Skip to main content

ငှက်ပျောသီးစားလို့ ဝ စေသလား လှ စေမှာလား

ငှက်ပျောသီးစားလို့ ဝ စေသလား လှ စေမှာလား
# Zawgyi Version ဖြင့် ဖတ်ပါ # 

တခြား သစ်သီးတွေနဲ့ယှဉ်ရင် ငှက်ပျောသီး မှာ ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်မှု များတယ်လို့ထင်ပြီး ငှက်ပျောသီးစားရင် ဝစေတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီအယူအဆဟာ မမှန်ပါဘူး။ တကယ်တော့ ငှက်ပျောသီးမှာ ကောင်းကျိုး တွေ အများကြီး ရှိပါတယ်။ 

(၁) ငှက်ပျောသီးအပါအဝင် ဘယ်သစ်သီးမဆို သူတို့ကို သဘာဝအတိုင်း စားရင် မဝစေ ပါဘူး။ 

(၂) ငှက်ပျောသီးမှာ ကိုလက်စထရော၊ ဆိုဒီယမ်နဲ့ အဆီတွေမပါဝင်ပါဘူး။ ဒါကြောင့် ငှက်ပျောသီးက လူကိုဝစေတယ်ဆိုတာ မမှန်ပါဘူး။ 

(၃)ငှက်ပျောသီးကို ဒီအတိုင်း အစိမ်းစားတာကသာ အကောင်းဆုံးပါ။ ငှက်ပျောသီးကို နို့၊ ရေခဲမုန့်၊ သကြားစတာတွေနဲ့အတူ ရောစားရင်တော့ သင့်ကိုဝစေပါလိမ့်မယ်။ 

(၄)ငှက်ပျောသီးက စွမ်းအင်ချက်ချင်းရရှိစေတာကြောင့် အားကစားသမားတွေအတွက် နံပါတ်တစ်အကောင်းဆုံး အသီးဖြစ်ပါတယ်။ 

(၅)ငှက်ပျောသီးမှာ သဘာဝသကြားဓာတ်တွေ ဖြစ်တဲ့ Sucrose, Fructose နဲ့ Glucose တွေပါဝင်ပြိး အမျှင်ဓာတ်နဲ့ ပေါင်းကာ ခန္ဓာကိုယ်ကို အားအင်ဖြစ်စေပါတယ်။ 

(၆)ငှက်ပျောသီးမှာ သွေးတွင်းသကြားဓာတ်အဆင့်ကို ထိန်းသိမ်းရာမှာ ကူညီပေးတဲ့ ဗီတာမင် B6 ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ပရိုတင်းတွေ တည်ဆောက်ဖို့၊ အာရုံကြောနဲ့ ခုခံအားဆဲလ်တွေ အတွက်လည်း B6 ကို မရှိမဖြစ်လိုအပ်ပါတယ်။ 

(၇) ငှက်ပျောသီးမှာ အမျှင်ဓာတ်လည်း ပါဝင်ပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။ 

(၈)ငှက်ပျောသီးမှာ ပိုတက်စီယမ် ပါဝင်မှုလည်းများတဲ့အတွက် သွေးပေါင်ချိန်ကို ထိန်းညှိ ပေးပြီး အမျိုးသမီးတွေမှာ ရာသီမလာခင် ခံစားရတဲ့ ဝေဒနာတွေကို လျော့ပါးသက်သာ စေပါတယ်။ 

(၉)ငှက်ပျောသီးဟာ သွေးနီဥထဲမှာပါတဲ့ ဟေမိုဂလိုဘင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့ အတွက် သွေးအားကောင်းစေပါတယ်။ 

(၁၀) ငှက်ပျောသီးမှာ သဘာဝအက်ဆစ် ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် ရင်ပူတာကို ခံစားနေရသူတွေဟာ လေဆေးမသောက်ဘဲ ငှက်ပျောသီးစားပေးနိုင်ပါတ

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...