Skip to main content

စိန်ခေါ်သူ တာကမ်းကို အလဲထိုးရလဒ်ဖြင့် အနိုင်ယူ၍ လက်ရှိချန်ပီယံ ရွှေခါးပတ်များကို ဂျိုရွှာ ဆက်လက်ထိန်းသိမ်း

စိန်ခေါ်သူ တာကမ်းကို အလဲထိုးရလဒ်ဖြင့် အနိုင်ယူ၍ လက်ရှိချန်ပီယံ ရွှေခါးပတ်များကို ဂျိုရွှာ ဆက်လက်ထိန်းသိမ်း




 
ဗြိတိန် ဟဲဗီးဝိတ်လက်ဝှေ့ကစားသမား ဂျိုရွှာသည် ၎င်းဆွတ်ခူးရရှိထားသည့် ဟဲဗီးဝိတ်တန်း ချန်ပီယံရွှေခါးပတ်များအတွက် သရဖူကာကွယ်ပွဲအဖြစ် ပြင်သစ်ဟဲဗီးဝိတ်လက်ဝှေ့ကစားသမား ကားလို့စ်တာကမ်းနှင့်ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာတွင် ဒိုင်ပွဲရပ်ရလဒ်ဖြင့် အနိုင်ရရှိသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။

ကာဒစ်ဖ်၊ အောက်တိုဘာ ၂၉

ဗြိတိန် ဟဲဗီးဝိတ်လက်ဝှေ့ကစားသမား ဂျိုရွှာသည် ၎င်းဆွတ်ခူးရရှိထားသည့် ဟဲဗီးဝိတ်တန်း ချန်ပီယံရွှေခါးပတ်များအတွက် သရဖူကာကွယ်ပွဲအဖြစ် ပြင်သစ်ဟဲဗီးဝိတ်လက်ဝှေ့ကစားသမား ကားလို့စ်တာကမ်းနှင့်ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာတွင် ဒိုင်ပွဲရပ်ရလဒ်ဖြင့် အနိုင်ရရှိသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။

တာကမ်းသည် ပွဲအစတွင် ဂျိုရွှာ၏မျက်နှာကို ဦးခေါင်းဖြင့် ၀င်တိုက်ခဲ့ပြီး ယင်းခေါင်းတိုက်ချက်မှာ ထိချက်ပြင်းထန်လွန်းသည့် ဂျိုရွှာက နှာခေါင်းရိုးကျိုးသွားခဲ့သည်။

သို့သော် ဂျိုရွှာသည် ယင်းနှာခေါင်းရိုးကျိုး ဝေဒနာကို  အံတု၍ ပြိုင်ပွဲကို အကောင်းဆုံး ဆက်လက်ယှဉ်ပြိုင်သွားခဲ့ပြီး ပွဲချီ ၁၀ ချီမြောက်သို့အရောက်တွင် ဒိုင်ပွဲရပ်ရလဒ်ဖြင့် ၎င်းက နိုင်ပွဲရရှိသွားခဲ့ခြင်းဖြစ်သည်။

ဂျိုရွှာသည် ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ပွဲစဉ်ပေါင်း ၂၀ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီးပြီဖြစ်ကာ ယင်းပွဲစဉ် ၂၀ လုံးတွင် ဂျိုရွှာက အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည့် မှတ်တမ်းကောင်းတစ်ရပ်ကိုလည်း ရေးထိုးစိုက်ထူနိုင်ခဲ့သည်။

တာကမ်းသည် ၎င်းအနေနှင့် ပွဲဆက်လက်ထိုးသတ်နိုင်သေးသည့်အခြေအနေကို ပိုင်ဆိုင်ထားပါလျက်နှင့် ကြိုးဝိုင်းဒိုင်လူကြီးက ပွဲကိုရပ်နားရန် ဆုံးဖြတ်ချက်ချမှတ်၍ ဂျိုရွှာကို အနိုင်ပေးလိုက်ခြင်းကို ပြင်းပြင်းထန်ထန် ဒေါသပေါက်ကွဲခဲ့ပြီး ပွဲတက်ရောက်ကြည့်ရှုခဲ့သူ ပရိသတ် ၇၈,၀၀၀ ကလည်း ကြိုးဝိုင်းဒိုင်လူကြီး၏ယင်းဆုံးဖြတ်ချက်ကို အော်ဟစ်လှောင်ပြောင်သွားခဲ့ကြသည်။

