Skip to main content

ကမ္ဘာ့ပထမဆုံး လျှပ်စစ်ထရပ်ကား ဂျပန်ထုတ်လုပ်

ကမ္ဘာ့ပထမဆုံး လျှပ်စစ်ထရပ်ကား ဂျပန်ထုတ်လုပ်


ဂျပန်နိုင်ငံ Mitsubishi Fuso Truck and Bus ကုမ္ပဏီသည် eCanter ဆိုသည့် လျှပ်စစ်ထရပ်ကားများကို တီထွင်ကာ ဂျပန်နိုင်ငံတွင် အလုံးအရင်းနှင့် ထုတ်လုပ်လိုက်သောကြောင့် ကမ္ဘာ့ပထမဆုံး လျှပ်စစ်ထရပ်ကား ထုတ်လုပ်သည့် ကုမ္ပဏီအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း Japan Today သတင်းတွင် ဖော်ပြထားသည်။
တိုကျို၊ နိုဝင်ဘာ ၁၂ 

ဂျပန်နိုင်ငံ Mitsubishi Fuso Truck and Bus ကုမ္ပဏီသည် eCanter ဆိုသည့် လျှပ်စစ်ထရပ်ကားများကို တီထွင်ကာ ဂျပန်နိုင်ငံတွင် အလုံးအရင်းနှင့် ထုတ်လုပ်လိုက်သောကြောင့် ကမ္ဘာ့ပထမဆုံး လျှပ်စစ်ထရပ်ကား ထုတ်လုပ်သည့် ကုမ္ပဏီအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း Japan Today သတင်းတွင် ဖော်ပြထားသည်။ 

Mitsubishi Fuso ကုမ္ပဏီသည် ဂျာမနီနိုင်ငံ အခြေစိုက် Daimler AG အဖွဲ့နှင့်ပူးပေါင်းကာ လျှပ်စစ်ထရပ်ကားများကို တီထွင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။ 

eCanter လျှပ်စစ်ထရပ်ကားများသည် ယခင် Canter ထရပ်ကားများကို အခြေပြုကာ တည်ဆောက်ထားပြီး ကမ္ဘာ့ဈေးကွက်သို့ တစ်နှစ်လျှင် စင်းရေ တစ်သိန်း ထုတ်လုပ်ကာ ဖြန့်ချိသွားရန် ရည်စူးထားကြောင်း ကုမ္ပဏီ တာဝန်ရှိသူများက ပြောကြားသည်။ 

ယခုဈေးကွက်တင်မည့် လျှပ်စစ်ထရပ်ကားများအတွက် Li-ion (Lithium-ion) ဘက်ထရီများကို Mitsubishi Fuso ကုမ္ပဏီသည် Daimler အုပ်စုမှ ဇိမ်ခံကားများ ထုတ်လုပ်သည့် Mercedes-Benz ကုမ္ပဏီနှင့် ပူးတွဲကာ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ 

ယခု ထုတ်လုပ်ထားသည့် ဘက်ထရီက လျှပ်စစ် ထရပ်ကားများကို တစ်ကြိမ်အားသွင်းထားလျှင် ၆၂ ဒသမ ၁ မိုင်ခန့်အထိ ပြေးဆွဲနိုင်စေရန် အထောက်အကူပြုနိုင်ကြောင်း Japan Today တွင် ရေးသားထားသည်။

Mitsubishi Fuso ကုမ္ပဏီသည် ယခုအခါ 7-Eleven ဂျပန်ကုမ္ပဏီနှင့် Yamato ပို့ဆောင်ရေး ကုမ္ပဏီအတွက် ထရပ်ကား ၂၅ စီးကို ထုတ်လုပ်ပေးရန် အမှာ လက်ခံထားပြီး နိုဝင်ဘာ လမကုန်မီ ပြေးဆွဲနိုင်မည်ဖြစ်သည်။

ထရပ်ကား အစိတ်အပိုင်းများကို ဂျပန်နှင့် တူရကီတို့တွင် ထုတ်လုပ်ပြီး ၂၀၁၇ အတွင်းစင်းရေ ၁၅၀ ခန့် ထုတ်လုပ်သွားရန်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

