အမျိုးသမီး ၃၀ကျော်ကို HIV ပိုးကူးအောင် လုပ်ခဲ့သူ ထောင်ချခံရ
27 အောက်တိုဘာ 2017
ဒီစာမျက်နှာ Facebook
Image caption
၂၀၁၅ နိုဝင်ဘာတုန်းက ဖမ်းဆီး ခံခဲ့ရတဲ့ Valentino Talluto
အီတလီမှာ အမျိုးသားတယောက်ဟာ အိတ်ခ်ျအိုင်ဗွီပိုး ရှိမှန်းသိရက်နဲ့ အကာအကွယ် မသုံးဘဲ အမျိုးသမီး အယောက် သုံးဆယ်နဲ့ လိင်ဆက်ဆံကာ ရည်ရွယ်ချက်ရှိရှိ ဒီရောဂါပိုး ကူးစက်စေခဲ့တဲ့အပေါ် ထောင်၂၄နှစ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
စာရင်းကိုင်တယောက်ဖြစ်တဲ့Valentino Talluto ဗယ်လန်တီနို တော်လူတိုဟာ သူ့မှာ အိတ်ခ်ျအိုင်ဗွီ ပိုးရှိမှန်းသိသွားပြီးနောက် အင်တာနက်ပေါ်ကနေ အမျိုးသမီးတွေကို ဖျားယောင်းသွေးဆောင် ကာမဆက်ဆံမှု ဆယ်နှစ်ကြာ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
သူ့နဲ့ဆက်ဆံခဲ့တဲ့ အမျိုးသမီး သုံးယောက်ကတဆင့် သူတို့ရဲ့ အဖော် အမျိုးသားတွေဆီလည်း ဒီရောဂါပိုး ကူးစက်ခဲ့ပြီး နောက်အမျိုးသမီးတယောက်ဆိုရင် သူ့ကလေးမှာပါ ဒီရောဂါပိုး တွေ့ရှိခဲ့တယ်လို့ စုံစမ်း စစ်ဆေးရေးမှူးတွေက ပြောပါတယ်။
မစ္စတာ တော်လူတိုရဲ့ လုပ်ရပ်ဟာ အမြှော်အမြင်မရှိပေမယ့် ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူးလို့ သူ့ရှေ့နေက ဆိုပါတယ်။

Comments