ရန်ကုန် နှင့် ကားပါကင်အကျပ်အတည်း
“အထပ်မြင့် ဆောက်မယ်ဆိုလည်း ကားပါကင်နေရာ အရင်လုပ်ပြီးမှ ဆောက်သင့်တယ်”
“တချို့ကားတွေက ယာဉ်ထိန်းရဲမရှိတာနဲ့ ရပ်တော့တာပဲ”
ရဲမှူးမျိုးအောင်မြင့် (အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး)
“စည်ပင်က စီမံချက်ရှိလို့ လာဖမ်းတဲ့ အချိန်လောက်ပဲ တုံးတွေဖယ်ထားပြီး ကျန်တဲ့နေ့တွေ
တုံးတွေပြန်ထားတာပဲ”
ကိုစစ်နိုင်လင်း (ယာဉ်ပိုင်ရှင်)
ရန်ကုန်မြို့မှာ ကားပါကင်နေရာ တစ်နေရာရဖို့အတွက်က မြို့ထဲမဟုတ်တဲ့ နေရာတွေမှာ မသိသာပေမယ့် မြို့ထဲဘက်ရောက်တဲ့ မြို့နယ်တွေမှာဆို ခက်ပါတယ်။ တချို့က ကားပါကင် နေရာဦးကြတယ်။ မဦးဘဲ ကြုံတဲ့နေရာ ရပ်တဲ့အခါတွေလည်း ရှိတာပေါ့။ မြို့ထဲမှာ နေတဲ့သူတွေဆို တိုက်ခန်းက အခန်း ၁၂ ခန်းရှိတယ်ဆိုရင် ကားရှိတဲ့အခန်းက ၈ ခန်းလောက် ရှိတယ်ဆိုပါတော့။ ကားရပ်တဲ့နေရာကို မြေညီထပ်က ပိုင်တာ မဟုတ်ဘူး။ စည်ပင်မြေဖြစ်တဲ့အတွက် ကားတိုင်းရပ်ခွင့်ရှိတယ်။ ဒါပေမဲ့ နေရာဦးထားတာမျိုးတွေ၊ မြေညီထပ်မှာ ဆိုင်ခန်းဖွင့်ထားတာမျိုးတွေဆို ကားရပ်ဖို့အတွက်က နေရာမရှိတော့တာမျိုး တွေ့ဖူးတယ်။ အဲလိုတွေဖြစ်တဲ့အတွက် ကိုယ့်ကား ရပ်ထားတဲ့ အိမ်ရှင်နဲ့ အဆင်ပြေအောင် နေရတယ်။ တချို့နေရာတွေမှာဆို သူတို့အိမ် ရှေ့မှာ ကားရပ်တဲ့အတွက် အိမ်ရှင်ကို ပိုက်ဆံပေးရတာမျိုးတွေ ရှိတယ်။ မြို့ထဲမှာဆို ကားပါကင်နေရာအတွက် သူတို့ကား အပြင်သွားလို့ မရှိရင်တောင် တုံးတွေချထား တာမျိုးတွေရှိတယ်။ စည်ပင်က စီမံချက်ရှိလို့ လာဖမ်းတဲ့အချိန်လောက်ပဲ တုံးတွေ ဖယ်ထားပြီး ကျန်တဲ့နေ့တွေ တုံးတွေပြန်ထားတာပဲ။
“အထပ်မြင့် ဆောက်မယ်ဆိုလည်း ကားပါကင်နေရာ အရင်လုပ်ပြီးမှ ဆောက်သင့်တယ်”
မပီကူး (ကိုယ်ပိုင်ယာဉ်မောင်း)
ခိုင်ချယ်ရီထွန်း
- Get link
- X
- Other Apps
- Get link
- X
- Other Apps
Comments