လျှပ်စစ်ထရပ်ကားများသည် လေထု ညစ်ညမ်းစေမည့် မီးခိုးများထုတ်ခြင်း မရှိဘဲ၊ မောင်းသူများကို ဒီဇယ်ကား မောင်းရသလောက်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေကြောင်း၊ ထို့ပြင် ဒီဇယ်ကားများထက်လည်း ကုန်ကျစရိတ် သက်သာစေကြောင်း၊ ကီလိုမီတာ ၁၀ဝ၀ဝ ပြေးတိုင်း ယူရို ၁၀ဝ၀ ပိုပြီး သက်သာကြောင်း၊ ယခုလအတွင်း ဂျပန်နိုင်ငံတွင် လျှပ်စစ်ကားများကို စတိုးဆိုင် ၁၀ ခန့်တွင် စတင် အသုံးပြု ပြေးဆွဲမည်ဖြစ်ကြောင်း Mitsubishi Fuso က ဆိုသည်။

Mitsubishi Fuso ကုမ္ပဏီသည် eCanter လျှပ်စစ်ထရပ်ကားများကို ထုတ်လုပ်ပြီး ဈေးကွက်ကို ဦးစွာ သိမ်းပိုက် လိုက်ရုံမက၊ လျှပ်စစ် ထရပ်ကား အရွယ်အစားအမျိုးမျိုးကို အဖိုးနှုန်းချိုသာစွာ ရောင်းချနိုင်ရန် ပြင်ဆင်နေကြောင်း Japan Today တွင် ရေးသားထားသည်။

Comments

Popular posts from this blog

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လက်အရေပြားကို ကွာစေတ

သရုပ်ဆောင် မြတ်ကေသီအောင်၏ ခင်ပွန်းဟောင်း ဦးအောင်ဇော်လတ်မှ ရှင်းလင်း

သရုပ်ဆောင် မြတ်ကေသီအောင်၏ ခင်ပွန်းဟောင်း ဦးအောင်ဇော်လတ်မှ ရှင်းလင်း # Zawgyi Version ဖြင့် ဖတ်ပါ #  ကျွန်တော်နာမည် အောင်ဇော်လတ်ပါ ကျွန်တော်ယခု အမေရိကန်နိုင်ငံ နယူးယောက်မှာနေပါသည် ကျွန်တော်ယခုဒီpostကို မတင်ချင်ခဲ့ပါဘူး ဒါပေမယ့် ကျွန်တော်အခု ကျွန်တော်အသိုင်းအဝိုင်း ဆွေးမျိုးအပေါင်းသင်းကြားမှာ အရှက်တကွဲ စိတ်မကောင်းချင်းများစွာနှင့် ရင်ဆိုင်တွေ့ကြုံနေရသောကြောင့် ကျွန်တော် ဒီpostကိုတင်ရခြင်းဖြစ်ပါတယ် ဒါပေမယ့် ကျွန်တော်ရင်ထဲရှိတဲ့တိုင်း ပွင့်လင်းစွာပြောရရင်တော့ ဒီပြဿနာကို လွန်ခဲ့သော ဆယ်နှစ်ခန့်ကတည်း ကျွန်တော်ဒီပိုစ်ကိုတင်ခဲ့ချင်တာပါ ကျွန်တော် အောင်ဇော်လတ် နှင့် မသီတာမြင့်(ခ) သရုပ်ဆောင် မြတ်ကေသီအောင် သည် 2006 ခုနှစ်မှာ လူသိရှင်ကြား တရားဝင်လက်ထပ်ခဲ့ကြပါသည်  ကျွန်တော်တို့လက်ထပ်ပြီးမကြာခင်မှာပဲ ကျွန်တော်အမေရိကကို ပြန်လာခဲ့တယ် ကျွန်တော်အမေရိပြန်ရောက်နေစဉ် မြတ်ကေသီအောင်သည် ရုပ်ရှင်ထုပ်  လုပ်ရေးပိုင်ရှင် ဇော်မျိုးအောင်နှင့် အိမ်ထောင်ရေးဖောက်ပြန်နေတာကို ကျွန်တော်သိခဲ့ရတယ် ကျွန်တော်ရဲ့မိဘအသိုင်းအဝိုင်း သူငယ်ချင်းများကလည်း  ကျွန်တော့်ကိုဒီအကြောင်းကိုထပ်ခါထပ်ခါပြောခဲ့ကျတယ်  ဒါပေမယ့်ကျွန်တော်မယုံ

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂.၇၂မိုင်  တကယ်တမ်းတွက်ရရင် ၁ယူဇနာမှာ ၁၂.၇၂မိုင် (၁၃မိုင်) ရှိပါတယ်။ ဒါပေမယ့် တချ