Skip to main content

ကျောက်မိုင်း စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများရှိကြောင်း အစီရင်ခံစာဖော်ပြ

ကျောက်မိုင်း စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများရှိကြောင်း အစီရင်ခံစာဖော်ပြ


- မွန်ပြည်နယ် သထုံ ခရိုင် ပေါင်မြို့နယ်တွင်း ကျောက်မိုင်း(ကျောက်ထုတ်လုပ်ရေး)စီမံကိန်းများကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုများနှင့်လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများရှိနေကြောင်း NSDP (လူမှုဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကွန်ရက်(ပေါင်မြို့))က နိုဝင်ဘာ ၁၁ ရက်၌ အစီရင်ခံစာထုတ်ပြန်သည်။
ကျောက်မိုင်းလုပ်ငန်းများ ရပ်တန့်ပေးရန် ဆန္ဒဖော်ထုတ်နေသူများ (ဓာတ်ပုံ − သန္တာလှိုင်)
- မွန်ပြည်နယ် သထုံ ခရိုင် ပေါင်မြို့နယ်တွင်း ကျောက်မိုင်း(ကျောက်ထုတ်လုပ်ရေး)စီမံကိန်းများကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုများနှင့်လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများရှိနေကြောင်း NSDP (လူမှုဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကွန်ရက်(ပေါင်မြို့))က နိုဝင်ဘာ ၁၁ ရက်၌ အစီရင်ခံစာထုတ်ပြန်သည်။
ယင်းအစီရင်ခံစာတွင် စစ် တမ်းကောက်ယူထားသည့် အ ချက်များ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးနေသည့် အချက်များနှင့် လူ့အခွင့်အရေး ချိုးဖောက် ခံရသည့်အချက်များကို မော်လ မြိုင်မြို့ရှိ မွန်ပြည်နယ်အရပ်ဘက် လူမှုအဖွဲ့အစည်း ကွန်ရက်ရုံး၌ ပြည်နယ်အတွင်းရှိ အရပ်ဘက် ဆိုင်ရာ လူမှုအဖွဲ့အစည်း ၂၀ ကျော်ပါဝင်သည့် NSDP က သတင်းစာရှင်းလင်းပွဲပြုလုပ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
‘‘ဒီလုပ်ငန်းတွေက ပြည်သူ တွေထိခိုက်ပျက်စီးမှုတွေ အများ ကြီးရှိနေတယ်။ အစိုးရက ဘာလို့ အရေးမယူလဲဆိုတာ ဥပဒေတွေ ၊ နည်းဥပဒေတွေအတိုင်း အကောင်အထည်မဖော်လို့ ဖြစ်တယ်။ အခု ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာကို မကြာခင်ရက်မှာ သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ် တော်ကို တွေ့ဆုံပြီးတော့ ကျွန်မ တို့လိုချင်တဲ့အချက်တွေကို တင် ပြသွားမယ်။ လိုအပ်လာရင် ပြည် ထောင်စုကိုတင်ပြသွားမယ်’’ဟု NSDP ညှိနှိုင်းရေးမှူးဒေါ်ဇွန်ပန်းက ပြောသည်။
ယခုထုတ်ပြန်သည့် အစီရင် ခံစာအတွက် စစ်တမ်းတစ်ခုကို ၂၀၁၆ တွင် စတင်ကောက်ယူခဲ့ သည်။ ထို့ပြင် ခရိုင်အဆင့်၊ မြို့ နယ်အဆင့်အထွေထွေ အုပ်ချုပ် ရေးမှူးနှင့် ပူးပေါင်းပြီးတွေ့ရှိချက် များကို တင်ပြကာ ထိုလုပ်ငန်း များကို စိစစ်ပေးရန် တိုက်တွန်း မည်ဟု ဒေါ်ဇွန်ပန်းက ဆို သည်။
ကျောက်မိုင်းခွဲသံများကြောင့် လူတို့ကို အထိတ်တလန့်ဖြစ်စေ ခြင်း၊ ရောဂါရှိသူများ ကြောက် လန့်ခြင်း၊ ကျောက်မိုင်းခွဲရာမှ ကျောက်တုံးကျောက်စများ လွင့် စဉ်မှုကြောင့် ထိခိုက်နစ်နာမှုရှိ ခြင်း စသည်တို့အပါအ၀င် အချက်၂၃ ချက်ပါဝင်ပြီး ရေအရင်းအမြစ်များ ဆုံးရှုံးခြင်း၊ သစ်တောများနှင့် လယ်များပျက်စီးနေကြောင်း ရေးသားထားသည်။
ထို့ပြင် ပေါင်မြို့နယ်အတွင်း ကျောက်ထုတ်လုပ်ငန်း လုပ်ကိုင် သူ ၂၅ ဦးထိရှိပြီး ထိုလုပ်ငန်းအား လုံးကို ဥပဒေနှင့်အညီ လုပ်ကိုင် ဆောင်ရွက်စေလိုကြောင်း၊ လုပ် ငန်းရှင်များသည် ပွင့်လင်းမြင် သားမှုနှင့် ရင်းနှီးလုပ်ကိုင်မြှုပ်နှံ သင့်ကြောင်း၊ နိုင်ငံခြားသားများ တရားမ၀င် နေထိုင်မှုများရှိနေ သည်ကို ဥပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက်ရန် သက်ဆိုင်ရာဝန် ကြီးဌာနသို့ အကြံပြုမည်ဖြစ် ကြောင်း ဒေါ်ဇွန်ပန်းက ဆိုသည်။
မွန်ပြည်နယ်တွင် ယခုဘဏ္ဍာ ရေးနှစ်အတွင်း ကျောက်ထုတ် လုပ်ငန်းလုပ်ပိုင်ခွင့်လုပ်ငန်း လိုင်စင်ရရှိသူ ၆၄ ဦးထိရှိပြီး ပေါင်မြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တွင် အများဆုံး  လုပ်ကိုင်ကြကာ လုပ်ငန်းလုပ်ကိုင်ခွင့်ထပ်မံ လျှောက်ထားသူ ၇၀ ဦးခန့်ရှိကြောင်း မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးစိုးမြင့်က ပြောသည်။

