ပါတီ ထိပ်တန်း ပုဂ္ဂိုလ်သုံးဦး မဲမသမာမှုတွေလုပ်တယ်လို့ ဆင်ဟွှာရေးသား
လောလောဆယ်မှာ ထောင်ကျနေတဲ့ တရုတ်ကွန်မြူနစ်ပါတီက ထိပ်တန်း ပုဂ္ဂိုလ်သုံးဦးဟာ စောစောပိုင်းက ပါတီခေါင်းဆောင်ရွေးပွဲတွေမှာ မဲမသမာမှုတွေပြုလုပ်ခဲ့ကြဘူးတယ်လို့ ဆင်ဟွာသတင်းမှာ ဆောင်းပါးတပုဒ်ပါရှိလာပါတယ်။
အဲ့ဒီခေါင်းဆောင်တွေဟာ သမ္မတ စီကျင်းပင်ရဲ့ ပြိုင်ဘက်တွေဖြစ်ကြပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဖမ်းစီးခံခဲ့ရတာပါ။ ဒါပေမဲ့ နိုင်ငံရေးသုံးသပ်သူတွေက တော့ သူတို့ကို ဖမ်းစီးတာဟာ နိုင်ငံရေးကစားကွက်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
အဖမ်းခံထားသူတွေဟာ ပါတီအတွင်းရေးမှူးချုပ်ဟောင်း ဇောင်ရောင်ကန်း၊ နဲ့ ဂျူဟွတို့ ဖြစ်ကြပြီး အရင်သမ္မတဟောင်း ရဲ့ လက်ထောက် Jintao လည်း ပါဝင်ပါတယ်။ ဆောင်းပါးမှာရေးထားတာက သူတို့ဟာ ၁၉ကြိမ်မြောက် ပါတီကွန်ဂရက်အတွင်း မသမာမှုတွေလုပ်ခဲ့ကြတာဖြစ်တယ်လို့ ရေးထားပါတယ်။

Comments