Skip to main content

ချစ်သူနဲ့အတူ ညစာစားဖို့ချိန်းတာထက် ပိုပြီးပျော်စရာကောင်းတဲ့ချိန်းတွေ့မှု (၄) မျိုး

ချစ်သူနဲ့အတူ ညစာစားဖို့ချိန်းတာထက် ပိုပြီးပျော်စရာကောင်းတဲ့ချိန်းတွေ့မှု (၄) မျိုး
အချင်းချင်း အပြန်အလှန် နားလည်နိုင်ဖို့ ဝါသနာတွေကို မျှဝေလုပ်ဆောင်ကြည့်တာလည်း မဆိုးလှပါဘူး။ 

လုပ်ငန်းခွင်ထဲကို ရောက်နေပြီးတဲ့ အမျိုးသားတစ်ယောက်အနေနဲ့ ကိုယ့်ချစ်သူလေးကို အချိန်အများကြီးပေးဖို့ရာ မလွယ်လှပါဘူး။ များသောအားဖြင့်တော့ ညနေဘက်တွေပဲ ဆုံဖြစ်ပြီး ညစာစား စကားပြော အိမ်ပြန်လိုက်ပို့ပေးရုံလောက်ပဲ အချိန်ရပါတယ်။ ဒီလိုဆိုရင်တော့ ချစ်သူလေးက ကြာလာရင် ငြီးငွေ့လာမှာ။ ပါးစပ်က ထုတ်မပြောရင်တောင်မှ သူမကို အချိန်မပေးတဲ့အပေါ် စိတ်မကောင်းဖြစ်နေပါလိမ့်မယ်။ ညစာစားရုံမဟုတ်ဘဲ တခြားချိန်းဆိုတွေ့ဆုံမှုတွေ ပြုလုပ်ပါဦး။ 

၁။ စကိတ်စီး 

တကယ်တမ်းကျရင် စကိတ်စီးတာက သင်ရလွယ်ပါတယ်။ စကိတ်စီးလို့ရတဲ့ နေရာတွေလည်း ရှိလာပြီဆိုတော့ စိတ်ဖိစီးမှုတွေ ပျောက်သွားအောင် အတူတူ စကိတ်စီးသင်ကြည့်ပါလား။ 

၂။ အိမ်မှာပဲချက်ပြုတ်စား 

စားသောက်ဆိုင်မှာ သွားစားတာကတော့ လွယ်တာပေါ့။ နှစ်ယောက်အတူ ချက်ပြုတ်ပြင်ဆင်ပြီး စကားလေးပြော၊ ဇာတ်ကားလေးကြည့်ကာ ညစာစားရတာကလည်း ကြည်နူးဖို့ကောင်းပါတယ်။ 

၃။ ဝါသနာတွေမျှဝေ 

တစ်ယောက်က ဂိမ်းဆော့တာ ဝါသနာပါတယ်၊ ကျန်တစ်ယောက်က ရုပ်ရှင်ကြည့်တာ ဝါသနာပါတယ်။ ဒီလိုဆိုရင် နှစ်ယောက်လုံးက အချင်းချင်း အပြန်အလှန် နားလည်နိုင်ဖို့ ဝါသနာတွေကို မျှဝေလုပ်ဆောင်ကြည့်တာလည်း မဆိုးလှပါဘူး။ 

၎။ ကြိုမပြောထားတဲ့ခရီးတို 

နေ့ချင်းပြန် ခရီးတိုတွေက သောကြာည သို့မဟုတ် စနေညမှာထွက်ပြီး နောက်တစ်နေ့ ညနေမှာ ပြန်ရောက်ပါတယ်။ နောက်ရက်မှာ အလုပ်လုပ်စရာမရှိဘူးဆိုရင်တော့ သူမကို ကြိုမပြောဘဲ ခေါ်သွားလိုက်ပါ။ ပတ်ဝန်းကျင်အသစ်မှာဆိုတော့ စိတ်တွေလန်းဆန်းလာပြီး တစ်ယောက်နဲ့တစ်ယောက် ပိုမိုဖေးမ ယုံကြည်လာနိုင်ပါတယ်။ 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...