Skip to main content

အုန်းရည်သောက်ခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ

အုန်းရည်သောက်ခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ
အုန်းရည်သောက်ခြင်းကြောင့် ရရှိမည့် ကျန်းမာရေး အကျိုး ကျေးဇူးများကို ဖော်ပြပေးလိုက်ပါသည်။ 
အုန်းရည်သောက်ခြင်းကြောင့် သွေးလည်ပတ်မှုကို အားကောင်း စေပြီး သွေးတိုးခြင်းကို လျှော့ချပေးနိုင်သည့် အတွက် နှလုံးထိခိုက်မှုနှင့် အခြားနှလုံးသွေးကြောဆိုင်ရာ ပြဿနာများကို လျှော့ချပေးနိုင်ကြောင်း သုတေသန ပြုချက်များက ဖော်ပြသည်။ 
အုန်းရည်သောက်ခြင်းဖြင့် သွေးထဲသကြားပါဝင်မှုကိုလည်း ထိန်းချုပ်နိုင်ကြောင်း သိရသည်။
အကယ်၍ ကိုယ်အလေးချိန်လျှော့ချရန် စဉ်းစားနေပါက သင်၏ အစားအသောက်စာရင်းတွင် အုန်းရည်ပါဝင်ရန် လိုအပ်ကြောင်း အာဟာရပညာရှင်များ ပြောသည်။ အုန်းရည်တွင် အဆီပါဝင်မှု နည်းပါးပြီး အုန်းရည်သောက် ပေးခြင်းဖြင့် ဆာလောင်မှုကို လျှော့ချပေးနိုင်သည်။
ဗီတာမင်နှင့် အာဟာရ ဓာတ်များစွာ ပါဝင်သည့် အုန်းသီးရည်တွင် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်များကို ကာကွယ်နိုင်သော ဓာတ်ပစ္စည်းများ ပါဝင်သဖြင့် ငှက်ဖျားကဲ့သို့ ရောဂါများကို တိုက်ဖျက်နိုင်ပြီး ကိုယ်ခံအား စနစ်ကို အားကောင်းလာစေနိုင်သည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများ ၀မ်းချုပ်ခြင်း၊ ရင်ပူရင်ဆာဖြစ်ခြင်းနှင့် အစာချေဖျက်မှု နှေးကွေးခြင်းတို့ကို ကာကွယ်ရန် အုန်းရည်သောက်ပေးသင့်ကြောင်း ဆရာဝန်များက ညွှန်ကြားထားသည်။
သတ္တုဓာတ်များ၊ ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ်တို့ ပါဝင်သော အုန်းရည်မှာ ကျောက်ကပ်ရောဂါရှင်အတွက် အကျိုးကျေးဇူးရှိသည်။ အုန်းရည်မှာ ဆီးရွှင်စေပြီး ဆီးထုတ်လုပ်မှုနှင့် ဆီးရွှင်မှုကို အားပေးသည်။
ဝက်ခြံ (သို့မဟုတ်) အဖုအပိမ့်ပြဿနာများရှိနေလျှင် (သို့မဟုတ်) နုပျိုသော အသားအရေကို ရလိုလျှင် ညမအိပ်မီ မျက်နှာကို အုန်းရည် လိမ်းအိပ်ပါ။ အသားအရေကို ပြန်လည်ပြုပြင်နိုင်သော ဓာတ်ပစ္စည်းများ အုန်းရည်တွင် ပါဝင်သဖြင့် လက်နှင့် လက်သည်းများကိုပါ လိမ်းပေးနိုင်သည်။
 

Comments

Popular posts from this blog

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်)

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်) အလှကုန် ပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီးငယ် တစ်ဦး လှမ်းဝင် သွားနေသည်။ ထို့နောက် ဆိုင်အတွင်း ရောင်းချသော အလှကုန် ပစ္စည်းများကို ကြည့်ရှုပြီး တစ်နေရာ အရောက် သူလိုချင်သော အရာကို တွေ့ရှိရ၍ ဝယ်ယူလိုက်သည်။  အဆိုပါ အမျိုးသမီးငယ် ဝယ်ယူသွားသော အလှကုန်ပစ္စည်း အမျိုးအစားမှာ အိမ်နီးချင်းနိုင်ငံ များမှ ဝင်ရောက်လျက် ရှိသည့် အမျိုးသမီးများ အတွက် ရင်သားကြီးထွားစေသော ရင်သားလူးဆေး ပင်ဖြစ်သည်။  အလှအပကို စိတ်ဝင်စားကြသည့် အမျိုးသမီး များသည် မျက်နှာလှပရန်၊ အသားအရည်ကောင်း ရန် စသည်ဖြင့် အလှအပအတွက် လိုအပ်သော အလှပြင်ပစ္စည်းများဖြင့် လှပရန် လိမ်းခြယ်ကြ၊ ခွဲစိတ် ပြုပြင်ကြသည့် နည်းတူ သဘာဝ အလျောက် ဖြစ်ပေါ်နေသော ရင်သားနှင့် ပတ်သက်၍ ရင်သား လှပရန် နိုင်ငံစုံမှ ထုတ်လုပ်ထားသော လိမ်းဆေး များလူးခြင်း၊ ရင်သားခွဲစိတ် ပြုပြင်ခြင်းများကို အချို့သော အမျိုးသမီးများ ပြုလုပ်ကြသည်ကို တွေ့မြင်လာရသည်။  “အစ်မတို့ဆိုင်ကို လာဝယ်ကြတဲ့ သူတွေထဲ အပျိုတွေဆို ရင်သားကြီး ဆေးဝယ်ပြီး အိမ်ထောင်ကျပြီးတဲ့ သူတွေကတော့ ရင်သားပင့်တင်တဲ့ဆေး သုံးတာ များတယ်” ဟ...