Skip to main content

ကလေး(၄)ဦး၏ဖခင်ဖြစ်လာကြောင်း ကြေညာလိုက်တဲ့ စီရော်နယ်လ်ဒို

ကလေး(၄)ဦး၏ဖခင်ဖြစ်လာကြောင်း ကြေညာလိုက်တဲ့ စီရော်နယ်လ်ဒို
ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်လ်ဒို က ၎င်း၏ချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်မှာ ပြီးခဲ့သည့်တနင်္ဂနွေနေ့က သမီးမိန်းကလေး ဖွားမြင်ခဲ့ပြီး ၎င်းမှာ ကလေး(၄)ဦး၏ဖခင်ဖြစ်လာခဲ့ကြောင်း ကြေညာခဲ့သည်။ 

” အယ်လာနာမာတီနာကို မွေးဖွားခဲ့ပြီ။ ဂျီယိုကော အယ်လာနာပါ အကြီးမြတ်ဆုံးအလုပ်ကို လုပ်ဆောင်ခဲ့တာပါ။ ကျွန်တော်တို့အားလုံးလည်း ပျော်နေပါတယ်” ဟု စီရော်နယ်လ်ဒိုက Twitter တွင် ရေးသားခဲ့သည်။ 

စီရော်နယ်လ်ဒိုသည် လက်ရှိတွင် (၇)နှစ်အရွယ်ရှိသားဖြစ်သူ ခရစ္စတီယာနိုဂျူနီယာ၊ ပြီးခဲ့သည့်ဇွန်လက မွေးဖွားခဲ့သည့် အမြွာသမီးနှင့်သားများဖြစ်သည့် အီဗာနှင့် မတ်တီယိုအပြင် ယခု သမီးမိန်းကလေးတစ်ဦးကို ထပ်မံပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

ကည့်ကောင်းပြီး အုံထူတဲ့ ဆံပင်လေးလိုဖြစ်နေစေဖို့

ကည့်ကောင်းပြီး အုံထူတဲ့ ဆံပင်လေးလိုဖြစ်နေစေဖို့ မိန်းကလေးတွေ စိတ်အညစ်ရဆုံး အလှအပဆိုင်ရာ ပြဿနာတစ်ခုထဲမှာ ဆံပင်ပါးခြင်းဟာလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဆံပင်က ပါးနေတော့ စိတ်ကြိုက်လည်း ပုံဖော်လို့မရ။ တစ်ခါတစ်လေ ခေါင်းမှာ အရမ်းကပ်သလို ဖြစ်နေရင်လည်းကြည့်မကောင်းဖြစ်နေတတ်ပါတယ်။ ဆံပင်ပါးတာကိုတော့ ဘယ်မိန်းကလေးမှာ လိုချင်မှာ မဟုတ်ပါဘူး။ အရမ်းမထူနေရင်တောင် အတန်အသင့်အုံရှိတဲ့ ဆံပင်မျိုးတော့ မိန်းကလေးတိုင်း လိုချင်မိကြပါတယ်။ သဘာဝအတိုင်းပါးနေတာပဲ ဘာမှလုပ်လို့ ရမှာမဟုတ်ဘူးလို့ သင်တွေးနေတယ်ဆိုရင်တော့ သင့်ရဲ့ယူဆချက်မှားပါတယ်။ ပါးနေတဲ့ဆံပင်  ကနေ မွေးရာပါအုံထူတဲ့သူတွေလောက်တော့ သင်ပြောင်းလဲယူလို့ မရပေမယ့် သင့်ရဲ့လက်ရှိပါးနေတဲ့ ဆံပင်အုံထက်ပိုပြီး  ကြည့်ကောင်းအောင်တော့ သေချာပေါက်လုပ်လို့ရပါတယ်.............  ၁ ။ ဆံကေသာကို အမြဲသန့်ရှင်းအောင်ထားပါ။  ပြင်ပလေထုထဲက အညစ်အကြေးတွေကြောင့် ဆံပင်ဟာလည်း ညစ်ပေလွယ်တတ်ပါတယ်။ ရာသီဥတုပူတဲ့အချိန်မှာဆို  ချွေးတွေနဲ့ ပိုပြီး ညစ်ပေလွယ်တတ်ပါတယ်။ ဆံပင်ကထွက်တဲ့အဆီနဲ့ပတ်ဝန်းကျင်က အညစ်အကြေးတွေပေါင်းစပ်သွား  တဲ့အခါ ဆံပင်ကို အိကျလာစေပါတယ်။ အစတည်းက ဆံပင...