Skip to main content

တတိယတန်းကျောင်းသူကို အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်သူအား အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျှက်ရှိ

တတိယတန်းကျောင်းသူကို အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်သူအား အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျှက်ရှိ


အသက် ၁၂နှစ်(၁၀)လအရွယ် တတိယတန်းကျောင်းသူကို အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်သူအား အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျှက်ရှိ
ဘားအံ - နိုဝင်ဘာ ၁၁ 

ကရင်ပြည်နယ်နယ်၊ ဘားအံမြို့နယ်တွင် နိုဝင်ဘာ ၉ ရက်နေ့က အသက် ၁၂နှစ်၁၀ အရွယ် တတိယတန်းကျောင်းသူတစ်ဦးကို တစ်ရွာတည်းနေ အသက် ၅၆နှစ်အရွယ် အမျိုးသားတစ်ဦးမှ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်သူအား အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ပြစ်မှုကျူးလွန် သူအား အချိန်နှင့်တပြေးညီ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၉ ရက် ညနေ ၇နာရီ၊ မိနစ် ၅၀ အချိန် ဘားအံမြို့နယ်၊ လွန်းညကျေးရွာ၊ အမှတ်(၂)ရပ်ကွက် တွင်နေထိုင်သူ ဒေါ်ခင်ထွေး၊ ၃၂-နှစ်မှ သမီးဖြစ်သူ နန်း---------၊ အသက်၁၂နှစ်၁၀လအရွယ်၊ တတိယတန်း ကျောင်းသူအား တစ်ရွာတည်းနေ ဦးမောင်မြင့်အောင် (ခ)အဆေး၊ (၅၆)နှစ်က သားမယားအဖြစ် ပြုကျင့်၍ အမှုဖွင့်အရေးယူ ပေးရန် လာရောက်တိုင်တန်းခဲ့သဖြင့်အိန္ဒုနယ်မြေရဲစ ခန်းမှူး ရဲအုပ် ရဲမင်းထွဋ်မှ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များ၊ အမျိုးသမီးရေးရာ အဖွဲ့များရှေ့တွင် ဖြစ်စဉ်အား မေးမြန်းရာ နိုဝင်ဘာ ၈ရက်နေ့ ညနေ ၆ နာရီအချိန် ခန့် ဒေါ်ခင်ထွေးသည် သမီးဖြစ်သူနှင့် အတူနေအိမ်၌ ရှိနေစဉ် တစ်ရွာတည်းနေ ဦးမောင်မြင့်အောင်(ခ)အဆေးမှ ၎င်း၏သမီးဖြစ် သူမမျိုးသန္တာထွန်း၊ ၁၀-နှစ်( ၃-တန်း)၊ မြေးဖြစ်သူ မောင်နိုင်မင်းဦး၊ ၅-နှစ်တို့နှင့်အတူ အဖော်အဖြစ်လိုက်အိပ်ပေးရန် လာရောက်ခေါ်ဆောင် သဖြင့် သမီးဖြစ်သူ------မှလိုက်သွားခဲ့ပြီး၎င်းညတွင်ဦးမောင်မြင့်အောင် (ခ)အဆေး၏ နေအိမ် ဧည့်ခန်း၌ ဦးမောင်မြင့်အောင်(ခ)အဆေး၊ မျိုးသန္တာထွန်း၊ မောင်နိုင်လင်းဦး၊ ယာဘက်အစွန်ဘက်တွင်နန်း -------မှ အိပ်ခဲ့ကြောင်း၊ ည ၁၀နာရီကျော် ၁၁နာရီအချိန်ခန့်တွင် ဦးမောင်မြင့်အောင်မှ နန်း------- အိပ်သည့်နေရာသို့ ရောက်ရှိလာ၍ ဦးမောင်မြင့်အောင်(ခ)အဆေးမှအလိုမတူဘဲအတင်းအဓမ္မ သားမယားအဖြစ် (၁)ကြိမ်ပြုကျင့်ခဲ့ပြီး ၎င်း၏ ယာဘက်ဘေးတွင် အိပ်ခဲ့ကြောင်း၊ ၄၅မိနစ်ခန့်အကြာတွင် (၁)ကြိမ်၊ ၁၅မိနစ်ခန့်အကြာ (၁)ကြိမ်၊ (၁)နာရီခွဲခန့် အကြာတွင် (၁)ကြိမ်၊ စုစုပေါင်း သားမယားအဖြစ် (၄)ကြိမ်ပြုကျင့်ခဲ့ကြောင်း သမီးဖြစ်သူ၏ ပြောပြချက်အရ သိရှိရသဖြင့် ဒေါ်ခင်ထွေးမှ သမီးဖြစ်သူ------အား အလိုမတူဘဲအတင်းအဓမ္မသားမယား အဖြစ်ပြုကျင့်ခဲ့သူ ဦးမောင်မြင့်အောင်(ခ)အဆေးအား ဥပဒေအရ အရေးယူပေးရန် လာရောက်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း မေးမြန်း သိရှိရသည်။ 

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ၁၂နှစ်၁၀လအရွယ် တတိယတန်းကျောင်းသူကို အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သူ ဦးမောင်မြင့်အောင် (ခ)အဆေးအား ဥပဒေနှင့်အညီ အရေးယူပေးရန် ဒေါ်ခင်ထွေးမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် အိန္ဒုနယ်မြေရဲစခန်း(ပ) ၉၃/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ-၃၇၆ အရအမှုရေးဖွင့်ခဲ့ပြီး အမှုအား စခန်းမှူး ရဲအုပ် ရဲထွဋ်မင်းမှ စစ်ဆေးကာ အမှုမှ စွပ်စွဲခံရသူအားအမှုဖြင့် ဖမ်းဆီး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ 

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ) 
Myanmaalinn 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...