Skip to main content

လိပ်ကျွန်းလူသက်မူမြန်မါအလားအလာကောင်းနိုင်

လိပ်ကျွန်းလူသက်မူမြန်မါအလားအလာကောင်းနိုင်




လိပ်ကျွန်းလူသတ်မှု သေဒဏ်ပေးခံထားရတဲ့ မြန်မာ ရွှေ့ပြောင်းလူငယ်၂ဦးဗြိတိသျှလူငယ်၂ဦးဖြစ်တဲ့ Hannah Witheridge နဲ့ David Miller သတ်ဖြတ်ခံရပြီးနောက် သေဒဏ်အပြစ်ပေး ခံထားရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့ နောက်ဆုံး အယူခံနဲ့ပတ်သက်လို့ အစိုးရရှေနေ့ဘက်က လျှောက်လဲချက် ပြန်တင်ဖို့ကို ဒီရက်ပိုင်းမှာပဲ တလထပ်တိုးပြီး တောင်းဆိုလိုက်ပါတယ်။ VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ဗြိတိသျှလူငယ်၂ဦး သတ်ဖြတ်ခံခဲ့ရတဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ သေဒဏ် ပေးခြင်း ခံထားရတဲ့ မြန်မာရွှေ့ပြောင်း လူငယ်၂ဦးရဲ့ အယူခံကို သြဂုတ်လ ၂၁ ရက်နေ့မှာ ကော့စမွေ တရားရုံးကတဆင့် ထိုင်း ဗဟိုတရားရုံးချုပ်ကို တင်းထားခဲ့ပြီး စက်တင်ဘာလ ၁၈ ရက် နေ့မှာတော့ တရားရုံးကနေ အယူခံကို လက်ခံခဲ့ပါတယ်။ ဒီအယူခံနဲ့ ပတ်သက်လို့ အစိုးရှေ့နေတွေဘက်က လျှောက်လဲချက်ပေးရမယ့် အောက်တိုဘာ ၂၂ ရက်ကို ကျော်လွန်ခဲ့ပြီးနောက် တလတိုးပြီး ခွင့်ပြုဖို့အတွက် တောင်းဆိုခဲ့တာဖြစ်ကြောင်း တရားခံတွေရဲ့ အကျိုးကို မြန်မာသံရုံးနဲ့အတူ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ကော့တောင်ကျွန်းအမှုက အစိုးရရှေ့နေတွေဘက်ကနေ တရားရုံးကို လျှောက်လဲချက် တင်ရမယ့်အဆင့်ပါ။ လျှောက်လဲချက် ဆိုတာက အန်ကယ်တို့ ဒီဘက်က တင်ထားတဲ့ အယူခံ အကြောင်းပြချက်တွေပေါ် မူတည်ပြီး ဒီအယူခံချက် တွေကတော့ အယူခံအကြောင်း အချက်တွေက အန်ကယ်တို့ဘက်က မှန်ကန်တယ်။ ဒါကြောင့်မို့ ကလေးတွေဘက်က အပြစ်မရှိဘူးလို့ ပြောထားတဲ့ အချက်တွေပါ။ဒီအချက်တွေရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဥပဒေအရ တင်ပြပြိးတော့ တရားရုံးမှာ လျှောက်လဲချက် တင်ရမှာတွေက အစိုးရရှေ့နေရဲ့ တာဝန်ပိုင်းမှာ အဲဒီ တာဝန်က ၂၂-၁၀-၂၀၁၇ ရက်နေ့က ပြည့်သွားပါတယ်။ ဒါပေမဲ့ အစိုးရရှေ့နေဘက်က လျှောက်လဲချက် ပေးဖို့အတွက် နောက်တလ ထပ်တောင်းတဲ့အတွက် ၂၂-၁၁-၂၀၁၇ ထိ တိုးပေးလိုက်ပါတယ်”

ဒီလို နောက်တလ ထပ်တိုးတောင်းဆိုတာဟာ အခြေအနေကောင်းတခု ဖြစ်နိုင်တယ်လို့ တရားခံအကျိုးဆောင် ရှေ့နေတွေဘက်က ယူဆနေပါတယ်။

“အန်ကယ်တို့ဘက်က အကြောင်းပြချက် ခိုင်လုံစွာနဲ့ တင်ပြထားတဲ့ စာမျက်နှာ ၃၁၉ မျက်နှာအပေါ်မှာ သူတို့ ဖြေရှင်းချက်တွေ ပြည်စုံအောင် မပေးနိုင်သေးတဲ့သဘော အဆင်သင့် မဖြစ်သေးဘူးဆိုတဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်”

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ Koh Tao ကော့တောင် အပမ်းဖြေကျွန်းဖြစ်တဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ လူသတ်မှုဖြစ်ပွားခဲ့တာပါ။ ၂၀၁၄ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းမှာတော့ လူသတ်မှုနဲ့ တရားစွဲဆို ခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး ၂၀၁၅ ခုနှစ်ကုန်မှာ ထိုင်းနိုင်ငံ ကော့စမွေ တရားရုံး ကနေ အမှု ၇ မှုနဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ် အကျဉ်းထောင်မှာ ဆက်လက် ထိမ်းသိမ်း ထားပါတယ်ရှင်။

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...