Skip to main content

ညဘက်တွင် အစား အလွန်အကျွံ စားခြင်း

ညဘက်တွင် အစား အလွန်အကျွံ စားခြင်း

# Zawgyi Version ဖြင့် ဖတ်ပါ #

တစ်နေ့တာလုံး အလုပ် ပင်ပင် ပန်းပန်းလုပ်၊ ညနေစာ စားပြီး တီဗီရှေ့မှာ အနားယူ၊ သတင်း နားထောင်၊ ရုပ်ရှင် ကြည့်ရင်းနဲ့ အာသာပြေ ဝါးတတ် တာဟာ  ကျွန်မတို့ အားလုံး ဘာကြောင့် ညဘက်မှာ အစာ လျှော့မစားရတာလဲ ဆိုတဲ့ အဓိက အကြောင်းရင်းပါ။

အစာ စားချင်စိတ် ဘာကြောင့် ဖြစ်ပေါ်လာသလဲ ဆိုတာ ကိုတော့ မသိသေးပါဘူး။  ဗိုက်မဆာ ဘဲနဲ့ အစား အသောက်တွေ ဆီကို လက်လှမ်း မိတာ၊ မီးဖိုချောင်ထဲကို ခြေလှမ်းမိတာမျိုး ဖြစ်တတ် ပါတယ်။ အစာ စားချင်စိတ်က အလွန်အကျွံ ပြင်းထန် နေတာမျိုး မဟုတ်ဘဲ အပျင်းပြေ သဘောမျိုးနဲ့ တစ်ခုခုကို စားချင် နေတာဟာ လူ အတော် များများဆီမှာ တွေ့ရ တတ်ပါတယ်။ ညဘက် အစားအသောက် တွေကို အလွန်အကျွံ စားမိတာဟာ အကျိုးထက် အပြစ်ကို ပိုများ စေပါတယ်။

အဲဒီလိုမျိုး ဖြစ်ရတဲ့ အကြောင်းရင်း တွေကတော့ နှစ်ခု ရှိပါတယ်။ ပထမ တစ်ခုက ညဘက် အိပ်ရင်းနဲ့ ထစား မိတတ်တာ မျိုးပါ။ အိပ်စက်ခြင်းနဲ့ ဆက်စပ် နေတဲ့ အစာစားမှု ပြဿနာ (Sleep Related Eating Syndrome -SRES)  လို့ သတ်မှတ် ကြပါတယ်။ သူတို့ဟာ ညဘက် အိပ်ချိန် လမ်းထ လျှောက်ရင်းကနေ စားသောက် မိတာ၊ အိပ်ချင် မူးတူးနဲ့ ထပြီး စားတာ မျိုးပါ။ သူတို့ရဲ့သိစိတ်ထဲမှာ အစားအစာတွေကို ထစားမယ်လို့ စီစဉ်၊ စဉ်းစား ထားတာမျိုး မရှိပါဘူး။ သူတို့ အိပ်ရာက နိုးလာတဲ့ အချိန် ရောက်ရင်တော့ သူတို့ ဘေးနားမှာ စားလက်စ အစားအသောက် တွေကို တွေ့မှသာ အံ့သြတကြီး ဖြစ်မိ ကြပါတယ်။

နောက်တစ်မျိုး ကတော့ ညဘက် အိပ်ခါနီးမှာ အလွန်အမင်း စားမိတတ် တာမျိုး  (Night Eating Syndrome - NES)ပါ။ သူတို့ဟာ သူတို့ သုံးစွဲဖို့ လိုအပ်တဲ့ ကယ်လိုရီ ထက်ပိုပြီး စားမိတတ် ကြပါတယ်။ လူ ၁၀၀ မှာ ၁-၂ ယောက် လောက်မှာတော့ ဒီပြဿနာ တွေကို တွေ့ရ တတ်ပါတယ်။ တချို့ ရောဂါတွေ၊ ရောဂါ ကုသတဲ့ ဆေးတွေ ကြောင့်လည်း  NES ခံစားရ တတ်ပါတယ်။ ဒီလို လူတွေဟာ   အဝလွန်ခြင်းနဲ့ ပတ်သက်ပြီး ဆက်ဖြစ်လာမယ့် အန္တရာယ်တွေနဲ့ ကြုံတွေ့ နိုင်ပါတယ်။ ဒါ့အပြင် စိတ်ကျ ရောဂါနဲ့ ပတ်သက် တာတွေ၊ အစား အသောက်တွေကို စွဲလာတာ မျိုးကိုလည်း ခံစားရတတ် တယ်လို့ သိပ္ပံပညာရှင် တွေက အဆိုပြု ထားကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တိကျတဲ့ ဆက်စပ်မှုကို မတွေ့ရ သေးပေမယ့် မှန်ကန် နေတာကို တွေ့ရပါတယ်။ NES ဟာ အိပ်စက်ချိန်၊ အစာ စားချင်စိတ် တို့ကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေ ပေါ်မှာလည်း သက်ရောက်မှု ရှိတယ်လို့ ဆိုလာ ကြပါတယ်။ ပညာရှင်တွေ ကတော့ အိပ်စက်ချိန် နည်းခြင်းနဲ့ ကိုယ်အလေးချိန် တက်လာခြင်း တို့ကို အခြေခံပြီး အိပ်စက်ချိန်နဲ့ အစာ စားချင်စိတ် တို့ဟာ အခိုင်အမာကို  ဆက်စပ် နေတယ်လို့ ဆိုကြ ပါတယ်။


- မိမိ ခံစား နေရတာဟာ ပုံမှန်နဲ့ မတူဘူး ဆိုရင် ဆရာဝန်နဲ့ ပြသပြီး တိကျတဲ့ ရောဂါ ရှာဖွေမှု ပြုလုပ်ပါ။

- အစာစား ချင်နေတဲ့ ပြဿနာဟာ စိတ်ပိုင်း ဆိုင်ရာ အခြေအနေ တစ်ခုခုနဲ့များ ဆက်စပ်နေ သလား ဆိုတာကို သိနိုင်ဖို့ စိတ်ရောဂါနဲ့ ပတ်သက်တဲ့ ပညာရှင် တစ်ယောက် ယောက်နဲ့ ဆွေးနွေး ကြည့်သင့် ပါတယ်။

- ရောဂါ တစ်ခု ခုကြောင့် ဖြစ်ရတာ ဆိုရင်လည်း မူလ အရင်းခံ ရောဂါကို အရင်ဆုံး ပျောက်ကင်းအောင် ကုသပေးဖို့ လိုပါတယ်။
- တချို့သူတွေဟာ စိတ် ဖိစီးမှု များလာတဲ့ အခါမှာ အစာ ခဏခဏ ထစား တတ်ပါတယ်။

- ညနေစာ စားသောက်တဲ့ အခါမှာ အလွယ် တကူ ဗိုက်ပြည့် စေတဲ့ အသီးအရွက် တွေကို ဦးစားပေးပြီး စားပေးပါ။

- ညဘက် အိပ်ရေး ဝအောင အိပ်တာဟာ  အစာ ခဏခဏ ထပြီး စားနေတာ မျိုးကို ကာကွယ် ပေးနိုင်ပါတယ်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...