Skip to main content

သင့်ရဲ့ အ၀တ်အစား အရောင်တွေကနေ ပြောပြနေတဲ့ သင့်အကြောင်း

သင့်ရဲ့ အ၀တ်အစား အရောင်တွေကနေ ပြောပြနေတဲ့ သင့်အကြောင်း

သင်အမြဲတမ်း နှစ်ခြိုက်စွာ ရွေးချယ်ဝတ်ဆင်တတ်တဲ့ အ၀တ်အစားအရောင်က ဘာအရောင်များ ဖြစ်လိမ့်မလဲ။ သင်အများဆုံး ၀တ်ဆင်တတ်တဲ့ အ၀တ်အစား၊အကျီအရောင်က သင့်အကြောင်းကို ပြောပြပေးနေတယ်ဆိုတာ သိပါသလား။
အပြာရောင်
 အပြာရောင်သည် အလုပ်အင်တာဗျူး ဖြေဆိုရာတွင် ၀တ်ဆင်သင့်သောအရောင် ဖြစ်သည်။အလုပ်အကိုင် ခန့်ထားခြင်းဆိုင်ရာ စစ်တမ်းတစ်ခုအရ မန်နေဂျာ ရာထူးရွေးချယ်ရာတွင် အပြာရောင် ၀တ်ဆင်ထားသူများကို အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်နိုင်သည်ဟု ယူဆခဲ့ကြောင်း ရွေးချယ်သူများက ဆိုသည်။ အပြာရောင်သည် စိတ်သက်သာရာရခြင်း ၊သစ္စာရှိခြင်း ၊ယုံကြည်မှုရှိခြင်း နှင့် ထိန်းချုပ်နိုင်ခြင်း တို့ကို ကိုယ်စားပြုသည်။
အနီရောင်
 နှစ်ပေါင်းများစွာ ပြုစုလာခဲ့သော သုတေသနရလဒ်များအရ ကြက်သွေးရောင် အနီရဲရဲသည် ချစ်သူများနေ့တွင် ဖယ်ရှားထားသင့်သည် အရောင် မဟုတ်ဟုဆိုသည်။လေ့လာမှုတစ်ခုတွင် အမျိုးသားများအား အရောင်အသွေးစုံ ၀တ်ဆင်ထားသော အမျိုးသမီးများ၏ ဓာတ်ပုံများကို ပြ၍ ထိုမိန်းကလေးအတွက် မည်မျှ အကုန်အကျ ခံနိုင်ပါသလဲဟုမေးရာ အနီရောင် ၀တ်ထားသော အမျိုးသမီးများအား စိတ်ဝင်စားချစ်ခင်ပြီး ၄င်းတို့အတွက် ငွေအများဆုံး သုံးလိုကြောင်းဖြေကြားခဲ့သည်။ထို့ကြောင့် အနီရောင်သည် အချစ်စိတ်ကို နှိုးဆွနိုင်သည့် အရောင်ဖြစ်သည်ဟု ဆိုနိုင်သည်။
မီးခိုးရောင်
 ပညာရှင်များရဲ့အဆိုအရ မီးခိုးရောင်သည် ရှေးရိုးမဆန်ခြင်းဘဲ ကျက်သရေရှိခြင်း ၊ဟန်ဆောင်ခြင်းကင်း၍ တသားတည်း ရှိခြင်းကိုပြသည်ဟု ဆိုသည်။
ခရမ်းရောင်
 ခရမ်းရောင်သည် တော်ဝင်ဆန်ခြင်း ၊ အာဏာရှိခြင်းကို ပြသည်။ စိတ်မသက်မသာ ဖြစ်ခြင်းကိုပြသည်။ တစ်စုံတစ်ဦးကို စိတ်အေးဆေး သက်သာစွာရှိစေလိုသော အလုပ်အင်တာဗျူးသွားခြင်း သို့ ချစ်သူနှင့် ချိန်းတွေ့သည့်အခါများတွင် ခရမ်းရောင်ကို ရှောင်ကြဉ်သင့်သည်။
အမည်းရောင်
 ခေါင်းမှခြေအဆုံး အမည်းရောင် ၀တ်ဆင်ခြင်းသည် လုပ်ပိုင်ခွင့် နှင့် အာဏာ ရှိခြင်းကို ပြသည်။ဝမ်းနည်းခြင်း အဓိပ္ပါယ် ဆောင်သကဲ့သို့ စိတ်ဆန္ဒ ကြီးခြင်းကိုလည်း ပြသည်။ NHL အဖွဲ့များအားလေ့လာမှု တစ်ခုတွင် အမည်းရောင် ၀တ်စုံ ၀တ်ဆင်သော အသင်းများသည် ပင်နတီပိုမို ရရှိကြောင်း တွေ့ရသည် ဟုဆိုသည်။အမည်းရောင် ၀တ်စုံကြောင့် ကစားသမားများ၏ စိတ်ကို ပိုမို တွန်းအားပေးခြင်း ဖြစ်နိုင်သကဲ့သို့ ဒိုင်လူကြီးများ၏ အမည်းရောင်အပေါ် မသိစိတ်မှ ဘက်လိုက်မှုကြောင့်လည်း ဖြစ်နိုင်သည်ဟု ဆိုသည်။
အစိမ်းရောင်
 အစိမ်းရောင်သည် တည်ငြိမ်မှု ရှိခြင်း ၊သေချာခြင်း ကိုပြ၍ တီထွင် ဖန်တီးလိုစိတ်ကိုလည်း နှိုးဆွနိုင်သည်။အစိမ်းရောင်ကို အသုံးပြုခြင်းဖြင့် စိတ်ဝင်စားဖွယ်ကောင်းသော ၊ ဆန်းသစ်သော စိတ်ကူးစိတ်သန်းများ ရရှိလာစေသည်။
အဖြူရောင်
 အဖြူရောင်သည် ပေါင်းစည်းခြင်းကို ပြသည် ။မိမိသည် အားလုံးနှင့် တသွေးတသားတည်း ဖြစ်ကြောင်း ပြလိုသော မိသားစု ညစာစားပွဲမျိုး ၊အလုပ်အင်တာဗျူးမျိုးတွင် အဖြူရောင်ကို ၀တ်ဆင်သွားသင့်သည်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...