Skip to main content

၁ နှစ်အရွယ် သီလရှင် အား အဓမ္မပြုကျင့်ခဲ့သည့် အမျိုးသား ထောင်ဒဏ်တသက် ချမှတ်ခံရ

၇၁ နှစ်အရွယ် သီလရှင် အား အဓမ္မပြုကျင့်ခဲ့သည့် အမျိုးသား ထောင်ဒဏ်တသက် ချမှတ်ခံရ
အိန္ဒိယနိုင်ငံမှာ အသက် ၇၁ နှစ်အရွယ် သီလရှင် ကို အဓမ္မပြုကျင့်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားကို အိန္ဒိယ အရှေ့ပိုင်းတရားရုံးက ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ ဘီဘီစီသတင်းမှာ နိုဝင်ဘာ ၉ ရက်နေ့က ဖော်ပြထားပါတယ်။ 

၂၀၁၅ ခုနှစ် မတ်လတုန်းက အနောက်ဘန်ဂေါလ်ပြည်နယ် ရာနာဂတ်မြို့မှာ ဓားပြတိုက်ပြီး သီလရှင်ကြီးအား အဓမ္မပြုကျင့်ခဲ့တဲ့ နာဇရူအစ္စလမ်ကို လူသတ်ရန်ကြိုးစားမှု၊ အဓမ္မပြုကျင့်မှုတို့အတွက် အပြစ်ရှိတယ်လို့ ကာလ်ကတ္တားမြို့ တရားရုံးက နိုဝင်ဘာ ၈ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာပါ။ 

နာဇရူအစ္စလမ်နဲ့အတူ တခြားအပေါင်းအပါ အမျိုးသား ၅ ဦးကိုလည်း ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပြီးနောက် ကျန်အမျိုးသားတဦးကိုတော့ ဓားပြတိုက် အဓမ္မပြုကျင့်သူတွေကို လက်သင့်ခံ ပုန်းအောင်းခွင့်ပေးခဲ့လို့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

သီလရှင်ကျောင်းကို ဓားပြတိုက်အပြီး သီလရှင်ကြီးကို အဓမ္မပြုကျင့်ခဲ့သလို ဓားပြတွေဟာ ကျောင်းထဲက တခြားပစ္စည်းတွေနဲ့ ငွေသားတွေကို ခိုးယူသွားခဲ့ကြတာပါ။ ဒီအဖြစ်ကြောင့် အိန္ဒိယနိုင်ငံတဝှမ်း အထိတ်တလန့်ဖြစ်ခဲ့ပြီး လူထုအုံကြွဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။ 

တရားသူကြီး ကမ်ကမ်ဆင်ဟာက “ဆင်းရဲသားတွေအတွက် မာသာထရီဇာလို အလုပ်လုပ်ခဲ့တဲ့ အနောက်ဘန်ဂေါလ်ရဲ့ အမွေအနှစ်နေရာက သီလရှင်ကြီးကို အပြစ်အနာအဆာ အစွန်းအထင်းတခုဖြစ်အောင် လုပ်ခဲ့တယ်” လို့ နိုဝင်ဘာ ၈ ရက်နေ့က တရားရုံးမှာ ပြောလိုက်ပါတယ်။ 

အဓမ္မပြုကျင့်ခံခဲ့ရတဲ့ သီလရှင်ကြီးကို ခွဲစိတ်ကုသမှုတွေ လုပ်ခဲ့ရပြီး နောက်ပိုင်းမှာ သီလရှင်ကြီးဟာ အနောက်ဘန်ဂေါလ်ကို ပြောင်းသွားတယ်လို့ ဆိုပါတယ်။ ဥပဒေကြောင်းအရ သီလရှင်ကြီးရဲ့ အမည်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ 

ပြီးခဲ့တဲ့နှစ်တွေအတွင်း အိန္ဒိယနိုင်ငံ ခရစ်ယာန်ဘုရားကျောင်းတွေမှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဒေလီမြို့မှာဖြစ်ခဲ့တဲ့ ကျောင်းသူတဦးကို သေနတ်ပြ အဓမ္မပြုကျင့် သတ်ဖြတ်မှု အပြီးမှာတော့ အာဏာပိုင်တွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဥပဒေတွေကို ပိုမိုအားကောင်းအောင် လုပ်ခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ဒီလို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတုန်းပဲလို့ စည်းရုံးလှုံ့ဆော်သူတွေက ပြောကြပါတယ်။ 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...