Skip to main content

လေးဖက်နာ အဆစ်အမျက်ရောင် ရောဂါကို အစားအသောက် ဆင်ခြင်ခြင်းဖြင့် ကာကွယ်နိုင်

လေးဖက်နာ အဆစ်အမျက်ရောင် ရောဂါကို
အစားအသောက် ဆင်ခြင်ခြင်းဖြင့် ကာကွယ်နိုင်

လူလတ်ပိုင်း အရွယ် ရောက်သည်နှင့် အမျိုးသား၊ အမျိုးသမီး မရွေးဘဲ ဖြစ်ပွားလေ့ရှိသည့် လေးဖက်နာ အဆစ်အမျက်ရောင် ရောဂါကို အစားအသောက် စနစ်တကျ ဆင်ခြင် ပေးခြင်းဖြင့် ထိရောက်စွာ ကာကွယ်နိုင်မည် ဖြစ်သည့် အတွက် ဆင်ခြင် စားသောက်ရမည့် အစားအစာများ အမည်စာရင်းကို ထုတ်ပြန်နိုင်ရန် ကြိုးပမ်းနေကြောင်း အမေရိကန် ပြည်ထောင်စု၊ ဘော်စတွန်မြို့ရှိ ဟားဗတ် ဆေးတက္ကသိုလ်မှ သုတေသီ ဒေါက်တာ ဘင်လု က ပြောပြသည်။
'' အသက် ၂၅ နှစ်ကနေ ၄၂ နှစ်အရွယ် အမေရိကန် အမျိုးသမီးပေါင်း ၉၄ဝဝဝ ထက်မနည်းကို ကျွန်တော်တို့ စစ်တမ်း ကောက်ယူ လေ့လာဆန်းစစ် ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်ကနေ ၂ဝ၁၁ ခုနှစ်အတွင်း လေးနှစ်တာ ကာလမှာ သူတို့ စားသောက်ခဲ့တဲ့ ပုံစံနဲ့ အဆစ်အမျက် ရောင်နာ ဖြစ်ပွားခဲ့တဲ့ အကြိမ်ရေကို တွက်ချက် ဖော်ထုတ် ခဲ့ပါတယ်။ အဲဒီ လေးနှစ်တာ ကာလမှာ လူပေါင်း ၉၄ဝဝဝ သော အမျိုးသမီး တွေထဲက အယောက် ၃၅ဝ ခန့်သာ အဆစ်အမျက် ရောင်နာ ဝေဒနာ ခံစားခဲ့ရတာ ကို တွေ့ရပါတယ် '' ဟု ၄င်းက ပြောပြသည်။
''မြောက်အမေရိက အစားအစာ တွေဖြစ်တဲ့ အမဲ၊ ဆိတ်၊ မြင်းလို အသားနီတွေ၊ ဆင့်ကဲဆင့်ကဲ ပြင်ဆင်ထားတဲ့ အစားအစာတွေ၊ ပြန်လည် သန့်စင်ထားတဲ့ ဆန်၊ ဂျုံ၊ ပြောင်းတွေ၊ ဆီကြော် အစားအစာ တွေ ၊ အဆီများတဲ့ နို့ထွက်ပစ္စည်း တွေနဲ့ အချိုကဲတဲ့ အစားအစာ တွေဟာ အဆစ်အမျက် ရောင်နာ ဖြစ်ပွားဖို့ အားပေးတာကို တွေ့ရပါတယ်။ အသီး၊ အရွက်၊ ပဲသီး၊ ပဲတောင့်၊ ကြက်၊ ဘဲ၊ ငါး အစရှိတာ တွေကို စားသောက်ကြ သူတွေမှာ ကြတော့ အဆစ်အမျက် ရောင်နာဟာ သိသာစွာ လျော့နည်း တာကို တွေ့ရပါတယ် '' ဟု ဘင်လု က ဆက်လက် ပြောပြ၍ သိရသည်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...