အစွဲပြုတ်ရေးတရား..
❦ အစွဲပြုတ်ရေးတရား..❦
မိမိတို့သည် မအိုမီ မနာမီ မသေမီ အရေးအကြီးဆုံး လုပ်ရမည့် အလုပ်သည် အစွဲဖြုတ်ရေး အစွဲကိလေသာတွေကို နှိမ်ချိုးပယ်သတ်ရေး အလုပ်ပင် ဖြစ်ပါ၏..။
စင်စစ် လောက၌ ဗုဒ္ဓမြတ်စွာ ပေါ်ထွန်းလာရခြင်းသည် အစွဲဖြုတ်ရေး ဟော၍ လောကသားတွေကို ကယ်တင်ဖို့ပဲဖြစ်သည်..။
ယောဂီတွေ ရိပ်သာဝင်ပြီး တရားအားထုတ်ခြင်းသည်လည်း အစွဲဖြုတ်ရေး အတွက်ပင်ဖြစ်သည်..။
လောဘ.. ဒေါသ စသော အပုပ်အသိုး အဆွေးအမြည့် အဟောင်းတရား မကောင်းတရား တွေကို ပယ်စွန့် သုတ်သင်ရေးအတွက် တရားအားထုတ်ခြင်း ဖြစ်သည်..။
သို့ဖြစ်၍လည်း ..
ဝိပဿနာ ဆိုသည်မှာ.. ••• အစွဲကင်းဖို့ရာ ခန္ဓာမှာ မှန်စွာ ရှုရပါသတည်း..။ ဟူ၍ လင်္ကာစပ်ဆိုထားပါ၏..။
❆ စားရေး ၀တ်ရေး နေထိုင်ရေးနှင့်
ဆေးဝါးခေါ်ငြား ပစ္စည်းများကို
ဘုရားတို့ထုံး စိတ်နှလုံးဖြင့်
သုံးရုံ သုံးပါ .. မစွဲလာနှင့်.. ဟု မြတ်စွာဘုရား ဆုံးမထားပါသည်..။
❆ ပစ္စည်းလေးဖြာ မတွယ်တာ
တဏှာငြိမ်းအောင်ပြု...
ဤဆောင်ပုဒ် လင်္ကာလေးတွေကို လက်ကိုင်ပြု၍ အစွဲမ၀င်အောင် တွင်တွင်ရှုပွားနေရပါ၏..။

- Get link
- Other Apps
- Get link
- Other Apps
Comments