူကလွဲပြီး အခြားလူတိုင်းကိုလည်း အလိုလိုမုန်းတီးနေပါတယ်။ ကောင်မလေးရဲ့ချစ်သူကောင်လေးက သူမကိုအရမ်းချစ်တယ်၊ သူမအတွက်ဆို အမြဲ အဆင်သင့်ရှိတယ်။

ဒါ့ကြောင့် ကျန်တဲ့အရာတွေသူမ မမြင်နိုင်ရင်တောင် ချစ်တဲ့သူနဲ့ လက်ထပ်မယ်လို့သူမရဲ့ ကောင်လေးကို အမြဲပြောလေ့ရှိတယ်။

တစ်နေ့မှာတော့ သူမရဲ့ မျက်လုံးကို အစားထိုးပေးမယ့် အလှုရှင်ပေါ်လာပါတယ်။ အစားထိုး ခွဲစိတ်ပြီးတဲ့အချိန်မှာ သူမမျက်လုံး တွေဖွင့်ကြည့်တော့ အကုန်လုံးကို သူမမြင်နိုင်ပြီဖြစ်တဲ့အတွက် အရမ်းဝမ်းသာသွားပါတယ်။ အဲ့ဒီအချိန်မှာ သူမရဲ့ချစ်သူကောင်လေးရောက်လာပြီး သူမကို မင်းအခုကိုယ့်ကိုမြင်ပြီလား ၊ လက်ထပ်နိုင်မလား လို့ မေးလိုက်ပါတယ်။

 ချစ်သူကိုမြင်တော့ ကောင်မလေး အရမ်းကို အံအားသင့်သွားပါတယ်။ ဘာလို့လဲဆိုတော့ သူမချစ်သူကလည်း သူမလို မျက်လုံးမမြင်တဲ့ ကောင်လေးတစ်ယောက်ဖြစ်နေလို့ပါပဲ။ သူမစိတ်ပျက်ပျက်နဲ့ ကောင်လေးရဲ့ လက်ထပ်ခွင့် ကို ငြင်းဆန်လိုက်ပါတယ်။

မကြာပါဘူး နောက်တနေ့ပဲ ကောင်လေးက အရမ်းကိုစိတ်မကောင်းဖြစ်ပြီး မျက်ရည်တွေကျလျက်နဲ့ပဲ ကောင်မလေးဖတ်ဖို့ စာတစ်စောင်ရေးပြီးထွက်သွားခဲ့ပါတယ်။
“ချစ်သူလေး မင်း ကိုယ့်ရဲ့ မျက်လုံးတွေကို ဂရုစိုက်ပေးပါကွာ” တဲ့။ ကောင်မလေးလည်း သူမရဲ့ မျက်လုံးအလှုရှင်က ချစ်သူကောင်လေးဖြစ်နေတာကို သိလိုက်ရတော့ အရမ်းကို ယူကျုံးမရ ဖြစ်ပြီး နောင်တရပါတော့တယ်။

ဒါ့ကြောင့် ကိုယ့်အပေါ် နားလည်မှု ၊ စာနာမှုနဲ့ မြတ်နိုးတန်ဖိုးထားတဲ့ချစ်သူမျိုး ပိုင်ဆိုင်ထားပြီဆိုရင် အတူရှိနေတုန်းမှာ တစ်ဦးကိုတစ်ဦး တန်ဖိုးထားဆက်ဆံပါ လို့ အကြံပြုပါရစေ။
အားလုံးပဲ ကိုယ်ချစ်သူသောသူနဲ့ မခွဲမခွာပဲ ထာဝရ လက်တွဲနိုင်ကြပါစေ။
Ref: Steven

#De_Dee

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...