Comments

Popular posts from this blog

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်)

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်) အလှကုန် ပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီးငယ် တစ်ဦး လှမ်းဝင် သွားနေသည်။ ထို့နောက် ဆိုင်အတွင်း ရောင်းချသော အလှကုန် ပစ္စည်းများကို ကြည့်ရှုပြီး တစ်နေရာ အရောက် သူလိုချင်သော အရာကို တွေ့ရှိရ၍ ဝယ်ယူလိုက်သည်။  အဆိုပါ အမျိုးသမီးငယ် ဝယ်ယူသွားသော အလှကုန်ပစ္စည်း အမျိုးအစားမှာ အိမ်နီးချင်းနိုင်ငံ များမှ ဝင်ရောက်လျက် ရှိသည့် အမျိုးသမီးများ အတွက် ရင်သားကြီးထွားစေသော ရင်သားလူးဆေး ပင်ဖြစ်သည်။  အလှအပကို စိတ်ဝင်စားကြသည့် အမျိုးသမီး များသည် မျက်နှာလှပရန်၊ အသားအရည်ကောင်း ရန် စသည်ဖြင့် အလှအပအတွက် လိုအပ်သော အလှပြင်ပစ္စည်းများဖြင့် လှပရန် လိမ်းခြယ်ကြ၊ ခွဲစိတ် ပြုပြင်ကြသည့် နည်းတူ သဘာဝ အလျောက် ဖြစ်ပေါ်နေသော ရင်သားနှင့် ပတ်သက်၍ ရင်သား လှပရန် နိုင်ငံစုံမှ ထုတ်လုပ်ထားသော လိမ်းဆေး များလူးခြင်း၊ ရင်သားခွဲစိတ် ပြုပြင်ခြင်းများကို အချို့သော အမျိုးသမီးများ ပြုလုပ်ကြသည်ကို တွေ့မြင်လာရသည်။  “အစ်မတို့ဆိုင်ကို လာဝယ်ကြတဲ့ သူတွေထဲ အပျိုတွေဆို ရင်သားကြီး ဆေးဝယ်ပြီး အိမ်ထောင်ကျပြီးတဲ့ သူတွေကတော့ ရင်သားပင့်တင်တဲ့ဆေး သုံးတာ များတယ်” ဟ...