ဂျိုရွှာသည် လွန်ခဲ့သည့်ဧပြီလ၌ ယူကရိန်းလက်ဝှေ့ကစားသမား ကလစ်ရှ်ကိုနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့်ပွဲစဉ်တွင် အလဲထိုးရလဒ်ဖြင့် အနိုင်ရရှိကာ ကမ္ဘာ့ဟဲဗီးဝိတ်တန်း ချန်ပီယံရွှေခါးပတ်များကို သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ယခုထိုးသတ်သည့် တာကမ်းနှင့်ပွဲစဉ်မှာ ဂျိုရွှာအတွက် ပထမဆုံး ချန်ပီယံသရဖူကာကွယ်ပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်။

ဂျိုရွှာသည် အစောပိုင်း၌ ချန်ပီယံသရဖူကာကွယ်သည့် ပထမဆုံးပွဲစဉ်ကို ကလစ်ရှ်ကိုနှင့် စိတ်မကျေပွဲယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် သဘောတူညီမှုများ ရရှိပြီးသည့်နောက်တွင်မှ ကလစ်ရှ်ကိုက ကစားသမားဘ၀က အနားယူတော့မည်ဟု သဘောထားပြောင်းလဲသွားခဲ့သည့်အတွက် ယင်းအစား ဘူဂေးရီးယားလက်ဝှေ့ကစားသမား ပူလက်ဗ်ကို ဂျိုရွှာက ပြိုင်ဘက်အဖြစ် ရွေးလိုက်ရသေးသည်။

သို့သော် ပူလက်ဗ်သည်လည်း ပြိုင်ပွဲမထိုးသတ်မီ ၁၂ ရက်ခန့်အလိုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကြောင့်  ပြိုင်ပွဲထိုးသတ်မည့် အစီအစဉ်ကို ဖျက်သိမ်းပစ်ခဲ့ပြီး တာကမ်းက ပူလက်ဗ်၏နေရာကို အစားဝင်ကာ လေ့ကျင့်ချိန် ၁၂ ရက်မျှဖြင့် ဂျိုရွှာကို ယှဉ်ပြိုင်ထိုးသတ်သွားခဲ့ခြင်းဖြစ်သည်။

Comments

Popular posts from this blog

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်)

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်) အလှကုန် ပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီးငယ် တစ်ဦး လှမ်းဝင် သွားနေသည်။ ထို့နောက် ဆိုင်အတွင်း ရောင်းချသော အလှကုန် ပစ္စည်းများကို ကြည့်ရှုပြီး တစ်နေရာ အရောက် သူလိုချင်သော အရာကို တွေ့ရှိရ၍ ဝယ်ယူလိုက်သည်။  အဆိုပါ အမျိုးသမီးငယ် ဝယ်ယူသွားသော အလှကုန်ပစ္စည်း အမျိုးအစားမှာ အိမ်နီးချင်းနိုင်ငံ များမှ ဝင်ရောက်လျက် ရှိသည့် အမျိုးသမီးများ အတွက် ရင်သားကြီးထွားစေသော ရင်သားလူးဆေး ပင်ဖြစ်သည်။  အလှအပကို စိတ်ဝင်စားကြသည့် အမျိုးသမီး များသည် မျက်နှာလှပရန်၊ အသားအရည်ကောင်း ရန် စသည်ဖြင့် အလှအပအတွက် လိုအပ်သော အလှပြင်ပစ္စည်းများဖြင့် လှပရန် လိမ်းခြယ်ကြ၊ ခွဲစိတ် ပြုပြင်ကြသည့် နည်းတူ သဘာဝ အလျောက် ဖြစ်ပေါ်နေသော ရင်သားနှင့် ပတ်သက်၍ ရင်သား လှပရန် နိုင်ငံစုံမှ ထုတ်လုပ်ထားသော လိမ်းဆေး များလူးခြင်း၊ ရင်သားခွဲစိတ် ပြုပြင်ခြင်းများကို အချို့သော အမျိုးသမီးများ ပြုလုပ်ကြသည်ကို တွေ့မြင်လာရသည်။  “အစ်မတို့ဆိုင်ကို လာဝယ်ကြတဲ့ သူတွေထဲ အပျိုတွေဆို ရင်သားကြီး ဆေးဝယ်ပြီး အိမ်ထောင်ကျပြီးတဲ့ သူတွေကတော့ ရင်သားပင့်တင်တဲ့ဆေး သုံးတာ များတယ်” ဟ...